အချစ်ဦးကို မြေးဦးရသည့်အထိ မမေ့တတ်ကြဘူးတဲ့
ကျွန်တော်ကရော မြေးဦးရသည့်အထိ သတိရနေမည်ထင်သလား?
သို့သော်.....
အိမ်ထောင်ပြုဖို့ပင် မစဉ်းစားမိ
ကျွန်တော် စောင့်နေဆဲပါ။ကျောင်းတက်လာတဲ့ငယ်ဘဝကတည်းက
စီနီယာ ဂျူနီယာဆက်ဆံရေးလေး
ကျွန်တော်ရဲ့ ၉တန်းနှစ်ထိ ထိန်းသိမ်းခဲ့ပါရဲ့....
စီနီယာဟာ ကျောင်းရဲ့ စံပြ အတော်ဆုံးကျောင်းသား
ဆရာ/ဆရာမတွေရဲ့ အချစ်တော်
ကျောင်းသား ကျောင်းသူတွေ အားကျအတုယူစရာ
ကျောင်းသူတွေရဲ့ Ideal type
ကျွန်တော်အတွက်ကတော့
၂ယောက်ထပ်မရှိနိုင်တဲ့ အချစ်ဦး........မည်သူနှင့် စကားပြောရင်ဖြစ်ဖြစ်
ဖော်ဖော်ရွေရွေနှင့် မျက်လုံးမှေးမှေးတွေဖြစ်ပေါ်အောင်
သွားဖွေးဖွေးတွေပေါ်အောင် ပြုံးပြတတ်သည်
အရပ်၆ပေကျော်၊အသားဖြူဖြူ၊ပါဝါအနည်းငယ်
ပါသော မျက်မှန်နက်လေးကိုပင် အမြဲတပ်လေ့ရှိသည်။
ဒီလိုစံပြကျောင်းသားက ဆရာဝန်ဖြစ်သင့်သတဲ့
ဆရာ/ဆရာမတွေရဲ့တိုက်တွန်းချီးကျူးစကား
ကျွန်တော်လို အညာတရနှင့် အလှမ်းဝေးလွန်းတယ်မလား?စီနီယာက ဆုတွေတက်ယူဖို့ စုံညီပွဲကို လာသည့်သူဆိုရင်
ကျွန်တော်ဟာ ဆုပေးပွဲကို ကူညီရမည့် ကျောင်းသားသာသာ.....
စီနီယာ ကျွန်တော်ကို သိပါတယ်
ကျွန်တော်ဟာ ကျန်တာအဖြစ်မရှိသော်လည်း အတန်းခေါင်းဆောင်လေး ဖြစ်နေခဲ့သည်မို့ သူရင်းနှီးနေခဲ့တယ်....ကျွန်တော် မြိုသိပ်ခဲ့ပါတယ်
မဖြစ်နိုင်တဲ့ အခြေအနေကိုရှေ့မဆက်ဖို့ ထိန်းခဲ့တယ်
၉တန်းနှစ်တွင်..... ထို၉တန်းနှစ်....
နှစ်ချီပြီ ထိန်းခဲ့ရသည့်ကျွန်တော်ရင်တွင်းဖြစ်တွေ
ကျွန်တော်နေရမည့်အခန်းက
စီနီယာတို့ အပေါ်ထပ်က အခန်းနှင့် မျက်စောင်းထိုးပင်
ပိုပျော်မိသည်က စီနီယာဟာ ပြတင်းပေါက်တွင် ထိုင်သည်မို့
အမြဲတမ်း ရှေ့ဆုံးမှာ ထိုင်နိုင်အောင် နေရာဦးတတ်သည့်ကျွန်တော်က နောက်ဆုံးတန်းက ပြတင်းပေါက်နားကို ရွေးထိုင်ခဲ့တယ်မျက်နှာလေး ငေးရပြီလေ!
ဒီလိုနဲ့တစ်နှစ်လုံး ငေးခဲ့တယ်
ကျောင်းဆင်းကျောင်းပြန်ဟာလည်း အခန်းနီးနေပြီမို့
ရှေ့ဆင့်နောက်ဆင့် ပြန်ခွင့်ရတယ်
ကျွန်တော်ဟာ နောက်ကဆိုရင် စီနီယာကျောပြင်ငေးရင်း ကျောင်းဆင်းသလို
စောဆင်းမိရင်တော့ နောက်ကို တမျှော်မျှော်ပေါ့