နွေဦးရနဲ့လေသင်းပျံတဲ့ကြာကန်နားဘေးမှာ
ကောင်လေးလေးယောက်မုန့်စားရင်စကားပြောနေကြတယ်"ကျန်းချန် မင်းကသည်မှာစာလာသင်တာကောင်းတယ်
အဖော်ရတာပေါ့"ရှောင်ကျန် ကစကားပြောတော့
"အင်း ငါလည်းပျော်ပါတယ်""ကလေးဒါလေးစားကြည့်"
ရိပေါ်ကပြောရင်း မုန့်များကိုထည့်ကျွေးလေသည်"ဟုတ်"
ရှောင်ကျန် ကလည်းရိပေါ်ကျွေးသမျှကိုနာခံစွာစားလေသည်ရှီးချန် ကတော့ရေနွေးသောက်လိုက်
မုန့်ကိုတို့ခနဲ့စိတ်ခနဲသာစားကာ
ကျန်းချန် ကိုသာကြည့်လေသည်"ဟိုလေ ငါမေးစရာရှိလို့ စိတ်မဆိုးနဲ့"ကျန်းချန် ကရှောင်ကျန်ကိုကြည့်ကာပြောလေသည်
ထိုစကားကြောင့်ရိပေါ်က စွေကြည့်လေသည်"အင်းပြောလေ ဘာပြောမှာလည်း ငါကစိတ်မဆိုးတတ်ပါဘူး"
ရှောင်ကျန် ကအစားများကိုပါးစပ်အပြည့်စားရင်းဖြေလေသည်
"မင်းနဲ့ရိပေါ်နဲ့ကလေဟို...ဟို
မယ်တော်နဲ့ခမည်းတော်လို့ချစ်နေတာလား"
ကျန်းချန် မှာမျက်နှာများရဲကာ
မမေးရဲမေးရဲနဲ့မေးလေသည်
ထိုအမေးကြောင့်ရှောင်ကျန်မှာ
အသံထွက်ကာအော်ရယ်လေသည်"ဟား......ဟား...ဘာများလည်းလို့
ကျန်းချန်ရာ
မင်းထင်တာမှန်တယ်
ငါနဲ့ရိပေါ်ကချစ်သူတွေ
ဟုတ်တယ်မလား ကိုကို"
"အင်း ကလေးပြောတာအမှန်ပဲ"
ပြောရင်းပါးကိုနမ်းလိုက်သည်"ဟင့်လူဆိုးကြီး
နမ်းပြန်ပြီ အရှက်မရှိလိုက်တာ"
"ကလေးနဲ့ရှိရင်အရှက်ရှိစရာမလိုဘူး
ကလေးရှိဖို့ပဲလိုတာ"
"ဟီးဟီ လူတတ်ကြီး ""ကျန်းချန် ဘာမှတွေးမနေနဲ့ နင်လည်းနောက်ကျငါတို့လို့ဖြစ်မှာ
ဟုတ်တယ်နော်အကိုရှီးချန်"
"ဟမ်". ..."အဟွတိ...အကိုတော် ဟို အလုပ်ရှိသေးလို့သွားပြီ"
ရှောင်ကျန် စကားထောက်လိုက်တာကြောင့်ရှက်ပြီး
ရေနွေးသီးသွားကာအမြန်ထွက်သွားလေသည်
ဒါတောင်
ကန်ဘေးကတိုင်ကိုဝင်တိုက်မိသည်"အကိုတော်...."
"ရတယ်ဘာမှမဖြစ်ဘူး"
လက်ကာပြရင်းရှေ့ဆက်လှမ်းတော့
အဲ့အခါမှပိုဆိုး
ဝတ်ရုံအစတတ်နင်းမိကာ
ခြေလျှော်ပြန်သည်

YOU ARE READING
The Searching Of My Love God
Randomဘယ်ဘဝရောက်ရောက်ချစ်ပါရစေ ရိပေါ် ချစ်ရတဲ့စစ်နတ်ဘုရား