One Shot

3.2K 210 10
                                    

One shot (gl)
"ခေါင်းတွေကိုက်လိုက်တာနော် မနေ့ညနက်တဲ့အထိစာရေးလို့ထင်ပါရဲ့"တစ်ယောက်တည်းညည်းညူနေမိပါသည်။
မြနာမည်ကမြစိမ်းခိုင်ပါ။မြကWattpadမှာစာရေးသူအဖြစ်လုပ်ကိုင်နေသူပါ။ဒါအပြင်ကိုယ်ပိုင်ပန်းဆိုင်လေးကလည်းရှိတော့မြရဲ့၀င်ငွေကကောင်းသည်ဟုဆိုရပေမည်။
"ဒေါက်…ဒေါက်သမီးမြရေ"
"ရှင် တီလေးလာပြီ"စောင်ပုံထဲမှအတင်းကုန်းရုန်းထလိုက်ပါသည်။တံခါးဖွင့်လိုက်သည်နှင့်
"ထပြီလား"
"ဟုတ်"
"Panda eye ဖြစ်နေပြန်ပြီညနက်ထိစာရေးပြန်ပြီလား"
"ဟီး…မြ တီလေးကိုဘယ်တော့ကမှမညာဘူးနော်"
"အဲ့တာဆိုဟုတ်တယ်ပေါ့"
"ဟုတ်"
"ကဲ…ထားပါတော့အခုရေမိုးချိုး‌အိပ်ယာသိမ်းပြီးလာခဲ့နော်"
"ဟုတ်"တီလေးဆော်ဩလိုက်သည်နှင့်ရေချိုးရန်သည့်လုပ်ငန်းကိုစလိုက်တော့သည်။တီလေးနာမည်ကတော့ဒေါ်လှလွန်းပါ။တီလေးကမာမီ့ညီမပါ။
မာမီက‌တော့မြအသက်၁၆နှစ်ကတည်းကဆုံးသွားပါသည်။ဒယ်ဒီက America မှာပါ။စီးပွားရေးလုပ်ငန်းရှင်ကြီးပေါ့။ဒယ်ဒီကသူနှင့်အတူလာနေဟုဆိုသော်လည်းမြကခေါင်းမာသည့်အတွက်မြအတွက်တာ၀န်များသည်တီလေးခေါင်းပေါ်သာအကုန်ကျလာတော့သည်။တီလေးကအထည်ဆိုင်ဖွင့်ထားသည့်အပြင်အိမ်တာ၀န်များပါအားရင်အားသလိုယူထားသည်။ဒေါ်ကြီးတင်ရှိ၍တော်ပါသေး၏။ဒေါ်ကြီးတင်ဆိုသည်မှာမြတို့အိမ်၏အကူပါ။"မြရေမပြီးသေးဘူးလားဟေ့"အောက်ထပ်မှတီလေးကခေါ်နေပြီဖြစ်၍ရေချိုးခြင်းကိစ္စအားလက်စသတ်ကာအ၀တ်အမြန်လဲ၍ဆင်းလာခဲ့သည်။ရေချိုးလိုက်သဖြင့်ခေါင်းကိုက်တာတောင်ပျောရေချိုးလိုက်သဖြင့်ခေါင်းကိုက်တာတောင်ပျောက်ချင်သလိုပင်…
"လာ…သမီး မုန့်ဟင်းခါးအေးကုန်မယ်"
"ကြီးတင်၀ယ်ထားတာလား"
"အလှ၀ယ်ထားတာသမီးမြရဲ့"
"တီလေးကိုအဲတာတွေကြောင့်ချစ်နေရတာတီလေးဘဲမြအကြိုက်သိတယ်"
"တော်ပါအခုမှလာပြီးမျက်နှာချိုသွေးမနေနဲ့"တီလေးကလည်း…"ဟုနှုတ်ခမ်းဆူနေသောမြအား
"ဆူပုတ်မနေနဲ့စား"
"သမီးကိုမေးစရာရှိတယ်"
"မေးလေ တီလေးရဲ့"
"ဒီနေ့ဘာplanရှိလဲဟင်"
"ထွေထွေထူးထူးမရှိပါဘူး ဘာလို့လဲ"
"တီလေးနဲ့အဖော်လိုက်စေချင်လို့"
