ep(15)💚

630 30 5
                                    

1...years later ..

ဝမ်စံအိမ်တော်မှာတော့ ဖြူဖြူလုံးလုံးနဲ့အိပ်ယာလေးထဲ နစ်ဝင်နေသည့် ကောင်လေးကြောင့်..
ဝမ်ညီအကိုမှာ ဒီအတိုင်းစိတ်ထိန်းနေကြရတယ်။
အကြောင်းကတော့ ကိုယ်ဝန်ကြီးနဲ့အိပ်ပုပ်ကြီးနေတဲ့ သူတို့အတွက် နှစ်ယောက်မရှိတဲ့..ချစ်ရသူလေးကြောင့်ပါ။

''ကော...ကျန့်ကို အူမယားဘူးလားဟင်။''

''အူယားမိပေမဲ့ အဲ့ဒီဗိုက်ထဲက ပိစိလေးက နေရာယူထားမှတော့ အနားတောင်ကပ်လို့ရတာမဟုတ်ဘူး ဒီအတိုင်းမင်းနဲ့ငါက အဝေးကပဲ ကြည့်နေရတာ မဟုတ်လား။''

''ကျန့်က ကလေးအတွက်စိတ်ပူလို့နေမှာပေါ့ကောရာ..နားလည်ပေးလိုက်ပါ။''

''နားလည်ပေးလွန်းလို့ ငါတို့နှစ်ယောက်လုံး ခုလိုမျိုးနေနေရတာပေါ့ မဟုတ်ရင် ကျန့်ကိုကလေးမွေးခိုင်းပါ့မလား အရူးရဲ့။''

''ကောက အနာပေါ်တုတ်ကျလို့ ကျွန်တော့်ကိုမဲနေတာလား။''

''အိပေါ်..မင်းကတော့ကွာ...''

''ဟားဟားဟား.. ဟုတ်နေတာပဲကိုး။''

''တော်လိုက်တော့ ကျန့်နိုးသွားပါဦးမယ် လာခဲ့မနက်စာပြင်ပေးထားလိုက် နိုးလာလို့ ဘာမှမပြီးသေးရင် မျက်စောင်းသေနတ်တွေနဲ့အပစ်ခံရမယ်မှတ်။''

''သိပါပြီကောရာ..ဒါဆိုရင်သွားကြမယ်လေ''..

ရှောင်ကျန့်ကတော့ နိုးနေပါရက် တမင်ကို သူ့လင်လင်နှစ်ယောက်ကို ပညာပြလိုက်ခြင်းပါ။

'ဟားဟားဟား..' (ကျိတ်ရယ်လေခြင်း)
'ငါ့ရဲ့ဗိုကိထဲက ပိစိလေးတွေက သူတို့နှစ်ယောက်ကိုချုပ်ကိုင်နိုင်တဲ့လက်နက်ပဲ..
အဟေး..နှစ်ယောက်စလုံးကို ပတ်မွှေပစ်အုံးမယ်ကြည့်ထား။ဒီအခွင့်အရေးမျိုးကနှစ်ခါပြန်မရဘူးဆိုတော့..ဟွင်းဟွင်း..'

သူ့ရဲ့အပြုံးကြီးကတော့ လုံးဝကို ဟက်ဟက်ပက်ပက်ပြီးပြည့်စုံနေပြန်ရဲ့..

အဲ့ဒီအချိန် ရှောင်ကျန့်ရဲ့ဗိုက်ထဲမှ လှုပ်ရွလှုပ်ရွဖြင့်
လှုပ်ရှားလာတဲ့ ပိစိလေးကြောင့်...

''ဟင့်..မင်းက ဗိုက်ထဲကနေ အငြိမ်မနေဘူးလား
ကြည့်စမ်း သူ့အဖေတွေကို နည်းနည်းလောက်ပဲ မကောင်းကြံမိပါတယ် အထဲကနေဗိုက်ကိုကန်နေပြီပေါ့ ဟုတ်လား ဝမ်ပိစိလေးတွေ။ငါ့ကိုခုကတည်းကနှိပ်စက်နေပြီ အီးဟီးအီး.. အူဝါးးး
ကောရေ ယောကျာ်းရေ လာကြပါအုံး ကျန့်ကို
ကောရဲ့သားက ဗိုက်ကိုကန်ပြီးဆုံးမနေလို့ လုပ်ပါဦး အာ့..နာလိုက်တာဗျာ။''

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Donde viven las historias. Descúbrelo ahora