[စကားအသုံးအနှုန်း ကြမ်းတမ်းနိုင်ပါသည်.. အဆင်ပြေမှ ဆက်ဖတ်ပါဗျ🚨]
"ဟိုဘက်လမ်းက စွာတေး"
"ဘာ! မင်း မင်း!"
အဖေ လက်သီးနဲ့ ရွယ်လိုက်ပေမဲ့ အဖေ့လက်သီးက မြတ်မိုးနိုင် ရဲ့ ပါးပြင်ထက်ကို ကျ မလာခဲ့..။
အောင်စည်နိုင် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အဖေ ရွယ်ထားတဲ့ လက်ကို အမေက လက်နှစ်ဖက်ဖြင့် အတင်းဆွဲထားသည်..။ပါးစပ်ကလည်း အော်ဟစ် ငိုယိုလျက်..။
"ကိုအောင်ရယ် မလုပ်ပါနဲ့တော့! စိတ်ကစားတာ နေမှာပါ သားကငယ်သေးတယ် နော် နော် ကိုအောင် နော် "
"ငယ်သေးတယ်ဆိုပြီး ခွေးဇာတ်ခင်းတာ မင်းခွင့်ပြုမှာလား သွယ်! ဟိုဘက်လမ်းက ဖင်လိုးဖင်ခံ အခြောက်မကို ကြိုက်တယ်တဲ့ လူကြားလို့မှ ကောင်းသေးရဲ့လား!"
"အဖေ ! စကားတွေမလွန်လာနဲ့နော် !စွာတေးက ယောကျ်ားတကာနဲ့ ဖြစ်ပျက်နေတဲ့ မိန်းမလျာ မဟုတ်ဘူး မိန်းမလျာတိုင်းကလည်း အဖေတို့ မြင်နေသလို တွေမဟုတ်ဘူးဗျ!"
"အဲဒီအခြောက်ကောင်တွေက ဖင်လိုးဖင်ခံတာ မဟုတ်လို့ ဘာလဲ! ယောကျ်ားဖြစ်ပြီး မိန်းမလိုဝတ် မိန်းမလိုနေ နေတာ! ယောကျ်ားတကာ လီးသရမ်းချင်အောင် ဖင်လှုပ်ပြီး လျှောက်ပြကြတဲ့ ကောင်စားတွေကွ ! မင်းလည်း အဲဒီလို အောက်တန်းစားထဲဝင်ချင်နေတာလား!ဟမ်!"
"အဖေ!!!!!"
အောင်စည်နိုင် ဒေါသထွက်လွန်း၍ အသံပြာလာတဲ့အထိ အော်ချပစ်လိုက်သည်..။စွာတေးလို လူမျိုးကို အဖေ ဒီလို မိုက်မိုက်ရိုင်းရိုင်းပြောစရာ အကြောင်းမရှိ..။
အဖေ့စကားတို့ကို ပြန်ချေပချင်ပေမဲ့ အသံထွက်မလာနိုင်တော့တဲ့အထိ လူက ဒေါသထွက်ကာ တုန်ရီနေသည်..။
သို့သော် အောင်စည်နိုင် အဖေ့မျက်နှာ စေ့စေ့ကြည့်ရင်း လက်သီးဆုပ်လိုက်ကာ အသံကို ရအောင် ညှစ်ထုတ်ပြောတော့သည်..။ အဖေသိအောင် ပြောမှဖြစ်မည့် စကားများက ရှိသေးသည်လေ..။ မပြောလို့မဖြစ်..။