"မိတ်ဆုံစားပွဲလား"
"ဆိုပါတော့ သူငယ်ချင်းတွေပါဘဲ အဲ့တာလေ"
"အော်…ဟုတ် လိုက်ပို့ပေးမယ်လေ"
"၉နာရီချိန်းထားတာသမီးရဲ့"
"သမီးကဆက်ပြီးမစားရတော့ဘူးလားဟင်"
"အမလေး စားပါရှင်"
"မသိဘူးလေ တီလေးက"
"တော်ပါတော့မိကျောင်းမသမီးရယ် စားစကာရှိတာသွက်သွက်လပ်လပ်စား"
"ဟဲ…ဟဲ"
"တီလေးအ၀တ်သွားလဲနှင့်မယ်နော်"
"ဟုတ်"မြလည်းသွက်သွက်လက်လက်စားကာအပေါ်ထပ်သို့အ၀တ်တက်လဲလိုက်ပါသည်။ဗီရိုထဲမှနီညိုရောင်၀မ်းဆက်လေးအားထုတ်၀တ်လိုက်ပြီးဆံနွယ်ရှည်တို့ကိုတစ်ချောင်းတည်းကျစ်လိုက်‌ကာmakeupပါးပါးလေးလူးကာနှုတ်ခမ်းနီအား Korea Style ဆိုးလိုက်ကာအလှပြင်ခြင်းအလုပ်ပြ‌ီးဆုံးသွားပါပြီ။အဖြူရောင်လက်ကိုင်အိတ်ကိုကိုင်ပြီးအောက်ထပ်သို့ဆင်းလာလိုက်ပါသည်။တီလေးကိုအော်ခေါ်မည့်အလုပ်တွင်တီလေးကပင်အောက်ထပ်သို့ရောက်နှင့်ပြီးဖြစ်သည့်အတွက်ပါးစပ်ကိုအမြန်ဘရိတ်အုပ်လိုက်ရပါသည်။တီလေးက‌ကျောက်စိမ်းရောင်၀မ်းဆက်နှင့်ဆံထုံးထုံးထားကာသဖြင့်တည်ငြိမ်လှသောအလှပင်"တီလေးသိပ်လှနေတာဘဲ"
"ရှင့်ကိုမမှီပါဘူးရှင်"
"အမှန်တရားကိုလက်ခံတတ်သားဘဲ"
"ဒီလေးမ ပြောင်စပ်စပ်နဲ့ လာ သွားမယ်"တီလေးကပင်ဆက်၍
"ကြီးတင်ရေ အလှတို့သွားမယ်နော် အိမ်တံခါးသေချာပိတ်ထားနော်"
"‌အေးပါအလှရေ စိတ်ချနော်"
"ဟုတ်…အလှတို့သွားပြီ လာသမီးသွားစို့"
ကားပေါ်ရောက်သော်
"မမလေးရေ ဘယ်မောင်းရမလဲဟင်"
"ဟယ်ဒီကလေးမ…"ဟုဆိုပြီးခေါင်းခေါက်ခြင်းခံလိုက်ရသည်။
"ဟဲ…ဟဲ ပြောတီလေး မြဘယ်မောင်းရမလဲဟင်"
"မေတ္တာချက်စားသောက်ဆိုင်တဲ့ သိလား"
"နာမည်ကတော့ရှယ်ဘဲ တစ်ခါမှမကြားဖူးဘူး"
"ဟယ် အဲ့ဒါဆို"
"GPSထောက်လိုက်မယ် အေးဆေး"ဟုဆိုရင်းအတန်အနည်းငယ်ကြာသော်မေတ္တာချက်စားသောက်ဆိုင်ဟုရွှေရောင်ဆိုင်းဘုတ်ကြီးအားတွေ့ရပါသည်။ထို့ထဲသို့၀င်၍ကားရပ်လိုက်ကာကောင်တာဆီသို့ဦးတည်လာခဲ့သည်။ဒေါ်စန္ဒာကြည်ဟုတီလေးကဆိုသော်အမျိုးသမီးလေးက‌ေ‌ရှ့ဆုံးကဘန်ဂလိုဆီသို့လမ်းညွန်လိုက်သည်။ဤနှင့်တူအရီးနှစ်ယောက်ဘန်ဂလိုနားရောက်ခါနီး"ဟေ့အလှ"ဟူသောအသံချိုချိုလေးအားကြားလိုက်ရသည်။
