အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုရဲ့ လသာဆောင်မှာ လူတစ်ယောက်ထိုင်နေသည်။ထိုလူရဲ့ဘေးပတ်ပတ်လည်မှာတော့ သောက်စရာမျိုးစုံက ၀န်းရံနေသည်။သို့ပေမယ့် ထိုသူရဲ့လက်ထဲမှာကိုင်ထားတာကတော့ ဝိုင်နီတစ်ခွက်ဖြစ်သည်။
ထိုဝိုင်ခွက်ကို လက်ကဖြည်းဖြည်းချင်းလှည့်နေကာ ဖွင့်ထားတဲ့သီချင်းကို မျက်စိမှိတ်နားထောင်နေသည်။အတန်ကြာမှာတော့ သူ့ရှေ့ကိုလူတစ်ယောက်ကရောက်လာသည်။ထိုင်နေသူကတော့ ရောက်လာတဲ့သူကို သတိမထားမိဘဲ သူ့အာရုံနဲ့သူရှိနေသည်။
ခဏကြာတော့ သီချင်းသံကရပ်သွားသည်။ထိုအခါမှ မျက်လုံးဖွင့်လာပြီး
သူ့ရှေ့ကသူကို မြင်ပြီး အံ့ဩစွာနဲ့"မင်း ဘယ်သူလဲ"
"အပေးအယူလုပ်ချင်လို့"
"ဘာအတွက်လဲ"
"နောက်တော့ သိမှာပါ"
"......."
"အဲ့ဒီ့ဘက်အတွက် အကျိုးရှိမှာပါ ရှောင်းလုပ်ငန်းစုလေ"
"........"
တစ်ဘက်ကထိုသို့ပြောတော့ ဝိုင်သောက်နေတဲ့လက်တွေ လှုပ်ရှားသွားသည်။
"လက်ခံတယ်လို့ ယူဆပါ့မယ် နောက်မှတွေ့ကြမယ်"
............................................................................
၀မ်ရိပေါ်တို့ အတန်းပြီးတော့ နေ့လည်တစ်နာရီရှိနေပြီ။သူလဲ ဦးငယ်လေးတို့ companyကို သွားဖို့လုပ်ရသည်။သူ ဗိုက်ဆာနေပြီ။လက်ရာကတော့ ဦးငယ်လေးလောက်မကောင်းပေမယ့် စားလို့တော့ရသည်။အပြင်မှာ ၀ယ်မစားချင်တော့ဘူး။သူ အပြင်မှာ ၀ယ်စားရတာတွေကို မုန်းနေပြီ။
၀မ်ရိပေါ် companyဓါန်လှေကားထဲရောက်တော့ ခေါင်းက တစ်ချက်ချက်မူး,မူးသွားသည်။ထိုအခါမှ သူသိလိုက်ရတာက သကြားလုံးကို သူမစားရသေးတာပဲ။သူလဲ အိတ်ထဲနှိုတ်ပြီး တစ်လုံးစားလိုက်သည်။ထိုအခါမှ ခေါင်းက သက်သာသွားသည်။
သူသွားမယ့်အထပ်ကိုရောက်ေတာ့ သူမြန်မြန်လေး သွားလိုက်သည်။"ဟယ် ဟိုနေ့ကကောင်လေးမလား"
၀န်ထမ်းတစ်ယောက်ကပြောလိုက်သည်။