"အာ...ဖြည်းဖြည်းစားပါ။ ငါလုမစားပါဘူး..။ ဒီမှာပေပွကုန်ပြီ။"
အပြောနှင့်အတူလက်ကလဲ မိုဂျွန်း၏နှုတ်ခမ်းတွင်ပေနေသောမုန့်စများကိုသုတ်ပေးနေလေသည်။သူကမုန့်စအသုတ်ပေးနှင့် မိုဂျွန်းက မုန့်စကို လှမ်းလျက်ချိန် တိုက်ဆိုင်ကာ ဆန်းဝူ၏လက်မလေးကိုလျက်မိသလိုဖြစ်ပြီး ဆန်းဝူ၏သွေးကြောထင်းထင်းလက်ချောင်း၏ထိပ်က မိုဂျွန်းပါးစပ်ထဲ လျောကနဲဝင်သွားလေသည်။
ကြောင်အကာ မျက်မှန်ဘောင်ကိုကျော်၍ ပြန်ကြည့်နေသောမျက်ဝန်းဝိုင်းဝိုင်းလေးကြောင့်
'Shit!! ငါမာလာပြီ'
လက်ကိုပြန်ထုတ်ရင်း
"Sorry...မတော်တဆဖြစ်တာ...။"
ပြီးသည်နှင့်ချက်ချင်းထလိုက်ကာ အပေါ်ဝတ်အင်္ကျီကိုချွတ်၍ အောက်ပိုင်းရှိဖုဖောင်းနေသောအရာကိုမသိသာစေရန် အင်္ကျီကိုခါးစည်းလိုက်လေသည်။Alphaတစ်ကောင်မို့ Omegaအနားကပ်လျှင်စိတ်ထလာတာပါဟု အကြောင်းပြချက်ပေးချင်သော်လဲ ထိုသို့မဟုတ်တာ သူအသိဆုံးပင်။သူ့မူပိုင်လေး၏နှုတ်ခမ်းလွှာဆီမှအထိအတွေ့ကရူးလောက်သည်။နွေးထွေးနေသော နှုတ်ခမ်းပါးလေးကိုပေါက်ထွက်သည်အထိနမ်းပစ်ချင်စိတ်က တဖွားဖွားပေါ်လာသလို သူ့မူပိုင်လေး၏လည်ပင်းကိုကိုက်ပြီးအမှတ်အသားအဖြစ် bondလုပ်လိုက်ချင်သည်။
သူတစ်ယောက်တည်း ဆန္ဒများဖြင့်တောက်လောင်နေသည်မဟုတ်ပါပဲ မုန့်ထိုင်စားနေသော မိုဂျွန်းမှာလဲ အတွေးတွေကဟိုရောက်ဒီရောက်ဖြင့်။
'အား...ငါ့ကမ္ဘာမှာသာဆိုရင် ဒီအဆင်လေးကိုငါချက်ချင်းအုပ်ပစ်လိုက်မှာ။ အခုတော့ novelထဲက ဇာတ်ကောင်ဆိုတော့ မြင်သာမမြင်ရ မကြင်ရကြီး။ သူတို့ကဇာတ်ကောင်သက်သက်ပဲဟာ...ဟင့်...။ '
ထိုစဉ် မိုဂျွန်းဘေးသို့ ရှုချင်းနန်ကဝင်ထိုင်ကာ လက်ထဲမှဖုန်းကိုကြည့်ရင်းညည်းတွားလိုက်လေသည်။
"အား တကယ်စိတ်ညစ်တယ်။"
"ဘာတွေများစိတ်ညစ်နေတာတုန်း..."
"ကျွန်တော်ဒီဇာတ်ကားကိုကြည့်ချင်လို့ စောင့်နေတာ ရုံမတင်ခင်တည်းက။ ဟော..အခုရုံတင်ပြန်တော့လဲ သူက Cနိုင်ငံဘာသာစကားကြီးနဲ့လေ...အဲ့တာကြောင့် K စာတန်းထိုးလိုက်ရှာနေတာ။"

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...