"ဆော့ဂျင် မြန်မြန်လာစမ်းပါ ဒီနေ့မှဆိုင်မှာလူအရမ်းကျနေတာ ပြီးရင်မီးဖိုခန်းထဲမှာအရွက်တွေသင်ကူလိုက်ဦး...."
"ဟုတ် ဟုတ် ဒေါ်လေး..."
သာယာလှပတဲ့ ဂွမ်ချမ်းမြို့လေးရဲ့ အနည်းငယ်ချောင်ကျတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆော့ဂျင်နေသည်...
ကျောင်းကပြန်လာချိန်တိုင်း ဒေါ်လေးတို့ဆိုင်မှာ တောက်တိုမရ ကူလုပ်ပေးရတာကဆော့ဂျင်အတွက် ပုံမှန်တာ၀န်တစ်ခုပဲပေါ့ ဒါကကံဆိုးတယ်တော့မဟုတ်ပါဘူး 15 နှစ်အရွယ်မှာမိဘမဲ့ ဖြစ်ခဲ့တဲ့သူကိုခေါ်ယူစောင့်ရှောက်ပေးထားရုံနဲ့ ကျေးဇူးကြီးနေပြီမဟုတ်လား....."ဒီမှာ အချဥ်လာချပေးပါဦး....."
ဆိုင်ရဲ့ထောင့်စွန်းခုံမှာထိုင်နေတဲ့ ဧည့်သည်ဆီ အချဥ်ချပေးဖို့ဆော့ဂျင်သွားရပြန်သည်...
"ဒီမှာ အချဥ်ရပါပြီခင်ဗျ...."
"ကိုယ်အချဥ်မလိုပါဘူး မင်းကိုပဲလိိုတာ....."
"ဗျာ....."
"မင်းးနာမည်လေးသိချင်လို့ ပြောပြနိုင်မလား...."
အလုပ်ရှုတ်နေချိန် လာဖလစ်နေတဲ့ဧည့်သည်ကြောင့် ဆော့ဂျင်စိတ်ပေါက်သွားသည် သူ့လိုလူမျိုးအတွက်တော့ ရည်းစားထားဖို့ ရင်ခုန်ဖို့ဆိုတာ အရေးမပါတဲ့ အပိုအလုပ်တွေပဲ...
"ဟုတ်ကဲ့ပါ မလိုရင်သွားလိုက်ပါဦးမယ်ခင်ဗျ ..."
"ကိုယ့်နာမည် ဂျောင်ကု ဂျွန်ဂျောင်ကု မှတ်ထားနော်...."
သူ့လှည့်ထွက်မလာခင် အဲဒီဂျွန်ဂျောင်ကုဆိုတဲ့ အမျိုးသားလေးကိုလှည့်ကြည့်မိသည်
နှုတ်ခမ်းပါးလေးကနေ လျံကျလာတဲ့ မခို့တရို့အပြုံးတွေဟာ သူ့နှလုံးသားထဲထိ ထိုးဖောက်၀င်နိုင်စွမ်းရှိခဲ့ပုံပဲ....ပုံစံကြည့်ရတာ သူ့ထက်သေချာပေါက်ငယ်မဲ့ပုံဆိုပေမဲ့ အကြည့်တွေကစူးရှသည်
နက်ရှိုင်းတဲ့ဆွဲဆောင်မှုမျိုးလည်း ရှိနေသေးသည်...
.
သူ့လိုဦးလေးအိမ်ကပ်နေတဲ့ အားကိုးရာမဲ့တစ်ကောင်ကြွတ်အတွက် စိတ်ကူးထဲတောင် ထည့်မယဥ်သင့်တဲ့ လူမျိုးပဲ....
YOU ARE READING
Iris_catcher🌈
Fanfictionone short Iris ကို latin ဘာသာနဲ့ဆို အီးရစ်လို့အသံထွက်ပြီး သက်တံ့လို့ အဓိပ္ပါရယ်ရတယ် မောင်ရဲ့ မောင်ဟာ ကိုယ့်ရဲ့သက်တံ့ငယ်လေး ကိုယ်ကမောင့်ကိုဖမ်းမိဖို့ကြိုးစားနေတဲ့ iris catcher🌈