"ဟယ် အကြည် မတွေ့ရ‌တာတောင်ကြာပါကွယ်လှလာလိုက်တာ"မြကြည့်လိုက်သောအခါထိုအသံရှင်သည်မျက်စိအေးဆေးသောအလှဖြင့်အတော်ပင်လှသည်။သူမသည်မြရဲ့စိတ်ကိုလွှမ်းနိုင်စွမ်းအပြည့်ပင်။ရင်တွေအရမ်းခုံနေမိပါသည်။အဲ့ဒါအချစ်လား…မြတော့မြ နှလုံးသားရဲ့အရှင်သခင်ကိုတွေ့ပြီထင်ပါရဲ့
"ယူ့ကိုမမှီပါဘူးကွယ် ယူ့နားရောက်ရင်တို့ကအရောင်မှိန်သွားတယ်ကွ"
"Charging မသွင်းထားလို့နေမယ်"
"ဟား..ဟား မင်းကတော့အရင်အတိုင်းဘဲကွာ သူလေးက"မြကိုသတိထားမိလို့တော်ပါသေးသည်။"သူလေးကမြစိမ်းလေကွာ"
"မြစိမ်းလေးတောင်တော်တော်ကြီးလာပြီဘဲ လှလာလိုက်တာ"
"အန်တီနဲ့ယှဉ်ရင်Charging မသွင်းရသေးတဲ့လူလိုပါ"
"ဒီတူအရီးနှစ်ယောက်ကိုVVIPအခန်းပို့ပေးရမယ်နဲ့တူတယ်"
"စိတ်မဆိုးတတ်ဘူးကွာ"ထိုအချိန်
"လှလွန်းနဲ့ကြည်ရေ တိုက်ရှေ့မှာရပ်နေတော့မှာလားကွယ်"ဟုတိုက်ထဲမှအမျိုးသမီးတစ်ယောက်ကခေါ်သဖြင့်"ဟုတ်သားဘဲ အလှကိုတွေ့တာ၀မ်းသာလုံးဆို့ပြီးမေ့နေတာ လာ၀င်ရအောင် သမီးစိမ်းလာ"ဟုဆိုပြီးမြရဲ့ပုံခုံးအားဖတ်လိုက်လေသည်။ရင်ထဲမှာမီးရထားတစ်စင်းလုံးဖြတ်သွားသလိုပါဘဲလား။ငါဘာလို့အဲ့လောက်ရင်ခုန်နေရတာပါလိမ့်။
အထဲရောက်သည်နှင့်အန်တီကြည်က
"Attention Please အခုလို တို့ဖိတ်တဲ့ဆီကိုလာကြလို့အားလုံးကိုကျေးဇူးပါနော် လူစုံပြီဆိုတော့တည်ခင်းထားတဲ့စားသောက်ဖွယ်ရာများကိုသုံးဆောင်နိုင်ပါပြီနော်"ထိုစဉ် အမျိုးသမီးတစ်ယောက်ကထပြီး
"ကဲ…မွေးတဲ့အတွက်အကြည့်ကိုအားလုံးကိုယ်စားကျေးဇူးပါလို့ပြောချင်ပါတယ် အကြည်တစ်ယောက်လည်းအခုလိုကျွေးရတဲ့အကျိုးကျေးဇူးကြောင့်အမြန်စွံပြီး ထီပေါက် နိဗ္ဗာန်ရောက်ပါစေလို့"ထိုဆုတောင်းသည်အားလုံးအားပွဲကျစေပါသည်။ထိုအခါအန်တီကြည်က"တော်ပါမေရယ် ထီပေါက်ပြီးနိဗ္ဗာန်တော့ရောက်ချင်ပါရဲ့ စွံဖို့ကတော့မျက်စိဘဲရှိတယ်ကွယ်"ဤစကားကြောင့်အားလုံးရယ်ကြပြန်သည်။
မေဆိုသည့်အမျိုးသမီးက"ဟေ့…အလှရေ သူလေးက"ဟုတီလေးကိုမေးပါသည်။
"ယူတို့ကလည်းကွာ ဒါမြစိမ်းလေးလေ"
"ဟယ်…တော်တော်ကြီးလာပြီဘဲ လှလာလိုက်တာ ကျောင်းပြီးပြီလားကွယ် ဘာအလုပ်လုပ်နေလဲ"
