Unicodeနန်းတော်ကြီးသမျှ ခမ်းနားတဲ့ စံအိမ် ရဲ့ ပန်းခြံထဲမှာတော့
ဝသာန် တို့သားအဖသုံးယောက် ဘောလုံးကန်နေကြသည်
ခြံကြီးက အရမ်းကို အေးချမ်းသလောက် စံအိမ်ထဲကလူတွေဟာ အပူ ကိုယ်စီနဲ့
အနှိုင်းမဲ့ တို့ခြံက သီးပင်စားပင်တွေနဲ့ ပြည့်နှက်နေလျက် ခြံအနောက်ဘက်မှာ ရေတံခွန်သေးသေးလေးတစ်ခု ရှိသည် ရေတံခွန်ရေက စမ်းချောင်းထဲကို စီးဝင်ပြီး စမ်းချောင်းဘေးတစ်ဖက်တစ်ချက်မှာလဲ အလှပန်းပင်လေးတွေ အစီအရီ ပေါက်ရောက်လျက်ရှိကြ၏
စမ်းချောင်းလေးအတိုင်း လိုက်ပါသွားရင် စိမ်းလန်းစိုပြေတဲ့ ဝါးရုံတောတစ်ခုက စောင့်ကြိုနေသည် စမ်းချောင်းကို ဖြတ်ပြီး သွယ်ထားတဲ့ တံတားပေါ်ဆိုရင်
Spring နဲ့ Autumn အတွက် ကစားနေကြနေရာလေးတစ်ခုဖြစ်ပြီး
သစ်ပင်ပေါ်ဆောက်ထားတဲ့ သစ်လုံးအိမ်ဟာ ဝသာန့် အတွက် စိတ်ဖြေရာနေရာလေးတစ်ခုအဖြစ် သူ့တာဝန်ကို ထမ်းဆောင်လျက်ရှိ၏
အနှိုင်းမဲ့ နဲ့ ရန်ဖြစ်ပြီး ဒေါသထွက်တိုင်း သစ်လုံးအိမ်ပေါ်မှာ အနားယူလေ့ရှိခဲ့သည်
ဝသာန် ဘယ်လောက်ပဲ ဒေါသထွက်နေစေကာမူ နှိုင်း ကြောင့် ဒဏ်ရာရသွားတဲ့ မီးမီးလေးဆီကိုပဲ ရှေးရှုစမြဲ စိတ်ငြိမ်မှ နှိုင်း ဆီသွားပြီး အပြစ်တင်တတ်တာဟာ အလေ့အကျင့်ကို ဖြစ်နေခဲ့ပြီး
ဒေါသကြောင့် ပြောဆိုလိုက်တဲ့စကား , ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ
အမှားဘက်ကိုပဲ ဦးတည်ပြီး ဘယ်သောအခါမှ အမှန်တရားဘက်ကို မြှားဦးမလှည့်ဘူးဆိုတာသည် ဝသာန် ငယ်ငယ်တုန်းက အမေ ပြောလွန်းလို့ နားထဲမှာ ပဲ့တင်ထပ်လို့နေ၏"သမီး ဒက်ဒီ့ဆီ ကန်လိုက် "
"ဟုတ် ကန်ပြီး "
"သမီး လာပြီးနော် ယူလိုက် "
"ဟွန့် ဒက်ဒီ တို့နှစ်ယောက်ပဲဆော့လိုက်တော့ သားထွက်ပြီး"
ခြေဆောင့်ပြီး ပြောလာတဲ့ Spring"ဟမ်မထွက်နဲ့လေ ရော့ ကိုကို့ကို မီးမီးဘောလုံးပေးမယ်"
"ဒက်ဒီတို့က သားကိုစနေတာပါ စိတ်မဆိုးနဲ့နော်"
YOU ARE READING
🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)
FantasyUnicode နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလုံးသားပိုင်ရှင် ကောင်လေးနဲ့ ရိုင်းစိုင်းမောက်မာပြီး အေးစက်တဲ့နှလုံးသားပိုင်ရှင် ကောင်လေးတို့ရဲ့ ဘဝအချိုးအကွေ့ မှာ ကြုံတွေ့ရတဲ့ အချစ် အမုန်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း Zawgyi နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလံ...