Ch 16.1

5K 393 16
                                    

ဒီလိုနှင့်ဘတ်စကတ်ဘောစပြိုင်ကြသည်။ဂျီဟျွန်းတို့ဘက်တွင် ဂျီဟျွန်း၊ဆန်းဝူ၊အီထယ်၊ဗြောင်ထယ်နှင့်တကွ ရှုချင်းနန်ပါ ပါလာလေသည်။အကုန်လုံးပါသည့်အကြောင်းအရာကတော့ရှင်းရှင်းလေးပင်။သူတို့ကိုလာမထိသရွေ့အဲ့လူကိစ္စမှန်သမျှ သူတို့နှင့်ဆိုင်မနေ၊ သို့သော် အဲ့လူကသူတို့ကိုလာထိဖို့ကြိုးစားလျှင်တော့ သူတို့ကိစ္စဖြစ်သွားလေပြီ။ဒါပေါ့!ဉီးနှောက်မရှိတဲ့ငတုံးကပဲ သူတို့လို သခင်လေးများကိုယှဉ်ပြိုင်ရဲလိမ့်မည်လေ။ဥပမာ ဟိုဘက်အသင်းကကောင်တွေလိုပေါ့။

ဟိုဘက်အသင်းတွင်လဲ ၅ယောက်ပင်ဖြစ်ကာ ခန္ဓာကိုယ်ထွားကြလေသည်။ဟိုဘက်အသင်းကလူများသည် ကျောင်း၏လက်ရွေးစင်များဖြစ်သောကြောင့် သူတို့၏စွမ်းရည်ကို သွေးနားထင်ရောက်လျက်ရှိပေသည်။သို့သော် မည်သူကထင်မည်နည်း!!ပွဲအစမှာပင် အီထယ်သည် ကွင်းလည်စည်းအကျော်ကနေ ခြင်းဆီသို့ ဘတ်စကတ်ဘောသွင်းလိုက်ကာ 3 pointရယူလိုက်လေသည်။

ထိုမျှနှင့်မပြီးပဲ အီထယ်၊ဂျီဟျွန်းနှင့်ဗြောင်ထယ်သည် တစ်ဖက်ကစားသမား၃ယောက်ကိုပိတ်ထားချိန်တွင် ရှုချင်းနန်က ခြင်းဆီခုန်ကာ ခြင်းကိုကိုင်၍ တစ်လုံးသွင်းကာ 1pointယူလိုက်သည်။ပထမပွဲစဉ်ပြီးချိန်တွင်တော့ ရှုချင်းနန်ယူထားသော 1 point, အီထယ်ယူထားသော 3 points, ဂျီဟျွန်းယူထားသော 2 pointsတို့ဖြင့် စုစုပေါင်း 6 pointsရကာ နိုင်လေသည်။ဒုတိယပွဲစဉ်ပြန်မစခင် ခဏနနေတုန်းက ဂျီဟျွန်းလေးကို ယွန်းဟွာကချွေးသုတ်ပေးရင်း

"အရမ်းတွန်းပြီးမကစားနဲ့...မောနေရင် ကျောင်းတက်ချိန်ကြစာကိုအာရုံမစိုက်နိုင်ပဲနေမယ်။ ဂရုစိုက်ဉီး..."

"ဟုတ်ကဲ့ပါ မမရဲ့..."

'ဒီကောင်တွေကိုမှတ်လောက်အောင်ဆုံးမပြီးမှပဲ မမစကားကိုနားထောင်တော့မယ်...'

Ecကလဲ လီဆန်းဝူနားကိုသွားကာ ရေဘူးပေးလေသည်။

"ဟေ့...ရေခဲရေဘူးဆိုငါမယူဘူးနော်...။အလှလေးကပြောထားတယ် အားကစားလုပ်ပြီးပြီးချင်းရေခဲရေမသောက်ရဘူးတဲ့...။"

"အဟက်...ဟုတ်ပါပြီ။ ဒီရေက ရေခဲရေမဟုတ်ပါဘူး ငါရိုးရိုးရေနဲ့ရောပြီးသားပါ...သောက်လိုက်။"

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Hikayelerin yaşadığı yer. Şimdi keşfedin