960 95 0
                                    



⌕ ᴏᴜʀ ʟᴏᴠᴇ sᴛᴏʀʏ sᴛᴀʀᴛᴇᴅ ᴡɪᴛʜ ʀᴀᴍᴇɴ ⌕


-🦌🐶 -



"ကိုကို...ဒီညချက်စရာဘာမှမရှိဘူး.."
ဆိုပြီး puppy eyesတွေဖြင့် ချစ်စရာကောင်းစွာ ပြောလာတဲ့ ကျွန်တော့ ကောင်လေး

"အာရီးဂူး ကိုယ့်ကလေးလေးက ကိုယ့်စိတ်ဆိုးမှာကြောက်နေတာလား"လို့‌
မေးတော့ ခေါင်းလေးကိုအသာလေး ညိမ့်လာတယ်

"ကိုယ့်က ဘာလို့စိတ်ဆိုးရမှာလဲ အရူးလေးရဲ့..ချက်စရာမရှိလဲဘာဖြစ်လဲ အမြဲတမ်း အိမ်ထမင်းဘဲ စားနေရတာ"

အင်မ်းး အဲ့ဒီတော့ ကိုယ့်တို့ လမ်းထိပ်က Convenient Storeက ramen ၀ယ်စားကြမယ်လေ"

"အင်းအင်း သွားကြမယ်"
ချက်ချင်းကို အရောင်လတ်လာတဲ့မျက်လုံးတွေ..

ချစ်သူရဲ့ မျက်နှာလေး ရွှင်လာတာမြင်ရတဲ့ ဟီဆွန်းတစ်ယောက် ဂျိတ်ခ်ရဲ့ နဖူးလေးကို ဖွဖွ တစ်ချက်နမ်းလိုက်ပြီး

"လာသွားကြမယ်" ဂျိတ်ခ်ကလဲ ပျော်ပျော်ကြီး သူ့လက်လေးကိုတွဲလာလေရဲ့



























တစ်ဖြည်းဖြည်းလမ်းလျှောက်လာရင်း
Convenient Store ဆိုင်လေးကို လှမ်းမြင်နေရပြီဖြစ်သည်။

"ကိုကို့အတွက်က Cheese"

"ကိုယ့်ကလေးလေးက Cabonaraဟုတ်တယ်ဟုတ်??"

ဂျိတ်ခ်က ပြုံးရင်း ခေါင်းလေးတစ်ချက်ညိမ့်ပြလာသည်။
တစ်ယောက်အတွက် တစ်ယောက်ယူပေးကြရင်း အမည်တပ်မရတဲ့ အပြုံးလေးကိုယ်စီတွေက ရှိနေကြသည်။

သူတို့ ယူထားတဲ့ ခေါက်ဆွဲ ဘူးလေးတွေကို ပြုတ်ပြီးနောက် ဟီဆွန်းက ခေါက်ဆွဲ နှစ်ဘူးကို ကိုင်ပြီး ‌‌သူ့ကောင်ငယ်လေး စောင့်နေတဲ့ခုံနားကို လာခဲ့လိုက်သည်။

"တော်တော် အကြာကြီးနေမှ ခေါက်ဆွဲပြန်စားရတာပျော်စရာကြီးနော် ဟီးဟီး
ကိုကိုနဲ့ ပထမဆုံးစတွေ့တဲ့အချိန်လေးကိုတောင်သတိရမိသွားတယ်"

ᴏᴜʀ ʟᴏᴠᴇ sᴛᴏʀʏ sᴛᴀʀᴛᴇᴅ ᴡɪᴛʜ ʀᴀᴍᴇɴWhere stories live. Discover now