"ချစ်လို့"
"ဟင်!"
"မင်းကိုချစ်လို့"
"ဘာ ဘာတွေလာပြောနေတာလဲ"
ကိုကိုပြောလိုက်တဲ့စကားကြောင့် လွန်းရင်ထဲလှိုက်ခုန်သွားရခြင်းနှင့်အတူ မယုံကြည်နိုင်သောစိတ်ကလေးကပါဒွန့်တွဲကာဝင်လာခဲ့သည်။ဒါကဘယ်လိုဖြစ်နိုင်မှာလဲ အရမ်းရယ်စရာကောင်းတဲ့ဟာသတစ်ခုပဲမို့လား မယုံကြည်နိုင်သောစိတ်နှင့်အတူ ကိုကိုရှေ့ကနေလှည့်ထွက်ရန်သာပြင်လိုက်သည်။
"အမေ့!"
လွန်း ကိုကိုအရှေ့ကနေလှည့်ထွက်လိုက်ပေမဲ့ ကိုကိုကရုတ်တရက်လွန်းလက်ကိုပြန်ဆွဲလိုက်သောကြောင့် အရှိန်လွန်ကာ ကိုကိုရင်ခွင်ထဲကိုရောက်သွားရသောကြောင့် ကိုကို့ကိုအလန့်တကြားမော့ကြည့်လိုက်မိတော့ ကိုကိုကလည်းလွန်းကိုငြို့အားပြင်းသောမျက်ဝန်းတွေနဲ့စိုက်ကြည့်တာကိုတွေ့လိုက်ရသည်။လွန်း ကိုကို့လက်ထဲကရုန်းလိုက်ပေမဲ့လည်း မလွှတ်တဲ့အပြင်ပိုတင်းကြပ်စွာအဖတ်ခံလိုက်ရသောကြောင့် မျက်နှာနှစ်ခုကလဲအလွန်နည်းကပ်သွားသောကြောင့် လွန်းခေါင်းအမြန်ငုံ့လိုက်မိသည်။
"ဖယ် ဖယ်ပေးပါ"
"လွန်းငယ်"
"ဟင့်အင်"
"ကိုကိုဘာပြောရသေးလို့လဲကွာ"
"ဟင့်အင် မသိဘူးလွှတ်ပေး"
"ဘာလို့အတင်းရုန်းနေတာလဲ လွန်းငယ်ရာ လက်တွေနာကုန်မယ်"
"မရုန်စေချင်ရင်လွှတ်ပေး"
"အွန်း လွှတ်ပေးမယ် ဒါပေမဲ့ ကိုကိုပြောတာနားထောင်ရမယ်"
"ဘာကိုလဲ"
ဂွန်းရင်ခွင်ထဲကနေခေါင်းလေးငုံ့ကာ အမေးအဖြေလုပ်နေတဲ့ အကောင်ပေါက်ကလေးကိုကြည့်ကာ ဂွန်းအသဲယားနေမိသည်။အမြဲတမ်းခပ်တည်တည်နေတက်တဲ့ ဒီလူသားလေးမှာ ခုလိုမျိုးကလေးဆန်တဲ့ချစ်စရာအပြုအမှုလေးတွေရှိနေခဲ့တာတဲ့လား ဂွန်းစဉ်းစားနေရင်းပြုံးလိုက်မိသည်။
"အဟွန်း"
"ဘာ ဘာရယ်တာလဲ လွန်းကိုလွှတ်ပေး"
YOU ARE READING
💛အဖြူရောင်နှောင်ကြိုး💛ခေတ္တရပ်နား🙏
Romanceအမွေရဖို့အတွက်နဲ့ ရုပ်ဆိုးနဲ့ဖတ်တီးကြီးကိုလက်ထပ်ဖို့များ ဘာလို့စီစဉ်ခဲ့တာလည်းဖေဖေရာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ကိုပေးခဲ့လည်းရနေတာကို မွေးစားသားရုပ်ဆိုးကြီးနဲ့လက်ထပ်ဖို့ ဖေဖေမို့စီစဉ်ရက်တယ် ဂွန်းမဟာဗိုလ် ဖေဖေစီစဉ်တဲ့အတိုင်းလိုက်နာဖို့အဆင...