ငယ်

532 27 3
                                    

နွေဦး ရောက်ပီ ငယ်......
ဆောင်းကာလမှာ တွေ့ခဲ့ကြပီးတဲ့နောက်
နှစ်သစ်ကို အတူဖြတ်သန်းကြိုဆိုခဲ့ကြတဲ့
လူသားလေးနှစ်ဦးက
အခုဆို ကြားလေသွေးရင်တောင်
ဝေးမှာ ကြောက်နေတတ်တဲ့
အချစ်ငှက်ငယ်လေးတွေ ပေါ့🕊️🕊️🕊️

မယိုင်နဲ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့
ငယ့်လက်ကို တွဲလို့
ရှေ့ခရီးလမ်းကို
လက်တွဲ မဖြုတ်ပဲ လျှောက်လှမ်းသွားချင်ရဲ့
အချစ်ရယ်......

သံသရာဆိုတာ အသာထား
ဒီဘဝမှာ ဆုံတွေ့ရသခိုက်မှာတော့
ငယ့် အနားမှာ အမြဲရှိနေခွင့်သာ🧡
ကိုယ့်အတွက် ဆုတောင်းမိတယ်

သံသရာလမ်းမှာလဲ
ငယ် မပါတဲ့ ခရီး 🧡
စိတ်တောင် မကူးချင် သူမို့
ကိုယ့်လက်ကို တွဲလို့ ကုသိုလ် အတူပြုစို့
အချစ်ရယ် 🤎

                                                Sakura 🌸

You've reached the end of published parts.

⏰ Last updated: Feb 17, 2022 ⏰

Add this story to your Library to get notified about new parts!

ငယ် Where stories live. Discover now