"ဟုတ် ကွန်ပျူတာသိပ္ပံဘွဲ့ရထားပါပြီ အလုပ်ကဝောာ့ မြ Flower shop ကမြရဲ့ဆိုင်ပါ"
"အော်သိပြီ အဲ့ဆိုင်ကခုလတ်တလောသိပ်popularဖြစ်နေတာ တစ်ခေါက်တော့လာအုံးမယ်ကွယ်"
"Welcomeပါအန်တီ"ဟုမြပြန်ဖြေလိုက်သည်။မတွေ့ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းများပြန်တွေ့လို့လားမသိပါ။ စကားတွေဖောင်ဖွဲ့ပြီးပြောနေကြသည်မှာမမမောနိုင်ပေ။မြ အသက်ရှူကျပ်သလိုဖြစ်လာသည်မို့တီလေးအားခွင့်တောင်းပြီးဘန်ဂလိုအပြင်သို့ထွက်လာခဲ့ပါသည်။အန်တီကြည်၏ဆိုဟုတီလေးကပြောထားသဖြင့်အန်တီကြည်အားစိတ်ထဲမှချီးကျူးရပါသည်။ဘန်ဂလိုဘေးတွင်ပန်းပင်လေးများစိုက်ထားသဖြင့်ထိုအနားသို့သွားကာအတန်ကြာရပ်နေမိသည်။"စိမ်း…သမီး"ကိုယ့်အာရုံနှင့်ကိုယ်မို့လန့်သွားရပါသည်။"အမေ့…"
"ဟယ်…လန့်သွားတာလား"
"ဟဲ...နည်းနည်း"
"အန်တီ့နာမည်ကစန္ဒာကြည်ပါကွယ်"
"မြနာမည်က မြစိမ်းခိုင်ပါ"
"ဒါနဲ့လေသမီး lesbian ficတွေရေးလားဟင်"
"ဟင်…သိတယ်"
"ဒီနာမည်လေးကိုကြားဖူးတာကြာပြီ အန်တီ့တူမကသမီးရဲ့fanကွဲ့ သမီးရေးတဲ့စာအကြောင်း သမီးကြောင်းပြောရမယ်ဆိုထမင်းမေ့ဟင်းမေ့ဘဲ"
"ဟီး…"
"ဘာလို့ရယ်တာလဲဟင်"
"ပျော်လို့ပါ…ဒါနဲ့အန်တီကရော gl to glကိုဘယ်လိုမြင်လဲဟင် အဲ့တာကိုရောလက်ခံလား"
"ဘယ်လိုမြင်လဲဆိုတော့ ချစ်ကြတဲ့သူနှစ်ယောက်လို့ဘဲမြင်တယ် လက်ခံလားဆိုရင်တော့ လက်ခ‌ံပါတယ် ဘိုးတော်ဘုရားလေးဘက်ကုန်းခေတ်မှမဟုတ်တာ"
"အန်တီလိုအတွေးမျိုးလူတိုင်းမှာရှိရင်သိပ်ကောင်းမှာဘဲ"
"ဒါပေါ့ boy girl ဆိုပြီးအမြင်တွေမထားဘဲ အချစ်ကိုအချစ်လို့ဘဲမြင်ရင်အရာအားလုံးကအဆင်ပြေသွားမှာပါ"
"ဒါပေါ့အန်တီရယ်"
"ကဲ…ထွက်သွားတာကြာလို့လိုက်ကြည့်တာ လာခေါ်တဲ့သူပါကြာနေပြီ လာ၀င်ရအောင်"
"ဟုတ်အန်တီ"ဤသည်နှင့်အထဲ‌သို့၀င်ခာကြသည်။စကားတွေတပြောပြောနှင့်၂နာရီခန့်အကြာလူစုခွဲကြလေသည်။မပြန်ခင်အန်တီက
"အလှနဲ့မဟုတ်လည်းလာလည်နော်"ဟုပြောသဖြင့်ရင်ထဲပန်းတွေပွင့်ရပြန်ပါသည်။ထိုနှင့်မြတို့တူအရီးနှစ်ယောက်အိမ်သို့ပြန်လာခဲ့သည်။အိမ်သို့ပြန်ရောက်သော်အ၀တ်အစားလဲရန်လူခွဲလိုက်ကြသည်။မြမနေနိုင်တော့ပါရင်ဖွင့်ဖို့လူလိုနေပါပြီ။
