Ch 12

1K 97 0
                                    

တစ်ခုသော တနင်္ဂနွေမနက်ခင်းငါးနာရီခွဲအချိန်မှာ စိုင်းမင်းခန့် အိပ်ရာကမနိုးစဖူးနိုးလာခဲ့သည်။ သူနိုးနိုးလာချင်း ဘာရယ်မဟုတ် အရင်ဆုံးလှမ်းကြည့်မိသည်မှာ ဆရာ့အိပ်ရာဖြစ်သည်။ ကုတင်ပေါ်မှာ ဆရာမရှိပေ။ ဘယ်သွားတာပါလိမ့်။ ထိုအခိုက်ရေချိုးခန်း တံခါးပွင့်လာသည်ကိုမြင်လိုက်ရသဖြင့်
စိုင်း ချက်ချင်း မျက်စိမှိတ်လိုက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်၏။ ဗီဒိုတံခါးဖွင့်သံ၊ အဝတ်စချင်းပွတ်တိုက်သံတို့ကို တိတ်ဆိတ်လှတဲ့မနက်ခင်းမှာ ပြတ်သားကြည်လင်စွာ ကြားနေရသည်။ စိုင်း မျက်စိကိုမပွင့်တစ်ပွင့်ဖွင့်၍ အသာချောင်းကြည့်လိုက်သောအခါ
အားကစားဝတ်စုံအပြည့်ဖြင့် ဆရာတစ်ယောက် အခန်းပြင်ထွက်သွားသည်ကို တွေ့လိုက်ရပါသည်။ ဆရာက မနက်တိုင်း အားကစားလုပ်နေကြလား။

စိုင်းမင်းခန့်ပြန်အိပ်ဖို့ မကြိုးစားတော့ဘဲ အိပ်ရာကနေ ကမန်းကတမ်းထလိုက်ပြီး မြန်ဆန်သွက်လက်စွာ ကိုယ်လက်သန့်စင်မှုပြုလိုက်၏။ ထို့နောက်တွင်တော့ ဆရာ့နောက်သို့ ကမန်းကတန်းပြေးလိုက်လာခဲ့လေသည်။
ဆရာကျုံးဘေးသွားတာပဲဖြစ်မည်ဟု
တထစ်ချယုံကြည်နေစိတ်ဖြင့် စိုင်းမင်းခန့်
တစ်ယောက်တည်း ကျုံးဘေးသို့ ထွက်လာခဲ့သည်။ အဆောင်နဲ့လည်းနီးသော ၊ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ လေကောင်းလေသန့် အရနိုင်ဆုံးသော အကောင်းဆုံးနေရာ ဟာ ကျုံးဘေးပဲ မဟုတ်ပါလား။

ဤသို့ဖြင့် စိုင်းမင်းခန့်သည် နှစ်ဆယ့်ခြောက်ဘီလမ်းမကြီးအတိုင်း ညာဘက်ကပ်လျက် လမ်းလျှောက်လာရင်း
စီဒိုးနားဟိုတယ်ကြီးရှေ့ရောက်သောအခါ လမ်းဖြတ်ကူးပြီး ကျုံးပလက်ဖောင်းပေါ်တက်လိုက်သည်။
ကျုံးကန်ရေပြင်ကြီး တစ်လျှောက်မြောက်ဘက်တည့်မှာရှိတဲ့ မန္တလေးတောင်ကြီးက စိုင်း၏ စိတ်အာရုံကိုညှို့ယူဖမ်းစားထားသဖြင့် ထိုခဏမှာ စိုင်း ရင်သပ်ရှုမောနေမိလျက်ရှိကာ ဆရာ့ကိုမေ့သွားရလေသည်။
သိပ်လှတဲ့ မန္တလေးပဲ။ မနက်ခင်း ကျုံးဘေးသည် စောစောထ လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်းလုပ်သူများနှင့် စည်ကားလျက်ရှိနေသည်။

“ ဟာ ဆရာ ”

ကျုံးပလက်ဖောင်းပေါ် လမ်းလျှောက်နေသူများကြား၌ အနက်ရောင် အားကစားဝတ်စုံဝမ်းဆက်နဲ့ ချောမောသန့်ပြန့်နေသော ဆရာ့ကို စိုင်းမင်းခန့် ခပ်လှမ်းလှမ်းကတည်းက လှမ်းမြင်နေရပါသည်။
Body Fit အားကစားဝတ်စုံအောက်၌ ဆရာ့ရဲ့ လက်မောင်း ၊ ရင်ဘတ် နဲ့ ဗိုက် တို့ဆီမှ ကြွက်သားတွေက အကန့်လိုက် ဖုထစ်စွာ ပေါ်လွင်နေပြီး
ဝတ်ထားတဲ့ အားကစား ဘောင်းဘီတို
ကလည်း ပေါင်တံနှင့် ကျပ်ကပ်နေလေရာ
ခြေထောက်ကို မြှောက်မြှောက်ပြီး ပြေးလိုက်တဲ့
အခါများဆိုရင် ခြေသလုံးနှင့်ပေါင် ကြွက်သားတို့က
တင်းခနဲ တောင့်ခနဲ ပေါ်လွင်လျက်ရှိ၏။ အခုကြတော့လည်း ဆရာသည် ဆရာဝန်တစ်ယောက်မဟုတ်တော့ဘဲ Gym Trainer တစ်ယောက်နဲ့ ပိုလို့တောင်တူနေပြန်ပါသည်။ ဆရာသည် သူဖြတ်ပြေးလာခဲ့ရာ လမ်းတစ်လျှောက်ဆီက ကောင်မလေးများ၏ အကြည့်အာရုံကို ဖမ်းစားလို့လာခဲ့သည်။
ဆရာ အနားရောက်လာသောအခါ စိုင်းသည် ဆရာနှင့် ဘေးချင်းယှဉ်လျက် ဝင်ပြေးလိုက်၏။ ဆရာက သူ့ဘေးနား လူစိမ်းကပ်လာသည်ကို အံ့ဩဟန်မပြပါ။ စိုင်းကို အဝေးကတည်းက လှမ်းမြင်ခဲ့ပုံရသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now