7

31 7 6
                                    

မန္တလေးသို့ သူရောက်ရှိခဲ့လေပြီ။ ချစ်သောလူရှိရာ အပြေးလာရန် ခင်သော သူတစ်​ေယာက်ကို ကျောခိုင်းခဲ့ရသည်။

ကျန်ရစ်သူ သူငယ်ချင်းမလေးကို စိုးရိမ်စိတ်​​ေတွဟာ တဖွားဖွား။

အစတုန်းကမယ် ၊ အနာဂတ်ဆိုတဲ့ အရာကို မသိန်ိုင်ဘဲ စိတ်ကူးထဲမှာ ပုံဖော်ထားသည့် ပစ္စုပ္ပန်မှာ ယခုကဲ့သို့ မဟုတ်ချေ။ ပျော်ရွှင်စရာ အတိဖြင့်သာ။

သူ့အဖို့လည်း ဘယ်တတ်နိုင်မလဲ။ နှလုံးသားက ညွှန်ပြရာကိုသာ ဒီနာမ်က လိုက်နေသည်မဟုတ်လား။

ငယ်ရွယ်ချိန်မို့ စိတ် နဲ့ လူ ဟာ
တက်ကြွခြင်းအပြည့်နှင့် ဆိုသော်ငြား အချို့ အချို့သော နာကျင်ရသည်များကိုတော့ ရံဖန်ရံခါတွင် မသိကျေးကျွန်ပြုရသော ဒီအချိန်များလည်း ရှိပေ၏။

ပစ္စည်းတွေချပြီးတော့ သူနဖူးထက်ရှိ ပတ်တီးကို လဲပေးနေသည့် ကိုကြီးကို အမှတ်ပေးလိုက်သည်။

ညီလေးကို အရမ်းဂရုစိုက်တဲ့ ငါ့ကိုကြီး တစ်မှတ်။

သောက့ ခေါင်းပေါ်မှ ပတ်တီး​ြဖူလေးသည် ညိုဝါဝင်းသည့် သူ့အကို လက်ထဲတွင် ရှိနေသည့် မြင်ကွင်းမှာ တစ်မူကြည့်ကောင်းနေသည်။

လောကဟူသည့် ချစ်ရတဲ့ ( ရန်ဖြစ်လို့ ​တစ်ခါတစ်လေ ထထိုးရုံ) ကိုကြီးသည် ဖေကြီးရဲ့ လုံးဝမိတ္တူပွားပင်။

သူနဲ့ တစ်စက်ကလေးမှမတူတဲ့ အညိုရောင် အသားရည်၊ မဲနက်နေတဲ့ မျက်ခုံးနှစ်ခုနဲ့ နှာတံချွန်ချွန် ရှိတဲ့ ကိုကြီးဟာ ပြုံးလိုက်လျှင် ထင်းကနဲ တွေ့ရတတ်သည့် သွားတက်ကလေးကို ပိုင်ဆိုင်ထားသည်။

အရပ် (၆) ပေ ရှိတဲ့ ကိုကြီးဟာ သူ့ထက်တော့ ၀.၆လက်မ နိမ့်နေဆဲ။

တကယ်တော့လည်း သူ့ကိုကြီးဟာ အရမ်းကို ယောင်္ကျားပီသပြီး ချောမောမှုတို့ကို လက်ဝယ်ရှိပေမဲ့ သူ့မှာ ချစ်ရမည့် ချစ်သူတစ်ယောက်ပင် မရှိလေသော MITကျောင်းသားကြီး။

သူ့မျက်နှာက ပြုံးစိစိ ဖြစ်သွားသည်ထင်ပါရဲ့။ ဆေးထည့်ပေးနေသည့် ကိုကြီးက ဘာတွေပြုံးနေတာလဲ တဲ့။

You've reached the end of published parts.

⏰ Last updated: Feb 18, 2022 ⏰

Add this story to your Library to get notified about new parts!

သဏ္ဌာန် Where stories live. Discover now