''ဟင့်အင်း ... အန်တီ ၊ ကျွန်မ သူ့ကိုပဲလက်ထပ်မှာ ၊ ကျွန်မ ဘဝ အမည်းစက်ထင်သွားရတာသူ့ကြောင့်၊ခွန်းဆက်ကို တာဝန်မယူစေချင်ဘူးအန်တီ၊ ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက် သူတစ်သက်လုံးမပျော်ရွှင်စေရဘူး ဒါက သူ့အတွက် ကျွန်မရဲ့ ကျိန်စာပဲ အန်တီ ''
မ.ရဲ့အသံက နှလုံးသားကိုထိုးခွဲပြီးထွက်လာရသော အသံမျိုး အကြေကြေ အအက်အက်။ မေမေက မ.ကို ဂရုဏာသက်စွာဖြင့် ခပ်တင်း တင်း ပွေ့ဖက်ထားကာ နှစ်သိမ့် အားပေးနေ သည်။
'' အန်တီ နားလည်တယ် သမီး၊သမီးရဲ့ရင်တွင်း ခံစားချက်တွေကို ခံစားနားလည်ပေးနိုင်ပါတယ်၊သမီးဆုံးဖြတ်တာကို အန်တီက မှန်တယ် မှားတယ်လို့မပြောပါဘူးကွယ်၊ ဒီလိုဖြစ်ဖို့ကံပါလာမှတော့ ရင်ဆိုင်ဖို့ပဲရှိတော့တာပေါ့ ၊အန်တီ့ သမီးကြီးရဲ့ အလွန်ပါ၊ သူမိုက်မဲခဲ့တာပါ၊ အနှစ်နှစ်ဆယ်လုံးလုံး အန်တီတို့ ရင်ခွင်ကနေ ပျောက်ဆုံးခဲ့ရတဲ့ သမီးမို့ စွန့်လည်းမစွန့်ရက်နိုင်ပါဘူးသမီးရယ်၊ အပြစ်ဒဏ်ခတ်ချင်ပါတယ်၊ဒါပေမယ့် မလုပ်ရက်ဘူးသမီးရယ်၊ သမီးအပေါ် မတရားအရယူခဲ့သလိုဖြစ်ခဲ့တာကို မိခင်တစ်ယောက်အနေနဲ့ အနူးအညွတ်တောင်းပန်ပါတယ် သမီးရယ်....... နော် ၊ သမီးကြီးကို ခွင့်လွှတ်ဖို့ အန်တီမတောင်းဆိုထိုက် ပါဘူး၊ ခွင့်မလွှတ်ပါနဲ့....ဒါပေမယ့် အန်တီတို့
စီစဥ်ပေးတာကိုတော့ လက်ခံပေးပါနော်၊သမီးသဘောအတိုင်း သမီးကြီးနဲ့ပဲ လူကြီးစုံရာနဲ့လက်ထပ်ပွဲကလေး တော့ ကျင်းပပေးပါရစေ ''မေမေနှင့် မ.အပြန်အလှန်ပြောဆိုနေကြတာကို သူရင်တသိမ့်သိမ့်ခုန်လျက် နားထောင်နေခဲ့မိသည်။ မ.ရဲ့အသံကလေးကို ပြန်ကြားခွင့်ရတာကိုပဲ သူရင်ခုန်ပျော်ရွှင်လွန်းလှပြီ။ ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့ မ.ရယ်။ ကျွန်တော့်ကိုစိတ်ရှိလက်ရှိသာမုန်းနေလိုက်ပါ။ ကျွန်တော် ခံယူပါ့မယ်......။
မ.ကို မိဘတွေဆီမှာ လူကြီးစုံရာဖြင့် ပြန်အပ် သည့်ပွဲကလေး ပြုလုပ်ခဲ့ပြီးနောက် တရားရုံး မှာ လက်မှတ်ထိုးလိုက်ကြသည်။ မင်္ဂလာဧည့်ခံပွဲကိုလည်းမိန်းကလေးချင်းမို့ မ.ကမလုပ်ချင် ပေမယ့် ၊မေမေက အကြီးအကျယ်မလုပ်ချင်ပေမယ့် လည်း သူတို့ခြံကျယ်ထဲမှာပဲ ဒင်နာပါတီ ပွဲကလေးတော့ အကျဥ်းရုံးလုပ်ပါတောင်းဆိုလို့သာ မ.ကလက်ခံခဲ့သည်။ အဖေကတော့ သူ့ကိုစိတ်ဆိုးနေခဲ့သည်။ အိမ်မှာ ခွန်းဆက်နဲ့ကြယ်စင် တို့နှစ်ယောက် မရှိတော့။
စင်္ကါပူကိုထွက်သွားခဲ့ကြပြီ။ ခွန်းဆက် သူ့ကို ဘယ်လောက်နာသွားမယ်မှန်း သူမှန်းဆကြည့် လို့ ရပါသည်။ မတတ်နိုင်ပါ။
KAMU SEDANG MEMBACA
မရဲ့....မူပိုင်ရှင်
Cerita Pendekအမှတ်တရသိမ်းထားချင်မိတဲ့ normalfic တွေကိုရောသမမွှေထားတာပါ အမှားပါရင်ခွင့်လွှတ်ပေးစေချင်ပါတယ်ဗျာ🙏🙏