အပိုင်း ၁၃

353 11 0
                                    

အပိုင်း ၁၃

"လွန်းငယ်!"

"အမေ့!"

ဟိန်းထွက်လားသောအော်သံကြောင့် ဧည့်ခန်းထဲမှာထိုင်နေတဲ့သူငယ်ချင်းလေးရောက်အပြင် ဂွန်းနောက်မှာရပ်နေတာလင်းလက်ပါလန့်သွားတာကိုဂွန်းသတိထားလိုက်မိပေမဲ့ဂရုမစိုက်နိုင် မြင်လိုက်ရတဲ့မြင်ကွင်းက မျက်လုံးတောင်ပြာသွားသလိုခံစားလိုက်ရသည်။

"ကိုဂွန်းမဟာဗိုလ် ဘာပြောစရာရှိလို့လဲ"

လွန်းအေးဆေးစွာပင်မေးလိုက်တော့ ကိုကိုကအလိုမကျသလိုပင်မျက်မှောင်ကိုကုတ်ကာ လွန်းနာကိုရောက်လာကာလွန်းလာကိုဆွဲထူလာလေသည်။

"လာ...လိုက်ခဲ့"

"ဘယ်ကိုလဲ"

"မေးခွန်းတွေပြန်မေးမနေနဲ့လွန်းငယ် လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့"

"လိုက်ခဲ့စရာလားဗျ ဒီမှာ ကိုဂွန်းမဟာဗိုလ်မမြင်ဘူးလား ကျွန်တော်ချစ်သူလဲရှိနေတာကို"

လွန်းရဲ့စကားကြောင့် ကိုကို့မျက်နှာမှာအရောင်တစ်မျိုးဖျက်ပြေသွားသလို ခုံမှာထိုင်နေကြတဲ့သူငယ်ချင်းသုံးယောက်ပါအလန့်တကြားမော့ကြည့်လာသည်။လွန်းထိုသုံးယောက်ကို ဥပက္ခာပြုကာပင် သွင်ရဲ့လက်ကိုဆွဲကိုင်ထစေလိုက်ခါ ကိုကိုနဲ့မိတ်ဆက်ပေးဖို့ပြင်လိုက်သည်။

"အော်..ကိုဂွန်းမယာကိုမိတ်ဆက်ပေးရအုံးမယ် ဒါကကျွန်တော့်ချစ်သူလေ လေညှင်းသွင်တဲ့ သွင်ဒါကမောင့်အကိုလေ ကိုဂွန်းမဟာဗိုလ်တဲ့"

"ဟင်"

"အယ်"

သွင်လိုက်မမှီနိုင်စွာကြောင်အနေတုန်းမှာပင် လွန်းကကိုင်ထားသောလက်ကိုဖြစ်ညှစ်လိုက်သောကြောင့် ဇာတ်ဆရာကြီးလွန်းရဲ့အလိုကြ ကကြိုးရုပ်လုပ်ဖို့သွင်ကြောင်အအပင်ပြန်နှုတ်ဆက်မိသည်။ဟိုနှစ်ယောက်ကိုကြည့်မိတော့လည်း ငုတ်တုတ်မေ့လျှက်ပင်။

"အော်..ဟုတ်.ဟုတ်ကဲ့ပါ အကို ဟို မောင်ကတော့ အကိုအကြောင်းတွေသွင့်ကိုပြောဖူးပါတယ်"

ဂွန်းဘယ်လိုမှကိုဖြေမဆည်နိုင်ပါ ဘာတဲ့မောင်တဲ့လား တကယ်ပဲချစ်သူတွေလား လွန်းငယ်ရယ် ကိုယ်တော့ရူးတော့မယ်ထင်တယ်ကွာ အဖေစီစဉ်ခဲ့တာကို အသာတကြည်လိုက်ခံလိုက်ရင်ခုလိုပူလောင်မှုမျိုးကိုသူခံစားရမယ်မထင်ပါ။ဂွန်းကောင်မလေးကိုပင်ပြန်စကားမပြောမိ လွန်းငယ်လက်ကိုဆွဲပြီးသာ ဂွန်းအပြင်ကိုထွက်လာခဲ့လိုက်သည်။

 💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏Where stories live. Discover now