ငေးရင်း

0 0 0
                                    

မင်းနဲ့ ဆုံတွေ့ခဲ့တဲ့ နေ့ကမိုးတွေရွာနေခဲ့တယ်....
ရှောင်ကျန့်တယောက်အိမ်နဲ့အဆင်မပြေဖြစ်ခဲ့ပြီးအိမ်ကနေတိတ်တိတ်လေးခိုးထွက်လာခဲ့တယ်။
ဂုဏ်တွေ ပစ္စည်းဥစ္စာတေ သိက္ခာ တေကိုအမွှန်းတင်တတ်လွန်းတဲ့ အသိုင်းအဝိုင်းတခုကနေပေါ့....အပေတေတယောက်လိုလမ်းပေါ်မှာလေလွင့်နေလိုက် ဘားတခုမှာအချိန်ပိုင်းအလုပ်လေးလုပ်ရင်း တယောက်ထဲ လွတ်လွတ်လပ်လပ် နေလိုက်နဲ့ပဲ။
ဘားမှာ ယွီပင်းဆိုတဲ့လူတယောက်နဲ့မိတ်ဆွေဖြစ်ခဲ့ ကြပြီး အမှောင်လောကထဲကိုစတင်ခြေချမိခဲ့တယ်....
ဟျောင့်.... အလုပ်တခုရထားတယ်.. အေး
ဆိုစမ်းပါဦး။ ပစ္စည်းတွေ သွားပို့ရမှာကွ အမြတ်အစွန်း ကတော့နဲနဲများမယ်။
မင်းကတကိုယ်ရေသမားလည်းဖြစ် ငါလဲသွားစရာလေး ရှိနေလို့ကွာ..... ဘယ်လိုလဲ လုပ်မယ်မလား...အမ်.....Okလေ ကြိုးစား ကြည့်မယ် ရှုပ်ရှုပ်ရှပ်ရှပ်တော့မဖြစ်ဘူးမလား...ငါ့ဘိုးတော်က ခြေဆန့်လွန်းလို့ ထိပ်တိုက်မတွေ့ချင်လို့..😏😏😏အေးဆေးပါကွာ.. မင်းကိုငါက ယုံလို့ပို့ခိုင်းတာ ရှုတ်ရှင်းမရှိဘူးစိတ်ချ သားရီး မင်းသာOkရင်ပြီးပြီ😁
ပြီးရော 🙄
ညနဲနဲနက်လာတဲ့အထိ မအိပ်ချင်သေးတာနဲ့ ဘားရဲ့ဝရံတာဘက်ထွက်ပြီးဆေးလိပ်လေးသောက်ရင်း ညလေကို ရှူရှိုက်ရင်း...
မနက်မိုးလင်းလို့ နိုးတာနဲ့ မျက်နှာ သစ်ရေချိုးပြီးမနက်စာစားရင်း ယွီပင်းအလာကိုစောင့်နေလိုက်တယ်.....
ဟျောင့်..ကျန့်    ....ဘာလဲ မြန်မြန် လာ နောက်ကျရင် မင်း ပစ္စည်း တေကစိတ်မချရဘူး အေးပါ ကွာ ငါကားဝင်ယူနေလို့ ကားကိုမင်းပေးထားခဲ့မယ် အွန်း...ငါသွားပြီ ဟျောင့်
Bye ယွိပင်းပို့ထားတဲ့မြေပုံအတိုင်း ရှောင်ကျန့်လဲထွက်လာခဲ့တယ်နေ့လည်ဘက်ရောက်နေပြီမလို့ ဆိုင်တဆိုင်မှာဝင်ထိုင်ရင်း...မထင်မှတ်ဘဲ....ပါးဖောင်းဖောင်းလေး နဲ့ စားပွဲထိုးကောင်းေတယောက်နဲ့ ဆုံမိသွားတယ်
မှာချင်လို့... ဟုတ်ကဲ့ ဘာမှာမလို့လဲအကို  ကျန်းမာရေးဂရုစိုက်ဦး လို့ ခပ်တည်တည်နဲ့ ရှောင့်ကျန့်ရှေ့က လူသားလေးကိုနောက်လိုက်တော့ ကောင်လေးက 😣😣ဗျာလို့ ပြောရင်း အူကြောင်ကြောင်လေးဖြစ်နေတယ်် ရှောင်ကျန့်အသည်းယားစရာကောင်လေးကိုထပ်မစတော့ဘဲ....နေလည်စာမှာစားလိုက်တယ် ပိုက်ဆံ ရှင်းဖို့ခေါ်လိုက်ပေမဲ့ စောနက ကောင်လေးကိုတော့အရိပ်ယောင်တောင်မမြင်ရတော့....နောက်တခါဆိုတာရှိရင်ဆုံချင်သေးတယ် ကလေးငယ် လို့ပဲစိတ်ထဲကနေတွေးထားလိုက်တယ်  မိုးကနဲမဲအုံ့လာပြီး ရွာတော့မလိုဖြစ်နေတော့ ပစ္စည်း ကိုမြန်မြနိပဲသွားပို့လိုက်တယ် ပြသနာ မရှိတော့သူ့အတွက်တော်သေးသည်ဆိုရမည်...
ဘာမှာကပ်နေရတာကလဲကြာလာတော့အားနာသလိုရှိတာမို့ခြေချဖို့နေရာအသစ်
ရှာရဦးမှာမို့ သူဒီအလုပ်ကိုလက်ခံမိတယ်
ဟူးးးး လွတ်လပ်ပေမဲ့အရင်က ဘော်ဂျော့နေခဲ့ရတဲ့အချိန်တော့လွမ်းသား...းးး.
ညနေ နဲနဲ မှောင်တာနဲ့မြို့အပြင်လူပြတ်တဲ့နေရာကနေတဖြည်းဖြည့်း မြို့အဝင်ကိုရောက်လာခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် မိုးတေကတအုန်းအုန်းရွာချလာပါလေရော...
ကျစ် မိုးကလဲကွာ ရှောင်ကျန့်ညီးညူရင်း
ကားကိုအရှိန်လျော့ မောင်းလာလိုက်တယ် မိုးချုပ်နေပီ မို့ လူသွားလူလာကနဲနေပြီဖြစ်တယ် ရှောင်ကျန့် လဲ ဟိုတွေးဒီတွေးနဲ်မောင်းလာလိုက်တာ  ရှေ့က အဝတ်အမဲနဲ့လူတယောက်ကို တိုက်မိမလိုဖြစ်သွားမှ...
ဝုန်းးးးကျွီ ဘရိပ်ကို အမိအရနင်းမိလို့ရှေ့ကဘူကိုတော့မတိုက်မိဘူးထင်ရတာပဲ...သွားပြီလား တယောက်ထဲ ရေရွတ်မိတယ်....
မထင်မှတ်ထားတာတေက တကယ်ဖြစ်လာခဲ့တယ့်....... လဲနေတဲ့ လူသားသေးသေးလေးကို ပွေ့ယူကြည့်မိတော့......ငယ် ဟာ...ကလေး
ငယ်.....ဘာမှ တွေးမနေတော့ဘဲ နီးစပ်ရာ ဆေးရုံကိုပဲ အပြေးမောင်းခဲ့တော့တယ်...ငယ်ကိုယ့်ကြောင့် ဘာမှမဖြစ်ပါစေနဲ့ကွာ......။

You've reached the end of published parts.

⏰ Last updated: Feb 20, 2022 ⏰

Add this story to your Library to get notified about new parts!

DarkWhere stories live. Discover now