Ch 24

854 78 0
                                    

“ မင်းဘဝမှာ ကိုယ်က ဆွေးနွေးတိုင်ပင်ဖော်အဖြစ်တောင် အရေးမပါဘူးလား စိုင်းလေး ”

အခန်းသို့ပြန်ရောက်ရောက်ချင်း ထွန်းကိုကိုသည် စိုင်းကို ဂရုဏာဒေါသဖြင့် ဆူလိုက်၏။

“ မဟုတ်ဘူး ဆရာ၊ အဲလိုမဟုတ်ပါဘူး၊ ဘယ်လိုပြောပြရမလဲ၊ ဆရာ့အတွက် ကျနော်က အနှောင့်အယှက်တစ်ခုလိုဖြစ်နေမှာကို ကျနော် ကြောက်တယ်၊ ဆရာနဲ့ ကျနော် ဝေးသွားမှာကိုလဲ ကြောက်တယ် ”

စိုင်းက မျက်နှာကလေးငယ်သွားပြီး မျက်ရည်စမ်းစမ်းဖြင့် ပျာပျာသလဲ ရင်ဖွင့်သောအခါ သူ စိတ်မကောင်းဖြစ်သွားသည်။ သူ စိုင်းကို ကြင်နာစွာငုံကြည့်ပြီး မျက်လုံးအိမ်အောက်ခြေက မျက်ရည်စကလေးများကို လက်မဖြင့် ခပ်ဖွဖွ သုတ်ပေးလိုက်သည်။ ထို့နောက် အေးဆေးညင်သာစွာ ပျော့ပျောင်းနေသည့် လေသံအေးအေးဖြင့် ဖျောင်းဖျောင်းဖျဖျဆိုရသည်။

“ ကိုယ်ကတိပေးပါတယ် စိုင်းလေးရယ်၊ မင်းနဲ့ကိုယ်နဲ့ မဝေးစေရဘူး ကြားလား၊ တစ်ခုခုဆိုရင် ခံစားချက်တွေကိုမျိုသိပ်မထားဘဲ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ၊
ကိုယ်မင်းကို တစ်သက်လုံးစာ ကာကွယ်ပေးမယ် ”

နားထဲသို့ ချိုမြစွာ ချင်းနင်းဝင်ရောက်လာခဲ့သော ဆရာ့စကားကြောင့် စိုင်း  ပြင်းထန်သော စိတ်ခွန်အားတစ်မျိုးရသလိုခံစားလိုက်ရသောအခါ စိုင်း ဆရာ့ကို မြတ်နိုးတွယ်တာစွာ ကြည့်၍ ပြောမိသည်။

“ ကျနော်  ဆရာ့ကို အရမ်းချစ်တယ်  ”

“ အတူတူပါပဲစိုင်းလေးရယ်၊ ကိုယ်ရော စိုင်းလေးကို အများကြီးချစ်ပါတယ် ”

စိုင်း သိမ့်ခနဲ ရင်ခုန်ကြည်နူးသွား၍
ဆရာ့ပါးပြင်တစ်ဘက်ကို မဝံ့မရဲကိုင်ကြည့်၏။
ထိုအခါ ဆရာသည် စိုင်း၏ လက်ကလေးကို အသာအုပ်ကိုင်ကာ သူ့နှုတ်ခမ်းများဖြင့် ညင်သာစွာ
ထိကပ်နမ်းလိုက်လေသည်။

ထို့နောက် ဆရာက အနည်းငယ်ညှို့ဓာတ်ပါသော ထိုးစိုက်ထွင်းဖောက်သည့်အကြည့်မျိုးဖြင့် မော့ကြည့်လာသဖြင့် စိုင်း ဖျပ်ခနဲ ရှက်ရွံ့စွာမျက်လွှာချမိသည်။ စိုင်းသည် နှလုံးခုန်သံများ ရုတ်တရက် တဒိတ်ဒိတ်မြန်ဆန်လာပြီး ခြေဖျားလက်ဖျားတွေပေါ့ပါးသွားသလိုခံစားလိုက်ရကာ ညွတ်ခွေယိုင်လုမတတ်ဖြစ်သွားခဲ့ရသည်။ တစ်နည်းအားဖြင့် ဆရာ့ အကြည့်တွေ၏ ညို့နိုင်စွမ်းအားတွေမှာ စိုင်း လုံးဝကျဆင်းသွားခဲ့ပြီ။
ဆရာက စိုင်း ပါးနှစ်ဖက်ကိုထိကိုင်လျက်
နှုတ်ခမ်းများကို တမ်းတမ်းမက်မက် ငုံ့နမ်းပါသည်။
ယခုအနမ်းသည်
ယခင်အနမ်းများနှင့်မတူမှန်း စိုင်း အလိုလိုခံစားမိနေသည်။ သည်အနမ်းတွေ ပြီးလျှင် ဘာဆက်ဖြစ်မည်ကို
သေချာပေါက်သိနေသော်လည်း စိုင်းသည် ငြင်းပယ်ရုန်းထွက်နိုင်ဖို့ အင်အားတွေပျောက်ရှနေခဲ့ကာ ထိုအနမ်းတွေကို စိတ်လိုလက်ရပြန်လည်တုံ့ပြန်နေမိသည်။ နူးညံ့သော နှုတ်ခမ်းနှစ်ခု မက်မောစွာ ပြင်းရှစွာ လှုပ်ရှားနေကြပြီ။
အနမ်းတွေ ပြင်းသည်နှင့်အမျှ  စိတ်တွေလည်း ထန်လာပြီ။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now