၀မ်ရိပေါ်တစ်ယောက် ဒီနေ့တော့ သူ့အဘိုးပေးခဲ့တဲ့ Wangfashion companyကို သွားဖို့ စီစဉ်ထားသည်။သူသွားကြည့်ရမည်လေ။ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုပေါ့။
ဦးငယ်လေးကိုတော့ သူမပြောသေးပါဘူး။နောက်မှပေါ့။နောက်မှပဲ အေးဆေးပြောပြလိုက်တော့မယ်။၀မ်ရိပေါ်ဧည့်ခန်းထဲမှာထိုင်တွေးနေတုန်း ရှောင်းကျန့်ကရောက်လာသည်။ဒါကို တွေးနေတဲ့၀မ်ရိပေါ်က သတိမထားမိပေ။ရှောင်းကျန့်က ဆိုဖာပေါ်၀င်ထိုင်လိုက်ပြီး ၀မ်ရိပေါ်ကို ငုံ့ကြည့်ကာ
"ရိပေါ်"
"အမလေး!!"
၀မ်ရိပေါ်လဲ ရှောင်းကျန့်ခေါ်သံကြောင့် လန့်သွားပြီး အပေါ်ကိုလှည့်အကြည့်နဲ့ ရှောင်းကျန့်ရဲ့ငုံ့အကြည့်နဲ့ တိုက်ဆိုင်သွားပြီး
သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက နီးကပ်သွားသည်။ဦးငယ်လေးက အရမ်းချောတာပဲ။မျက်လုံးတွေကလဲ ညှို့နေသလိုပင်။ပြီးတော့ နှုတ်ခမ်းအောက်မှာရှိတဲ့ မှဲ့နက်ကလေးကလဲ ဒီနေ့ကျမှ ပိုထင်းနေသလိုပင်။၀မ်ရိပေါ်အကြည့်မလွှဲမိဘဲ ဆက်ပြီးသာ ကြည့်နေလိုက်သည်။ရှောင်းကျန့် သူလဲငုံ့အကြည့်နဲ့ ၀မ်ရိပေါ်ရဲ့မျက်နှာနဲ့နီးကပ်သွားတော့ သူရင်ထဲတစ်မျိုးဖြစ်သွားသည်။စိတ်လှုပ်ရှားသလိုလိုမျိုး ရင်ခုန်သွားတာမျိုးဖြစ်သွားသည်။သူအနီးကပ်ကြည့်လိုက်တော့ ၀မ်ရိပေါ်ရဲ့ပါးပြင်ပေါ်က မွေးညှင်းနုလေးတွေကိုတောင် မြင်နေရသည်။မျက်လုံးလေးတွေကလဲ မျက်ရစ်မရှိပေမယ့်လဲ အလွန်ကြည့်ကောင်းသည်။နှာတံလေးကလဲ စင်းပြီးအဆုံးမှာတော့ လုံးလုံးဖြစ်သွားသည်။ပါးလေးတွေကလဲ ဖြူဖွေးပြီး ဖောင်းနေတာက ဖက်ထုတ်ကလေးတွေလိုပင်။နှုတ်ခမ်းလေးကလဲ ထော်ထော်လေးနဲ့။အဲ့နှုတ်ခမ်းလေးတွေက ရယ်လိုက်ရင် အသဲပုံဖြစ်သွားတာက တစ်မျိုးဆန်းနေသည်။
သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေသည်မှာ ဘယ်လောက်ထိကြာသည်မသိ။ရှောင်းကျန့်ရဲ့ဖုန်းတုန်လာခါမှပဲ အကြည့်လွှဲမိကြသည်။'ဒူ......ဒူ........ '
"ဟဲလို အင်းပြော"
".........."