" အဲ့ဒါဆို နက်ဖြန် အားဘူးပေါ့ ဆယ်ဟွန်းက!"
အသံကို ဆောင့်အောင့်ကာ မေးလိုက်သည့် ဖုန်းထဲမှဂျုံအင့် ၏ အသံကြောင့် ဆယ်ဟွန်းတစ်ချက်ပြုံး
လိုက်မိသည်။" သဘက်ခါမှ သွားရအောင်လေ ကလေးရဲ့။
ကျွန်တော် မနက်ဖြန် ဖေဖေနဲ့ အလုပ်ထဲခဏလိုက်သွားပြီး meeting လိုက်တက်ပေးရမှာက
ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိဘူး"" မနက်ဖြန် အဲ့ရုပ်ရှင်တင်တဲ့ နောက်ဆုံးနေ့ပါဆိုမှ !
နောက်နေ့ဆို ကြည့်လို့မရတော့ဘူးလို့ !!""အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ ကလေးရယ်..။
မင်းက ကြိုမပြောတော့ ကျွန်တော်က
အဲ့ဒီအလုပ်ကိစ္စကို လက်ခံလိုက်မိတာ။
မဟုတ်ရင် ဖေဖေ့ကို ငြင်းလိုက်မှာဗျာ.."ဆယ်ဟွန်း သက်ပြင်းရှိုက်ကာ အသံကို
ခပ်လျော့လျော့ ပြောလိုက်မိသည်။" တော်ပြီ ။ ဆင်ခြေတွေ မကြားချင်ဘူး။
တစ်ခုပဲဖြေတော့ ။ နက်ဖြန် ကျွန်တော်နဲ့
အပြင်သွားနိုင်လား ။ မသွားနိုင်ဘူးလား""နေဦး..။ ကျွန်တော် တစ်ချက်
အခြေအနေကြည့်ကြည့်ဦးမယ်လေ။ဘယ်အချိန်
ပြီးနိုင်မလဲဆိုတာ.."" ဘာကို အခြေအနေကြည့်မှာလဲ။ ဘာမှ ရေရာတဲ့
ကိစ္စလည်း မဟုတ်ဘူး။ တကယ်လို့ အဲ့ဒီကိစ္စက
မပြီးရင်ရော.. ကျွန်တော်က ဘယ်လိုလုပ်ရမှာလဲ။
အဲ့ဒီအတိုင်းကြီးပဲ ထိုင်စောင့်နေရမှာလား"" မဟုတ်ဘူးလေ.. ကလေးရဲ့။ ကျွန်တော်က..."
" ကျစ် .. တော်ပြီ ။ ဘာမှ မကြားချင်တော့ဘူး။
ကိုယ့်ဟာကိုယ် အင်ယော့တို့နဲ့ ပဲ
သွားကြည့်တော့မယ် ။ မလိုက်ချင်တဲ့ ကိစ္စကို
ခခယယ ခေါ်မနေနိုင်ဘူး"" စိတ်ကောက်သွားတာလား.."
" စိတ်ကောက်စရာ ကိစ္စမှမဟုတ်တာ။
ထင်ထားတဲ့အတိုင်း.. တွဲနေတာကြာလို့ ရိုးအီလာတဲ့သဘောပဲလေ။ နားလည်ပါတယ်။"" ဘာကို ရိုးအီရမှာလဲ.. မဟုတ်တာဗျာ."
" အစက တစ်ပတ်မှာ ၅ခါလောက် date date ဆိုပြီး ကျွန်တော်နဲ့တွေ့ချင်နေတာ ဘယ်သူလဲ။
အခုရော တစ်ပတ်မှာ တစ်ရက်လေးတောင်
အချိန်မပေးချင်တော့တာ ဘယ်သူလဲ။
ဆယ်ဟွန်းပြောင်းလဲနေပြီ။ ကျွန်တော့်ကို
စိတ်မရှိတော့ဘူး ဆိုလည်း ပွင့်ပွင့်လင်းလင်း
ကြိုပြောဦး"