Zawgyi**
" အစ်ကိုဆည်း... ဒီမှာ အစ်ကိုယူခိုင်းတဲ့ပစ္စည်းတွေ.."
ဖိုးကောက်က ဟိန်းဇေလက်ထဲမှ အထုပ်တို့ကို ဆွဲလျက် ဆည်းထံကမ်းပေးသည့်အခါ ဆည်းက လွှမ်းနှင့် စကားပြောရင်း အကင်ကင်ပေးနေရာမှ လှည့်ကြည့်လျက်။
" အဲ့တာ အစ်ကိုရဲ့ မင်းတို့အတွက်လက်ဆောင်တွေ... အပြာရောင်အထုပ်တွေက မိန်းကလေးတွေအတွက်.. အဖြူရောင်တွေကတော့ မင်းတို့ယောက်ျားလေးတွေအတွက်... ဖိုးကောက်ပဲ ဝေပေးလိုက်တော့.. ဟုတ်ပြီလား "
" ဟုတ် "
ခေါင်းညိတ်ပြလျက် ဖိုးကောက်က အထုပ်တွေကို ဘေးက ခုံအလွတ်ပေါ်ထားလိုက်သည်။
ထို့နောက် ဟိန်းဇေကို ကြည့်လိုက်သည့်အခါ ဟိန်းဇေကသူ့အား ခေါင်းတစ်ချက်ညိတ်ပြလေ၏။ သဘောကတော့ သူ့ကို ကူပြောပေးပါဆိုသည့်သဘော။
ဟိန်းဇေ၏အမူအယာကို နားလည်စွာဖြင့် ဖိုးကောက်လည်း အစ်ကိုဆည်းကို နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။
" အစ်ကိုဆည်း... ဟိန်းဇေက အစ်ကို့ကို ပြောစရာရှိလို့တဲ့ "
ပြောစရာဆိုသည့်စကားကြောင့် ဆည်းလည်း ဟိန်းဇေကိုနောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ထိုကလေး၏ မျက်ဝန်းက တစ်လက်လက်တောက်ပနေကာ ပျော်ရွှင်မှုတို့အပြည့်။
" ပြောလေ.. ဟိန်းဇေရဲ့ ဘာပြောမလို့လဲ "
" ဟို.. ကျွန်တော်တို့ ဟိုနားသွားပြောရအောင် "
ဟိန်းဇေက မလှမ်းမကမ်းရှိ ထိုင်ခုံအလွတ်တို့ဆီသို့ ညွှန်ပြရင်း ဆည်းအား ပြောလာသည့်အခါ လုပ်လက်စအလုပ်ကို ဖိုးကောက်နှင့်သာ လွှဲထားလိုက်ရင်း ဟိန်းဇေနောက်သို့ လိုက်လာခဲ့သည်။
ဖိုးကောက်၊ လွှမ်းနှင့် ကြီးနန်းတို့ကတော့ အကင်ကင်ရင်း အခြေအနေကို နားစွင့်နေကြ၏။
" ကဲ... ဘာပြောမလို့လဲ "
ဆည်းက ထိုင်ခုံ၌ ဝင်ထိုင်လိုက်ရင်း ဟိန်းဇေကို မေး၏။ ထိုအခါမှာတော့ ဟိန်းဇေ၏အမူအယာက အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားရ၏။
" ဒီ... ဒီလိုပါ အစ်ကို... ကျွန်တော် အစ်ကို့ဆီက ကိစ္စနှစ်ခုကို ခွင့်တောင်းချင်လို့ "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "