အပိုင်း - ၁၂၆

1.4K 119 3
                                    

Unicode

အပိုင်း - ၁၂၆  ခိုး ကြောင် ခိုးဝှက်အပြင်ထွက်ခြင်း

မုရှောင်းရှောင်  ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်ပြီး ယင်းရှောင်ကျဲ သူကို  ဆက်လက်စစ်ဆေးမေးမြန်းကာ   သူမ၏ အစီအစဉ်များကို ပေါ်မည်ကို စိုးရိမ်သောကြောင့် သူမ  စာဖတ်ခန်းထဲကို သွားဖို့ကြိုးစားလိုက်သည်။

"ကျဲ ငါ အရမ်းပျင်းတယ်။ ဂိမ်းဆော့ဖို့ ကွန်ပြူတာကို ငှား"

ပြန်စဉ်းစားကြည့်တော့ သူမပြန်လာကတည်းက ကွန်ပြူတာကို မထိရ ဂိမ်းမဆော့ရတာ ကြာသွားတာကြောင့် ရုတ်တရက် လက်တွေပါ ယားယံလာသည်။

" နေဦး !"

ယင်းရှောင်ကျဲ သည် ရုတ်တရက် သူမရှေ့သို့ ပြေးသွားပြီး သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ချောမောသောမျက်နှာနဲ့အတူ စူးရှ ပြင်းထန်သောအကြည့်တို့ဖြင့်

"ငါကလွဲပြီး  စာဖတ်ခန်းထဲကို အခြားလူတွေ မဝင်ရဘူး ..   ဘူး မင်းရောပဲ "

ဟုပြောသည်။

မုရှောင်းရှောင်က မကျေမနပ်ဖြစ်ကာ ငိုမဲမဲနဲ့

"ချွင်းချက်ဆိုတာမျိုး မရှိဘူးလို့ ပြောတာ ဘာကိုဆိုလိုတာလဲ။ ဘာလို့မဝင်ရမှာလဲ…”

လို့ ဂျီတိုပ်ကာ တိုးတိုးလေး ရယ်မောလိုက်ရင်းဘ ယင်းရှောင်ကျဲကို လက်ညှိုးထိုးပြီး

“နင် အဲဒီမှာ ညစ်ညမ်းရုပ်ပုံတွေကို ဝှက်ထားလို့ ဖြစ်နိုင်မလား? ”
လို့ မေးလိုက်သည် ။

ယင်းရှောင်ကျဲ  သူမ၏လက်ချောင်းကို လျင်မြန်စွာ ဖမ်းဆုပ်ကိုင်လိုက်ပြီး သူမဦးခေါင်းကို ပြင်းပြင်းထန်ထန် ခေါက်ရန် အခြားလက်တစ်ဖက်ကို မသုံးမီ သူမက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။


" ရှောင်းရှောင် မင်းက နှာဘူးကျတဲ့လူယုတ်မာမလေးပဲ၊ မင်းဘာတွေတွေးနေတာလဲ၊ ဘာပဲပြောပြော စာဖတ်ခန်းက ငါ့နယ်မြေမို့လို့ ငါ မင်းကိုဝင်ဖို့ တားမြစ်ထားရင် မင်းဝင်လို့မရဘူး။ အထူးသဖြင့် ငါ့ကွန်ပြူတာကို ထိဖို့ မကြိုးစားနဲ့၊ ကြားလား?"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now