ရင်ထဲဆိုနင့်စွာနဲ့ ကျလာတော့ မယ့်မျက်ရည်တွေပါ မျက်လုံးထဲ ပြန်ဝင်သွားသလိုပဲ
Nanonက ကျွန်တော့်ကို ချစ်တယ်တဲ့လေ
အိမ်မက်များလား
"မင်း.. ဘာပြောလိုက်တာလဲ..""ချစ်တယ်လို့...ငါလည်း မင်းကိုချစ်တယ်"
"တကယ်ကြီးလား"
"သူငယ်ချင်းလိုမဟုတ်ဘူးနော်"
"ချစ်သူတွေလို ချစ်ရမှာ"
"မင်း အဲ့လိုတကယ်ချစ်တာလား ohmကို""မဟုတ်ဘူး....."
" ဘယ်လို ချစ်တာပါလိမ့် နော်"
"သူငယ်ချင်းလိုများလား"
"စဉ်းစားလိုက်အုံးမယ် တနှစ်လောက်"
မျက်နှာကြီးအောက်ဆိုက်ပြီး မျက်လုံးထဲက မျက်ရည်တွေ ကျမလာအောင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ အကောင်ပေါက်က တကယ် ဖက်ထားပေးချင်စရာလေး
"အာ....ငိုတော့မလို့လား..."
"ငါ ကနောက်တာပါကွာ"
"ဟောဒီက အုံဗလကြီးကို ချစ်သူလို ချစ်တာပေါ့ကွာ"
"အဲ့တာလေးတောင် မရိပ်မိဘူးလား""မင်းကွာ "
"ချစ်လိုက်ရတာ"
"လာပါအုံး ရင်ခွင်ထဲကို"
"အင့် ..."
ရင်ခွင်ထဲကို အားကြီးနဲ့ ပစ်ဝင်လိုက်တာ ကျွန်တော့် ရင်ဘတ်တခုလုံးပါ အောင့်သွားတယ်
တကယ့် အဆိုးလေး
"သိပ် မဝင်ချင်ရှာဘူးနော် မင်းက""ဘာလဲ မဝင်ရဘူးလား"
"ရတယ်လေ လာမဖက်နဲ့"
"ခုလွှတ်""ဖက်ချင်တာပေါ့လို့ ခုနက အရမ်းချမ်းနေတာ ခုမှ နွေးသွားတယ်"
"မင်းကိုလေ ဟောဒီလို စိတ်ရှိလက်ရှိ ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားချင်တာကြာပြီ သိရဲ့လား""အဲ့တာများ အစကတည်း က ဖွင့်ပြောလိုက်ပေါ့"
"ငါ့မှာ မင်းသဝန်တိုအောင် လုပ်ရတာ ဘယ်လောက်ပင်ပန်းတယ်ထင်လဲ"
"ဆရာကို ခုတုံးလုပ်ရတာ အားနာလိုက်တာ""ဘယ်လို ...."
ရင်ခွင်ထဲက ကောင်လေးကို ပုခုံးကကိုင်ပြီး ကျွန်တော်နဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်"ဟုတ်တယ်...မင်း ပထမဆုံးနမ်းလိုက်တော့ ငါရင်တွေ အရမ်းခုန်နေခဲ့တာOhm ပြီးတော့ အဲ့အနမ်းလေးကို ထပ်လိုချင်ခဲ့တာ .. မနက်ရောက်တော့...မင်းကမမှတ်မိတော့ ဘူးတဲ့လေ....ရင်ထဲက တခုခုကို ဆွဲထုတ်လိုက်သလို ခံစားချက်မျိုးကြီး ဖြစ်သွားတာ"
"အဲ့တော့မှ ငါ့ကိုငါ နားလည်သွားတာ မင်းကိုချစ်နေမိပြီဆိုတာ"
"မင်းလိမ်လိုက်မှန်းသိတော့ ငါ အရမ်းပျော်ခဲ့တာ......ဖွင့်ပြောဖို့လုပ်နေမှန်းလဲသိတယ် ဆရာ ရောက်လာလို့မပြောလိုက်ရတာ လည်းသိတယ်"
"မင်း ဆရာနဲ့ ငါ့ကို သဝန်တိုနေမှန်းလဲ သိတယ်"
"မင်းက ငါနဲ့အတူရှိနေတဲ့အချိန်တွေမှာ ဆက်ပြီး ဖွင့်ပြောဖို့မကြိုးစားတော့ဘူးလေ"
"အဲ့တာမလို့ အခု အခွင့်အရေးရတုန်းလေးမင်းခံစားချက်တွေ ပွင့်ဟလာအောင် အကို အကိုနဲ့ သဝန်တိုလာအောင် လုပ်လိုက်တာ"
"ငါ့ ဘက်ကဖွင့်ပြောလိုက်လည်း ရပေမယ့် မင်း ဘက်က ဖွင့်ပြောလာတာလေး လိုချင်လို့ လုပ်လိုက်တာ"
"ငါလိုချင်တဲ့ ဟောဒီ နှုတ်ခမ်းလေးက အနမ်းလေးပါ အစစ်ရသွားတာလေ"
ŞİMDİ OKUDUĞUN
ပါးချိုင့်လေးက ohmအပိုင်💚❤
Romantizmပါးချိုင်းလေး ထံမှာ ကျရှုံးရတဲ့ နှလုံးသား တစုံအကြောင်း💚 ohm💚 nanon❤ 💚❤Completed💚❤