ဟိုနေ့က Skin Barrier ပျက်စေတဲ့အကြောင်းအရင်းတွေ ပြောပြီးသွားပြီဆိုတော့ ဒီနေ့ Skin Barrier ကို ဘယ်လိုပြုပြင်ရမယ်ဆိုတာ မင်မင်ပြောပြသွားပါ့မယ်
Skin Barrier နာမည်ပြောင်ကတော့ ကိုကြီးပေါ့လေ
အဲ့တော့ အခုပြောမှာက ကိုကြီးနဲ့ပြန်အဆင်ပြေစေမယ့် နည်းလမ်းများပေါ့
စလိုက်ရအောင်….
ကိုကြီးနဲ့ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းကြမလဲ??? ဘယ်လိုပြန်လည်တည်ဆောက်ကြမလဲ???
ကိုကြီးနဲ့ ဆက်ဆံရေး တည်ဆောက်တဲ့အခါ နှစ်ပိုင်းကို ဂရုစိုက်ရပါမယ်
Skin Barrier ပိုင်းနဲ့ Acid Mantle ပိုင်းပါ….အက်စစ်မန်တယ်…အက်စစ်မန်တယ်ဆိုပြီး ပြောနေတော့ အသဲယားလာမှာပေါ့လေ
အက်စစ်မန်တယ်အကြောင်းလည်း သက်သက် တစ် Post တင်ပေးအုန်းမယ်နော်
ကိုကြီးနဲ့အဆင်ပြေစေဖို့ လုပ်ရမယ့်အရာတွေကတော့….
*** ကိုကြီးနဲ့ဆက်ဆံရေးကို အရိုးရှင်းဆုံးထားပါ***
ဆိုလိုတာက ချကင်ကဲပေါင်းစုံသုံနေတာတွေကို ချက်ချင်းရပ်ပြီး Basic Skin Care Steps ကိုပြန်သွားလိုက်ပါ
အဲ့ဒါက ဘာလဲဆိုရင်တော့…
၁ - မျက်နှာသစ်ဆေး အပျော့စား (Simple Cleanser/CeraVe Cleanser)
၂ - တိုနာအပျော့စား (Simple Toner/Theyer Toner/Rovectin Treatment Lotion)
၃ - အနံ့မပါတဲ့ ရိုးရှင်းတဲ့ Moisturizer (Simple Hydrating Light Moisturizer/CeraVe/Vanicream Moisturizing Cream)
၄ - Physical Sunscreen (Dr G Green Mild Up Sun/Neutrogena Mineral Sunscreen)…တွေပေါ့လေအများကြီးသုံးနေရင်…မနက်ကို ၄ဆင့်…ညကို ၃ဆင့်လောက်အထိ ပြန်လျော့ချလိုက်ပါ…ညက Sunscreen မပါဘူးကိုး
Scrub တိုက်နေရင် ချက်ချင်းရပ်လိုက်ပါ…အစောကြီးကတည်းက မျက်နှာကို Scrub ကိုမတိုက်သင့်တာ
ကိုယ်သုံးမယ့်ထဲမှာ AHA, BHA, Lactic Acid, Glycolic Acid, Salicylic Acid, Mandelic Acid, PCA တွေပါနေရင် ခဏနားထားလိုက်ပါ…Retinoid ဆိုတဲ့ Vitamin A လိမ်းဆေးအပြင်းစားတွေ သုံးနေရင်လည်း ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါပြီ
Face Brush တွေသုံးနေရင်လည်း ရပ်ထားရပါမယ်
***မျက်နှာ အက်စစ်-ဘေ့စ်မျှခြေကို အာရုံစိုက်ပါ***