Nightmare

527 44 5
                                    


Unicode

ဆောင်းဦးကာလရောက်လာတော့ အအေးဓါတ်တွေဝင်ရောက်နေရာယူလာ၏

ဝသာန် ဒီနေ့အလုပ်တွေရှုပ်နေတယ် သူ့အိန်ဂျယ်လေးတွေကို မူကြိုကျောင်းပို့ဖို့ပေါ့
သူပဲအစအစအရာအရာကလေးတွဝေယျာဝစ္စကိုလုပ်ပေးလာခဲ့တာ ကလေးတွေတစ်သက်ပဲ

"daddy မီးမီးလှလား"

မူကြိုယူနီဖောင်းနဲ့သူ့ကိုယ်သူတစ်ပတ်လှည့်ပြီး မေးလာတဲ့ သမီး

"လှတာပေါ့ daddy သမီးက ဟောဒီကမ္ဘာကြီးမှာ ဒုတိယ အလှဆုံးပဲ "

သူ့ကို ဒုတိယအလှဆုံး ပြောလို့ မကျေနပ်သလို နှုတ်ခမ်းဆူပြကာ

"ဟင့် daddy ကလဲ ဘာလို့ ပထမ မဟုတ်ရတာလဲ ပထမကဘယ်သူလဲ ပြောပြ"

ဝသာန် သူ့သမီးလေးကို သဘောတကျ ကြည့်ပြီး

"ပထမလား ဘယ်သူရှိရမှာလဲ သမီးတို့
ပါးပါး ပေါ့ "

"ဟွန့် ဖေဖေက ဘက်လိုက်တယ်"

အဲအချိန် ပြင်ဆင်ပြီး သူတို့ရှိရာ အခန်းထဲ ပြေးဝင်လာတဲ့သားကြီး က

"ညီမလေး အားမငယ်နဲ့ ကိုကို့ ညီမလေးက အလှဆုံးပဲ ကိုကို့အတွက်တော့ "

"မယုံဘူး ကိုကိုလဲ daddy လို ပါးပါး ရလာရင် ညီမလေးက အလှဆုံးဘယ်ဟုတ်တော့မလဲ"

"ဟားဟား daddyသမီးတော့မနိုင်စိန်လေးပဲ"

အနှိုင်းမဲ့ တစ်ယောက် လှေကားပေါ်ကနေဆင်းလာရင်း သူ့ကိုပထမအလှဆုံးပြောလို့ကျေနပ်နေလေရဲ့

*********

"သားရေ မြန်မြန်လုပ် "

"ဟုတ်pa pa လာပြီး"

အာကာ သူ့သားလက်ကိုတွဲပြီး အင်းစိန် ထောင်ဆီသို့ဦးတည်လိုက်သည်

"ရှိုင်းသူရိန် ဧည့်သည်လာတယ်"

"ကို နေကောင်းလားဟင် ကြည့်ပါဦးပိန်သွားလိုက်တာ "
သူ့ မျက်နှာကိုင်ပြီး မျက်ရည်လေးစမ်းစမ်းနဲ့ပြောလာတဲ့ သူ့ယောက်ျားကို ကြည့်ပြီး

"ကိုယ်နေကောင်းပါတယ် ငယ်တို့ရော သားလေးလဲလာတာလား ဘာလို့ခေါ်လာတာလဲ "

သားလေးကို သူ့ကြောင့်အရှက်မရစေချင်ဘူး

"သားက daddy ကိုလွမ်းလို့ သားမရှက်ပါဘူး ဘာပဲဖြစ်နေဖြစ်နေ သားအဖေပဲလေ"

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now