ထိုကြောင့်တီလေးအခန်းတံခါးကိုခေါက်ကာ"တီလေး"
"၀င်ခဲ့သမီး lock မချထားဘူး"
"ဟုတ်"
"ဘာပြောစရာရှိလို့လဲကွယ်"
"တီလေး ချစ်ဖူးလားဟင်"
"ဆိုင်းမဆင့်ဗုံမဆင့် ဒီအရွယ်မှအမြှီးမပေါက်ရင်မျောက်ဖင်နီဖြစ်တော့မပေါ့"
"အချစ်ဆိုတာဘာလဲဟင်"
"တီလေးသိတဲ့အချစ်ကတော့ သူ့ကိုတွေ့ရင်ပျော်တယ် သူနဲ့စကားပြောရရင်ပျော်တယ် သူကိုမတွေ့ရမမြင်ရရင် ရင်ထဲမှာဟာတာတာကြီးသူ့ကိုတွေ့ချင်တာအရမ်း မဟုတ်မှလွဲရောငါ့သမီးတစ်ယောက်ယောက်ချစ်မိသွားပြီထင်ပါရဲဘ မနက်ကမှပြောနေတုန်းရှိသေး"
"အကယ်၍သမီးကမိန်းမချင်းစိတ်၀င်စားတယ်ဆိုရင်ရော"
"လူတိုင်းကကိုယ့်သမိုင်းကိုယ်ရေးကြရတာဘဲသမီး လေးကတော့သမီးကတကယ်ချစ်ရင်အမြဲသဘောတူပြီးသား ဧကန်နသမီးချစ်တဲ့သူကအကြည်တော့မဟုတ်လောက်ပါဘူးနော်"
"တီလေးဘယ်လိုသိလဲဟင်"
"တီလေးကသမီးကိုငယ်ငယ်ကတည်းကထိန်းလာတာပါကွယ် အကြည်နဲ့စကားပြောရင်သမီးမျက်၀န်းတွေတောက်ပသွားတယ် သမီးအကြည့်ကိုကြည့်တဲ့အကြည့်တွေမှာအဓိပ္ပာယ်အများကြီးတွေ့ရတယ်"
"အန်တီကြည်ကဘယ်လိုလူမျိုးလဲဟင်"
"အကြည်ကထက်‌တယ် တော်တယ် သူများနဲ့မတူတဲ့အတွေးတွေရှိတယ်"
"သမီးကိုချစ်နိုင်ပါ့မလားဟင်"
"ကြိုးစားရမှာပေါ့"
"အားအများကြီးဖြစ်ရပါတယ်တီလေးရယ် ဖုန်းနံပါတ်လေးပေးလို့ရမလားဟင်"
"ရတာပေါ့ အချစ်ဆုံးသူငယ်ချင်းနဲ့အချစ်ဆုံးတူမဆိုတော့လည်း 09xxxxxxxxx"
"Thanks တီလေး Love you "
"Love you too"
"Bye Good night Sweet Dream"
"Bye Sweet Heart"တီလေးကိုရင်ဖွင့်ရာအဖြစ်ရွေးချယ်မိသည်မှာမှန်သည်ဟုမြထင်မိပါသည်။အခန်းထဲရောက်သည်နှင့်ဖုန်းဆက်ရမလားမဆက်ရဘူးလားတွေးနေမိပါသည်။
"တီ…တီ"ဖုန်း၀င်သွားသလိုရင်ခုန်သံများလည်းမြန်ရပါသည်။
"ဟယ်လို"အသံချိုချိုလေးကိုကြားရပြန်သည်။"ဟယ်လိုအန်တီ…မြပါ"
"ဟယ်…ဘယ်လိုကနေဖုန်းနံပါတ်ရတာလဲ"
"ပိုင်ရှင်ကမှမပေးတာဒီကတွေ့ချင်တော့စုံစမ်းရတာပေါ့"
"အမလေး ဆရာမကြီးရယ်မှားပါတယ် မနက်ဖြန်coffeeတိုက်မယ်ဆိုရင်ရော"
"စိတ်မဆိုးပါဘူးအန်တီရဲ့"
"အဲ့ဒါဆို‌မသောက်ဘူးပေါ့"
