Unicodeနေမင်းကြီးလဲ ကမ္ဘာသူ ကမ္ဘာသားတွေ ကို အလင်းရောင်ပေးဖို့ တနေ့တာကို ခရီးဆန့်ရင်းအနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ ဝပ်ဆင်းသွားတဲ့ ညနေ နေဝင်ရီတရောအချိန်မှာ
အနှိုင်းမဲ့ ကလွဲပြီး မည်သူတစ်ဦးတစ်ယောက်မှ မရှိတဲ့ စံအိမ်ကြီးကတော့ အလင်းရောင်မှိန်ပျပျအောက်မှာ အမှောင်ထုလေး မသိမသာဝင်ရောက်နေရာယူလျက်
ဝမ်းနည်းနေသူအဖို့ စိတ်အစဉ်မှာ ချောက်ချားခြင်းသည်သာ စိုးမိုးလို့နေ၏
အနှိုင်းမဲ့ လှေကားပေါ်ကနေ ခြေတစ်လှမ်းမှ မခွာရသေးဘူး သူကျောက်ရုပ်လိုပဲ ငြိမ်နေတယ်
ရင်ထဲမှာလဲ ဟာတာတာနဲ့ မျက်ရည်ပူတွေပဲကျနေတယ်
စံအိမ်ထဲမှာသူတစ်ယောက်တည်းကျန်ခဲ့တယ် အကုန်လုံး ဆေးရုံလိုက်သွားတယ် ထမင်းချက်အဒေါ်ကြီးကအစ အဒေါ်ကြီးက မီးမီးလေးကို ချစ်တယ်ဆေးရုံဘက်မှာလဲ
ဝသာန် တစ်ယောက် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ Operation အခန်းရှေ့မှာ သူ့ရင်တွေပူနေပါပြီး သမီးလေးသာတစ်ခုခုဖြစ်သွားရင် သူရင်ကျိုးပြီး အနှိုင်းမဲ့ ကို ဘယ်နည်းနဲ့မှခွင့်လွှတ်နိုင်မှာမဟုတ်တော့ဘူးသူ့မှာလဲ အနှိုင်းမဲ့ နဲ့ ရပြီးကတည်းက သောကတွေနဲ့အိပ်စက်ရတဲ့ညပေါင်းလဲမရေမတွက်နိုင်အောင်ပါပဲ
အမေ နဲ့ ညီမလေး လဲ ရောက်လာတယ် ခဏနေတော့ ချစ်ရင်ထူး ပါရောက်လာတယ်
"သားရယ်ဘယ်လိုဖြစ်ရတာလဲမီးမီးလေးက"
"မီးမီးလေး က ကစားရင်းနဲ့အရှိန်လွန်ပြီးလှေကားပေါ်ကနေပြုတ်ကျတာ "
မုသားတစ်ဝက်အမှန်တစ်ဝက်ပြောလိုက်တယ်"ဒုက္ခပဲ ငါ့မြေးမလေးတော့ ကံဆိုးရှာတယ် ခဏခဏ ဒဏ်ရာရနေတယ်"
ပါးပါးတွန်းချလိုက်တာလို့ပြောမလို့ပါးစပ်ပြင်နေတဲ့ Spring က Daddy ကို ကြည့်လိုက်တဲ့အချိန်မှာ မပြောပြလိုက်ပါနဲ့ ဆိုတဲ့ပုံစံ လုပ်ပြတော့ Spring နားလည်သွားတယ်
Daddy က ပါးပါးကို ချစ်တာသူသိတယ် သူလဲ ပါးပါးကိုချစ်တယ် ကြောက်လဲကြောက်တယ် သူ့ကိုတော့ ဘာမှမလုပ်ပေမယ့် ညီမလေးကိုဆို ထုလိုက်ရိုက်လိုက် တွန်းလိုက် နဲ့ ဘာလို့ ပါးပါးက ညီမလေးကို မုန်းနေတာလဲ သူနားမလည်ဘူး
YOU ARE READING
🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)
FantasyUnicode နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလုံးသားပိုင်ရှင် ကောင်လေးနဲ့ ရိုင်းစိုင်းမောက်မာပြီး အေးစက်တဲ့နှလုံးသားပိုင်ရှင် ကောင်လေးတို့ရဲ့ ဘဝအချိုးအကွေ့ မှာ ကြုံတွေ့ရတဲ့ အချစ် အမုန်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း Zawgyi နူးညံ့ကြင်နာပြီးနွေးထွေးတဲ့ နှလံ...