(Unicode).
ဒီone shotလေးက ZSWW Fanclub က Sway with the kindness (Donate project)လေးမှာရေးခဲ့တာလေးပါ။
Admin တို့ကိုခွင့်တောင်းပြီး upခွင့်ရတာနဲ့သင်္ကြန်လက်
ဆောင်အဖြစ် စီစဉ်လိုက်ရတာပါဗျ။နှစ်သစ်မှာကျန်းမာချမ်းသာပြီးကိုယ်စိတ်နှစ်ဖြာရွင်လန်း
ကျန်းမာကြပါစေဗျ။FUCHSIA (I will never tell)
"ယောက်ျားသားတစ်ယောက်မို့ အိပ်ဆောင်တော်
မဝင်နိုင်ပါဘူး...အရှင်!အခြားအဆောင်တော်ဆီ
သာ ကြွမြန်းပါ"ခွမ်း!
ဧကရာဇ်ရဲ့အမျက်ဒေါသကြောင့် လွင့်စင်သွားတဲ့
ကျောက်စိမ်းကြွေထည်ပန်းအိုးလေးက အစိပ်စိပ်
အမွှာမွှာ။"အတင့်ရဲလိုက်တာ!မင်းက ငါကိုယ်တော်ရဲ့ကိုယ်
လုပ်တော်ပဲ...မင်းမှာငြင်းပိုင်ခွင့်ရှိသလား..""ဘယ်လိုပဲအာဏာစက်နဲ့ မတရားသိမ်းပိုက်ထားပါစေဦး!ကျွန်ုပ်က မိုးမြေကန်တော့ထားတဲ့ သူတစ်ပါးရဲ့အကြင်
လင်ခင်ပွန်းပဲ..""တောက်!အဆိပ်ရှိလွန်းတဲ့မင်းပါးစပ်ကို ပိတ်ထားစမ်း..
ထပ်ပြောရဲပြောကြည့်.. မင်းလျှာကိုအရင်းကဖြတ်ပစ်
မယ်...ကိုယ်တော်နှစ်သက်လွန်းလို့ မဖြတ်ရဲဘူးများထင်
နေလား"လက်စွဲတော် ပတ္တမြားနဂါးကျောက်စီဓါးနဲ့ခြိမ်းခြောက်
လာသူ ဧကရာဇ်အား မကြောက်ဝံ့သူမှာဤလောကတွင်
တစ်ဦးတည်းသာ ရှိပေလိမ့်မယ်။ထိုသူကား ကိုယ်လုပ်တော် ဝမ်။
"မခံယူဝံ့ပါဘူး..အရှင်!ဧကရာဇ်ရှောင်းမလုပ်ရဲတာဘာ
မှမရှိမှန်းသိပါတယ်...လျှာတင်မဟုတ်ဘူး အသက်ပါ
နှုတ်ယူသွားလည်းဖြစ်တယ် အရှင်!"လည်တိုင်ကျော့ကျော့ကိုမော့လို့ အေးတိအေးစက်
တုံ့ပြန်လာတယ်။ဖြူစွတ်လွင့်ဝဲနေတဲ့ဆံနွယ်ရှည်တွေကြား ပန်းဖျော့
ရောင်မျက်နှာဥဥလေးက ဘာမထီတည်တင်းလို့။ခဲနုရောင်မျက်စံငယ်လေး ဖျော့တော့ငွေ့ရည်သီနေပုံက
တစိမ့်စိမ့် နာကြည်းမုန်းတီးရလေဟန်။
YOU ARE READING
FUCHSIA(I will never tell)
FanfictionSway with the kindness (Donate project) One shot