"ဟာ…အန်တီကလည်းသောက်မှာ"သူမနဲ့စကားပြောရရင်မြပျော်ပါသည်။နှလုံးသားရဲ့ဘုရင်မကြီးကိုမြရှာတွေ့ခဲ့ပါပြီ။
စကားများသည်ဦးတည်ရာမရှိပေမဲ့ပြောစရာများများလွန်းသည်။ဤနှင့်ညနက်လာသဖြင့်
"ကဲ…သမီးစိမ်းအိပ်တော့ကွယ်"
"ဟုတ်အန်တီ အိမ်မက်လှလှလေးထဲမှာမြနဲ့အတူတွေ့ပါစေ"
"သမီးလည်းအတူတူပါဘဲ ဒါဘဲနော်"ဟုဆိုပြီးဖုန်းချသွားလေသည်။မြတစ်ယောက်အိပ်ယာထဲလူးလိမ့်နေမိသည်။ပျော်လွန်းလို့ထကချင်စိတ်တဖွားဖွား
တစ်ညတာကုန်ဆုံးသွားပြီးမြတို့coffee date ခဲ့ကြသည်။ကောင်းသောစကားများသာ‌ေပြာခဲ့ပါကြသည်။အန်တီနဲ့တွေ့တဲ့အချိန်တိုင်းမြပျော်နေရသည်မို့မကြာခဏသွားတွေ့ပါသည်။အန်တီကလည်းလက်ခံသည်။မေခအန်တီ့ကို100%ချစ်မိသွားသည်မှာမငြင်းသာပေ။မြချစ်ခြင်းတွေကိုထုတ်ပြချင်သည်။မြအန်တီကိုပိုင်ဆိုင်ချင်သည်။အတ္တကြီးသလိုဖြစ်သွားပေမဲ့မြအန်တီ့ကိုချစ်ခြင်းကြောင့်ဖြစ်ပေါ်ပေမဲ့မြအန်တီ့ကိုချစ်ခြင်းကြောင့်ဖြစ်ပေါ်လာသောစိတ်ဖြစ်သည်။ဖေဖော်ဝါရီလ၁ရက်နေ့…
မြဒီနေ့အန်တီ့ကိုဖွင့်ပြောမည်ဟုစဉ်းစားထားသည်။ထို့ကြောင့်အန်တီ့ဆီဖုန်းခေါ်ကာ…
"ဟယ်လို အန်တီ"
"ပြော သမီးစိမ်း"
"တွေ့နေကျဆိုင်ကိုလာခဲ့ပါလားဟင်"
"အရေးကြီးလို့လားကွယ်"
"ဟုတ်"
"ဟုတ်ပြီအန်တီထွက်လာခဲ့မယ်"အန်တီဘက်ကလာမည်ဆိုသည်နှင့်မြလည်းတီလေးကိုအကျိုးအကြောင်းပြောပြကာထွက်လာခဲ့သည်။တီလေးက"Good luck"တဲ့။‌မြကံကောင်းချင်ပါသည်။coffeeဆိုင်သို့ကောက်သော်အန်တီမရောက်လာသေးပါ။မြcoffeeမှာကာစောင့်နေလိုက်ပါသည်။ဟော…အန်တီရောက်လာပါသည်။အနီရောင်၀မ်းဆက်၀တ်ဆင်ထား‌သောအန်တီသည်သိပ်လှနေပါသည်။
"နည်းနည်းနောက်ကျသွားတယ်ကွယ်"
"ရပါတယ် ဒီမှာအန်တီ့အတွက်"ဟုဘူးလေးထိုးပေးလိုက်သည်။
"ဘာလဲဟင်…"
"သိချင်ရင်ဖွင့်ကြည့်ပေါ့အန်တီရဲ့"
"ဟုတ်ကဲ့ပါဆရာမကြီးရှင့်"ပြောပြောဆိုဆိုနှင့်ဖွင့်ကြည့်ကာ"ဟင်…ချိတ်နှစ်ချောင်း ဘာအဓိပ္ပာယ်လဲဟင်"သိချင်စိတ်ပြင်းပြနေသောမျက်၀န်းများဖြင့်မြအားမေးလေသည်။"ဘူးထဲမှာပါတဲ့ချိတ်ထားတဲ့ချိတ်လေးနှစ်ချောင်းလိုဘဲမြရဲ့ဘ၀နဲ့အန်တီ့ဘ၀ပေါင်းစပ်ချင်တယ်အန်တီ…အန်တီ့ကိုမြချစ်တယ်…"
