Ep 1

1.1K 48 0
                                    

ဥယာဉ်တော်ကြီးထဲ ကြောက်လန့်တစ်ကြား ပြေးလွှားနေသော 13 နှစ်အရွယ် ကင်ထယ်ယောင်း။

ကင်ထယ်ယောင်း နောက်မှ အေးအေး ဆေးဆေး လမ်းလျှောက်ရင်း လိုက်လာသော ခေါင်းစွပ်ပါ အနက်ရောင် ၀တ်ရုံရှည်နှင့် လူတစ်ယောက်။

ထယ်ယောင်း ခဗျာကြောက်လန့်ပြီး ‌ထွက်ပြေးနေရရှာတယ်။

ဆိုးရွားပြီး စိတ်ပျက်စရာ လေသံဖြင့်။

"အိမ့်ရှေ့စံမင်းသားလေး မပြေးပါနဲ့ ငါကမင်းကို မနာကျင်ပဲ အဆုံးသတ်ပေးမှာမို့ ထပ်ပြီးမပြေးပါနဲ့"

ဘာလို့ ဒီစိတ်ပျက်စရာလူက ငါ့နောက်ကို လိုက်နေရတာလဲ။ ထွက်ပေါက် မရှိတဲ့ ဒီနေရာမှာ ဒီအရူးကို ရင်ဆိုင်ရမှာလား။ ဘာလို့လဲ? ငါမို့လို့လား။ ငါကအိမ်ရှေ့စံမင်းသားမို့တဲ့လား။

လွန်ခဲ့သောနှစ်အနည်းငယ်တွင်.....

များစွာသော ထုတ်ကုန်များ/ကျောက်မြတ်အမျိုးမျိုး/လယ်ယာမြေ/များစွာသော သဘာ၀လွန် နည်းပညာများ/မှော်ပညာနှင့် ဓါးရေးပညာ ထွန်းကားမှု အများဆုံးသော A နိုင်ငံသည် ဩဇာအာဏာ အရှိဆုံးသော နိုင်ငံကြီးတစ်ခုဖြစ်သည်။

တစ်ရက် A နိုင်ငံသို့ ဟောကိန်းတစ်ခု ကျရောက် လာသောအခါ။

အနာဂတ် ဟောကိန်းထဲတွင် ဟန်ဆိုးဟွာဟု အမည်ရှိ မိန်းကလေးငယ်သည် A နိုင်ငံ၏ အနာဂတ် ဘုရင်မင်းမြတ်ကို မွေးဖွားနိုင်လိမ့်မည်တဲ့။

ဒီသတင်းကို ဘုရင်မင်းမြတ် ကင်ဂျီယောင်း ကြားတာနဲ့ ဟန်ဆိုးဟွာကို အသေရရ အရှင်ရရ မိဖုရားအဖြစ် တင်မြှောက်ရန် လိုက်ရှာ ပါတော့တယ်။

တစ်ရက်မှာတော့ မထင်မှတ်ထားပဲ ဆောင်းရာသီ ကောက်ရိတ်သိမ်းပွဲမှာ ဟန်ဆိုးဟွာ နဲ့တွေ့ဆုံခဲ့ပါတော့တယ်။

ခါးလည်လောက်ထိ ရှည်တဲ့ ရွှေရောင်ဖျော့ ဆံနွယ်‌တေနဲ့ စိမ်းစိုနေတဲ့ တောအုပ်ကြီး တစ်ခုလိုလှပတဲ့ အစိမ်းရောင်‌ ရီဝေဝေ မျက်၀န်းတစ်စုံက ကင်ဂျီယောင်း အတွက် အကြည့် မလွှဲနိုင် လောက်အောင် ဖြစ်စေတယ်။

အချိန်ခဏအတွင်း သူတို့နှစ်ယောက် ချစ်ကြိုက် သွားကြတယ်။ မကြာပါဘူး ဟန်ဆိုးဟွာကို နေ့တွင်း ညတွင်းခြင်းပဲ
A တိုင်းပြည်ရဲ့ ဘုရင်မတစ်ပါးအဖြစ် တင်မြှောက်လိုက်တယ်။ အစတုန်းက သာမာန် မိဖုရားအဖြစ် တင်မြှောက်ဖို့ လုပ်ပါသေးသည်။ သို့သော် ကင်ဂျီယောင်း သူမသိလိုက်ခင်ပဲ ဟန်ဆိုးဟွာကို အရမ်းချစ်မိနေပြန်‌တယ်။ သာမာန် မိဖုရားအဖြစ် ဆိုရင် ဆိုးဟွာကို အခြား မိဖုရားတေနဲ့ ကိုယ်လုပ်တော်တေ အနိုင်ကျင့်မည်ကို ဆိုးရိမ်မိသည်။ ဒါကြောင့် ဘယ်သူမှ အသိမပေးဘဲ ဘုရင်မအဖြစ် တင်မြှောက် လိုက်ခြင်းသာ ဖြစ်သည်။

When I Become Your KingWhere stories live. Discover now