Unicode
အကြောင်းအရာ-မခုတ်တတ်သည့် ကြောင်လေး။
"မင်းမိဘတွေကို ဒီအကြောင်း ပြောပြီးပြီလား ..."
ဒီကောင်လေးက ခပ်ပေါ့ပေါ့နေတတ်သည့်ပုံမို့ ရှောင်းကျန့်ကပဲ သတိတရမေးရသည်။
"အိုက်ယား...မေ့နေလိုက်တာ ခင်ဗျားပြောမှ သတိရတယ်"
//ကောင်းတယ်.... သိပ်ကောင်းတယ်... ဟမ့်! ဒီလိုသားမျိုးကို မွေးထားရတဲ့ ဉက္ကဌဝမ် အတွက်တော့ သိပ်ကောင်းတာပဲ...ရင်လေးဖို့....//
"ကိုယ်လိုက်ပေးဖို့ လိုမလား..."
ရှောင်းကျန့် မေးတော့ ဝမ်ရိပေါ်က စိတ်ဆိုးသလိုဟန်ဖြင့် ကြည့်လာလေ၏။သူပြောလိုက်သည့်အထဲ စိတ်ဆိုးစရာလည်း မပါ, ပါပဲနဲ့။
"ကျွန်တော် ယူထားတာ ခင်ဗျားကိုလေ...ခင်ဗျားမလိုက်လို့ ဘယ်ယောက်ျားကလိုက်မှာတုန်း..."
"ဟောဗျာ....ကိုယ်က သေချာအောင် မေးတာပါ...ပြီးတော့ မီးမီးလေးကိုလည်း ကိုယ်တို့ ခေါ်သင့်တယ်ထင်တယ်..."
"ခေါ်သွားမယ်လေ..."
__________________
မီးမီးလေးကိုပါ တစ်ခါတည်းဝင်ခေါ်ပြီး ဝမ်ရိပေါ်တို့အိမ်ကို ထွက်လာခဲ့သည်။
ဝမ်ရိပေါ်တို့အိမ်က ခြံဝင်ပေါက်ကနေ အနည်းငယ်ရှည်လျားသည့် လျှောက်လမ်းအဆုံးမှာ ရှိနေခြင်းဖြစ်သည်။ လျှောက်လမ်းဘေးမှာ ချထားတဲ့ ပန်းအိုးလေးများကလည်း အစီတကျ။ ဝမ်ရိပေါ်တို့အိမ်က အတော်လေး ကြီးမားတယ်ဆိုပေမယ့် ရှောင်းကျန့်တို့အိမ်လောက်တော့ မကြီး။
အိမ်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဧည့်ခန်းမှာ လူစုံတက်စုံရှိနေသည်ကို မြင်လိုက်ရ၏။ ဝမ်ရိပေါ်က ဖုန်းကြိုဆက်ထားတာကြောင့် ဒီအချိန် ကုမ္ပဏီမှာ ရှိနေရမည့် ဥက္ကဌဝမ်ကပါ အိမ်တွင် ရှိနေလေသည်။ မီးမီးလေးကို ကားပေါ်မှာ အခြေအနေတွေကို ရှင်းပြထားပြီးသားပေမယ့် ကလေးက ငယ်သေးတော့ အရာအားလုံးကို လိုက်မှီအောင် စဥ်းစားနိုင်မည်မဟုတ်။
"လာပါအုန်း ဟမ်! ပြဿနာပဲရှာတတ်တယ်..."
ဝမ်ရိပေါ်ရဲ့အရိပ်ကိုမြင်သည်နှင့်ပင်
ဥက္ကဌဝမ်က ထိုင်နေရာမှ ထရပ်ကာ တတွတ်တွတ်ပြောလာ၏။ ဝမ်ရိပေါ် ကတော့ ခပ်တည်တည်ပင်။မသိရင် သူ့ကို ပြောနေတာမဟုတ်သည့်အတိုင်း။
YOU ARE READING
သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!
Fanfictionနေရင်းထိုင်ရင်း သမီးတစ်ယောက်နှင့်ယောက်ျားတစ်ယောက် ကောက်ရလိုက်ပြီးနောက် ဘဝကြီးက ကမောက်ကမတွေစဖြစ်တော့တာပါပဲ😑😑😑