အန်တီ့မျက်နှာကပြုံးမြမြဖြင့်
"စာရေးဆရာမလို့မပြောရဘူး သိပ်ထူးထူးဆန်းဆန်းလုပ်တာဘဲ"
"အန်တီရယ်မြတစ်ကယ်ချစ်တာပါ"
"ယုံပါတယ်ကွယ် အန်တီလာမယ့်၁၄ရက်နေ့ဒီအချိန်အန်တီ့ဘက်ကအဖြေကိုပြောပါ့မယ် စောင့်စေချင်တယ်ကွယ် အခုတော့အန်တီပြန်အုံးမယ်ကွယ် လုပ်လက်စအလုပ်တွေတန်းလန်းကြီးမို့"
"ဟုတ်အန်တီ…မြအန်တီ့ကိုစောင့်ပါမယ်"
ခေါင်းညိတ်ကာထွက်သွားလေသည်။ဘူးလေးကိုတော့ယူသွားပါသည်။‌ချက်ချင်းငြင်းမလွှတ်တာပင်တော်တော်ကံကောင်းပါသည်။အန်တီပြန်သည်နှင့်မြလည်းအိမ်သို့ပြန်လာခဲ့ပါသည်။အိမ်သို့ရောက်သော်တီလေးက
"အခြေအနေ"
"၁၄ရက်နေ့တဲ့"
"ချစ်သူများနေ့ကြီးပေါ့"
"ဟုတ်…"
"ကဲ မှိုင်မနေနဲ့ ရေချိုး "
"ဟုတ်"ဟုပြောရင်းမြအခန်းရှိရာသို့တက်လာခဲ့ပါသည်။ဤသည်နှင့်တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားပါသည်။မြနှင့်အန်တီ၏ဆက်ဆံရေးမှာလည်းအရင်အတိုင်းပင်။
ဖေဖော်ဝါရီ ၁၃ ရက် ည၁၀နာရီ…..
မြအိပ်မပျော်ပါ။အန်တီ့ကိုဖုန်းဆက်ချင်ပေမဲ့စိတ်ဆိုးမည်ဆိုး၍မဆက်ခဲ့ပါ။အိပ်ယာထဲလူးလိမ့်ကာနေမိသည်။ဘယ်အချိန်ကတည်းအိပ်ပျော်သွားလဲမသိနိုးလာတော့၇နာရီတောင်ထိုးချေပြီ။ဖုန်းမှmessageလေးတစ်ခု
"သမီးရေ၉နာရီတွေ့မယ်ကွယ်"ဆိုသည့်စာလေးတစ်ကြောင်း…
အခုတောင်၇နာရီရှိချေပြီ။အမြန်ရေမိုးချိူအ၀တ်အစားလဲ‌လိုက်ပါသည်။စတွေ့တုံးက၀မ်းဆက်ကလေးသာ၀တ်ပြီးထွက်လာခဲ့သည်။Coffee ဆိုင်သို့ရောက်သော်အန်တီကပင်ကြိုရောက်နေချေပြီ။"လာ…သမီးစိမ်း"
"သမီးအမောပြေသွားရင်ပြောမယ်ကွယ်"
"အခုပြောပါအန်တီ"
"အန်တီရဲ့အဖြေကတော့………"ဟုဆိုပြီးထထွက်သွားလေသည်းမြမျက်နှာပေါ်မှာတော့မျက်ရည်အပြည့်။မြလည်းအိမ်ရောက်ရောတီသောအခါတီလေးရင်ခွင်ထဲတိုး၀င်ပြီးရှိုက်ကြတငင်ငိုမိသည်။"သမီးရယ် တီလေးရင်ပူလိုက်တာကွယ် ဘာဖြစ်လာတာလဲ"
"အန်တီက…အန်တီက မြကို……"မြမပြောနိုင်ပါ။
14.2.2023(တစ်နှစ်ကြာသော်)
ကြီကျယ်လှသောသောHotelကြီးတွင်ခမ်းနားစွာကျင်းပနေသောမင်္ဂလာပွဲကြီး…အဖြူရောင်ဂါ၀န်အားအလှဆုံးဆင်မြင်ထားသောအမျိုးသမီးနှစ်ယောက်…သူမတို့၏အပျော်များသည်ပွဲလာပရိသတ်များကိုပင်ကူးဆက်စေသည်။ရွှေရောင်စာလုံးကြီးများဖြင့်ပုံဖော်ထားသောနာမည်များ-
