အိပ်ခါနီး ဖုန်းသုံးနေရင်း ရုတ်တရက် သီချင်းလေးတစ်ပုဒ်ကို အမှတ်မထင် ကြားမိလိုက်ချိန်မှာ သူမကိုချက်ချင်းမျက်လုံးထဲပြေးမြင်ပြီး သတိရလိုက်တယ်။
"စိုင်း ရင်မှာငိုနေပြီ နန်းရယ်တဲ့ " ကိုယ်မရည်ရွယ်ဘဲ သီချင်းလေး လိုက်ဆိုမိလိုက်၏။
"မေ့ရင်မှာငိုနေပြီ နန်းရယ် " လို့ ပါးစပ်ထဲ စွဲနေပြီဖြစ်တဲ့ ဒီသီချင်းစာသားလေးက အတိတ်တွေကို တကယ်ဘဲ လွမ်းဆွတ်စေမိပြန်တယ်။လွန်ခဲ့တဲ နှစ်အနဲငယ်အကြာတုန်းက
သူမနဲ့ ကျွန်မဟာ အရမ်းကိုချစ်ခဲ့ကြတဲ့ချစ်သူတွေပေါ့ ။ ဘယ်တော့မှ ခွဲစရာမလိုဘဲ တစ်ချိန်မှာ အတူနေကြရမယ်လို့ တွေးခဲ့ကြတယ်။ လူတိုင်းအားကျရတဲ့ စုံတွဲလေးတစ်ခုပေါ့။ အကွာအဝေးမိုင်တွေခြားနေပေမဲ့ နှလုံးသားနှစ်ခုက အမြဲနီးစပ်နေတယ်။ သူမက ကျွန်မ ဘဝ ကျွန်မမျှော်လင့်ချက်ဖြစ်သလို ကျွန်မကလည်း သူမအတွက် အရေးကြီးတဲ့သူတစ်ယောက်ပါ။
နေ့စဥ် ဖုန်းပြောကြတယ်၊ စာပို့ကြတယ်၊ video call လေးနဲ့ အလွမ်းသယ်ခဲ့ကြတယ်။ နေ့ရက်တိုင်းပျော်ရွှင်ကြတယ်။ စိတ်ညစ်စရာတွေရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်ကြတယ် အားပေးကြတယ် ဖေးမကူညီကြတယ်။ ငိုရင်းလဲအတူတူ ပျော်ရင်လည်းအတူတူပေါ့။
အေးအတူပူအမျှ တသက်လုံး နေထိုင်သွားနိုင်မယ်လို့ထင်ခဲ့တယ်။ တစ်ချိန်ကျရင် အပြင်မှာတွေ့နိုင်ပြီး လျှောက်လည်ကြမယ်လို့ စိတ်ကူးတွေရှိကြတယ်။ ဆင်တူ အကျီလေးဝတ်ပြီး ဓာတ်ပုံတွေရိုက်ကြမယ်။ တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြမယ်။ လွမ်းရတဲ့အကြောင်းတွေ ပြောပြကြမယ်ပေါ့။
ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အလျော့ပေးခဲ့ကြတယ်။ အရမ်းချစ်ကြတယ်။ သူမစိတ်ဆိုးတဲ့အခါတိုင်း
"မေ့ရင်မှာငိုနေပြီ နန်းရယ် နန်းလေးရဲ့ အမုန်းတွေကြောင့်ဖြစ်မယ် " ဆိုပြီး ချော့လေ့ရှိတယ်။ အဲ့လိုချော့လိုက်ရင် သူမစိတ်ဆိုးပြေလာတယ်။ သူမစိတ်ဆိုးတယ်ဆိုတာ အတော်ရှားတယ်။ စိတ်ဆိုးတိုင်း သူမကို သီချင်းလေးဆိုပြပြီးချော့နေကြဘဲပေါ့။
YOU ARE READING
ချစ်ရပါသော.....နန်း