Chapter 1: Raining

4.6K 186 15
                                    





နွေရာသီကျော်လွန်၍ မိုးရာသီကူးစအချိန်ဖြစ်ကာ ရာသီဥတုက ဒီနေ့အဖို့မိုးနည်းနည်းအုံ့သည်။ နာမည်ကြီးအနုပညာတက္ကသိုလ်တစ်ခု၏ မြူးဇစ်မေဂျာ၌ အရင်လို သီအိုရီတွေကိုသင်နေရတုန်းပဲ။

ပထမနှစ်သင်တန်းသားတွေဖြစ်ပြီး ယခုထိစာတွေ့ကများနေတော့ ဂျယ်ယွန်းစိတ်ညစ်သည်။ နောက်မှန်းသိရင် ဒီမေဂျာကိုမယူသလို အနုပညာကောလိပ်ကို အားအားယားယားလျှောက်ခဲ့မှာမဟုတ်ဘူး။ ယခုတော့ ခေါင်းချာချာလည်မူးနေရပြီ။

မြူးဇစ်သီအိုရီ အချိန်ဆို သူမှမဟုတ်ဘူး တော်တော်များများက ပျင်းရိကြသူတွေချည်း။ ဒီထဲမှာ ဂျယ်ယွန်းလိုအဆိုတော်ဖြစ်ချင်ကြတဲ့လူတွေပါသလို  သီချင်းထုတ်လုပ်ရေး အစရှိတဲ့မြူးဇစ်နယ်ပယ်မှာ ပါဝင်ချင်သူတွေလည်းရှိကြသည်။ ကျောင်းသားအားလုံးနီးပါး မြူးဇစ်ကိုသဘောကျလို့ ဒီမေဂျာယူခဲ့တာမဟုတ်လား။

အရင်တုန်းကတော့ အနုပညာကျောင်းတွေဖောဖောသီသီမရှိသလို မေဂျာတွေကလက်ချိုးရေလို့ရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းခေတ်မီတိုးတက်တဲ့အခါ  ဂျယ်ယွန်းတို့ ကံကောင်းတယ်ဆိုရမလားမသိ၊ ပိုပြီးအခွင့်အရေးတွေရလာခဲ့သည်။

စာသင်ချိန်၌ ပရော်ဖက်ဆာဟာ သီအိုရီတွေကို သေချာရှင်းပြနေပေမယ့် စာသင်ခန်းအလယ်တန်းရဲ့ အလယ်နားမှာထိုင်သော ရှင်းမ်ဂျယ်ယွန်းတို့ကတော့ ငုတ်တုတ်ထိုင်ငေးနေသည်။ တနည်း စာသင်တာကို နားထောင်သလိုဟန်ဆောင်ခြင်းဖြစ်၏။ တစ်ခြားကျောင်းသားတွေ ဘယ်လိုဘယ်ဝါလုပ်ကြသလဲမသိပေမယ့် သူကတော့ ဒီနည်းလမ်းကိုပဲသုံးဖြစ်သည်။

ဒါက အတော်လေးအသုံးဝင်တယ်လေ။ ရှင်းရှင်းပြောရရင် ဒါကိုဂျယ်ယွန်းလုံးဝ လုံးဝမသိပါဘူး။ သို့သော် အထက်တန်းဒုတိယနှစ်တွင် ခပ်ဆိုးဆိုးဆရာမကြီးကြောင့်ပဲ ဒီပညာတတ်ခဲ့လာတယ်။ အဲ့တုန်းကဆို အမြဲအိပ်ငိုက်လွန်းပြီး သူချည်းအဆူခံခဲ့ရတာ။  အဲ့ဆရာမရဲ့ စာသင်ချိန်ဆို မျက်လုံးက ကျောက်သင်ပုန်းဆီရောက်ပေမယ့်  စိတ်ကတော့ အီဂျစ်၊အမေရိကန်၊ပြင်သစ်တွေအထိ ဖျော်ဖြေရေးတွေလုပ်နေတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now