                 မစန္ဒာကြည်(B.Eco)
                           နှင့်
         မမြစိမ်းခိုင်(B.C.Sc)တို့၏
               မင်္ဂလာဧည့်ခံပွဲ
အန်တီမြအားပေးခဲ့သောအဖြေမှာ"မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာကိုသမီးစိမ်းနဲ့တွေ့မှအန်တီယုံသွားတယ်ကွယ်…သမီးပေးထားတဲ့ချိတ်လေးလိုဘဲအန်တီ့တို့ဘ၀နှစ်ခုပေါင်းစည်းကြရအောင်ကွယ်…အန်တီလည်းသမီးကိုချစ်ပါတယ်ကွယ်"ဟုပြောရင်းအန်တီကရှက်ရှက်နှင့်ထထွက်သွားလေသည်။မြမှာလည်း၀မ်းသာလုံးစို့ကာပျော်ရွင်မျက်ရည်များကျခဲ့ခြင်းဖြစ်သည်။
မြတို့မင်္ဂလာပွဲကိုဒယ်ဒီလည်းလာခဲ့ပါသည်။ဒယ်ဒီက "သတ္တိရှိလို့ဂုဏ်ယူပါတယ်တဲ့"
တီလေးကတော့၀မ်းသာမျက်ရည်များအပြည့်ဖြင့်"ငါ့သမီးလေးတောင်အရွယ်ရောက်သွားပြီနော်"ဟုဆိုလေသည်။
ဒီညဟာမြတို့ရဲ့မင်္ဂလာဦးပင်
"နောက်ဆုံးတော့ချိတ်နှစ်ချိတ်ပေါင်းဖတ်သွားရပြီနော်အန်တီ"
"ဟုတ်ပါ့ကွယ် အချိန်တွေကခနလေးလိုဘဲနော် ပြီးတော့ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့တူမကကိုယ့်အမျိုးသမီးဖြစ်လာမယ်လို့ဘယ်သူထင်မလဲလေနော်"မြစိတ်တွေထိန်းမရတော့သဖြင့်အန်တီ့နှုတ်ခမ်းဖူးဖူးလေးကိုအနမ်းမိုးများရွာသွန်းလွန်ပါသည်။အန်တီကမငြင်းပါ။‌မြတို့ရဲ့မင်္ဂလာဦးညလေးကတော့ချစ်ခြင်းများစွာဖြင့်ပြည့်နှက်နေလေးကတော့ချစ်ခြင်းများစွာဖြင့်ပြည့်နှက်နေပေသည်။
ပြီးပါပြီ
ဝေဖန်အကြံပြုပေးပါအုံးရှင့်
One shot(gl)
"မတေ်တာခကြျစားသောကျဆိုငျတဲ့ သိလား"
"Love you too"
"Bye Good night Sweet Dream"
                 မစန်ဒာကွညျ(B.Eco)
                           နှင့ျ
               မငျ်ဂလာဧည့ျခံပှဲ

You've reached the end of published parts.

⏰ Last updated: Feb 15, 2022 ⏰

Add this story to your Library to get notified about new parts!

ချိတ်<One Shot>Where stories live. Discover now