.

1.9K 264 23
                                    

လွန်ခဲ့တဲ့ ငါးနှစ် ။ ငါတို့ သူငယ်ချင်း
စဖြစ်ပါပြီ ဆိုကတည်းက ငါးနှစ်လုံးလုံး
ငါ့ဘေးမှာ မင်းတစ်ယောက်ပဲ ရှိခဲ့တယ် ။

မင်းမှာတော့ ...

ငါ တစ်ယောက်ပဲ ရှိနေခဲ့တာ မဟုတ်ဘူး
။ မင်းက ငါ တစ်ယောက်တည်းနဲ့တင်
မလုံလောက်ဘဲ တခြားလူတွေကိုပါ
အနားမှာ ထားခဲ့တာ ။ တစ်ယောက်ပြီး
တစ်ယောက် ။

ဒါပေမဲ့ မင်းက ငါ့အနာကို ဆေးသိပ်ဖို့
အမြဲ ပြောနေကျ ..

' ဝမ်ရိပေါ်က ငါ့ရဲ့ တစ်ဦးတည်းသော '
တဲ့ ။ မင်း ပြောသမျှကို အမှန်လို့ ထင်နေ
ကျဆိုတော့ ငါ ရင်နာစွာနဲ့ ယုံခဲ့ရတာပါပဲ ။

......

" တစ်ချို့ ရုပ်ရှင်တွေက အရမ်းကောင်း
တဲ့ ဝတ္ထုတွေကို ဖျက်ဆီးပစ်တာ "

TV မှာ လာနေတာ ရှောင်းကျန့်တို့ PD
အဖွဲ့ထဲက ဂျူနီယာ ဒါရိုက်တာလေး
ဦးဆောင်ပြီး ရိုက်ကူးထားသော ရုပ်ရှင်
ကား ။ ဒါရိုက်တာလေးက ရှောင်းကျန့်၏
တပည့်ဆုိပြီး ယုံကြည်လို့ ဇာတ်ညွှန်းပါ
ရေးပေးလိုက်မိပေမဲ့ ဇာတ်လမ်းက
မေ‌ျှာ်လင့်ထားသလောက် ဖြစ်မလာသည့်အခါ ရိပေါ် က ပေါ်တင် ဝေဖန်သည် ။

" အိန္ဒိယ ရုပ်ရှင်လည်း မဟုတ်ဘဲနဲ့
မင်းသားနဲ့ မင်းသမီး တွေ့တုိင်း သီချင်း
တွေပဲ ထည့်ပေးနေတာ "

အလိုမကျ ဖြစ်နေသော မျက်နှာလေးကို
ကြည့်ပြီး ရှောင်းကျန့် အသံထွက် ရယ်
မိသည် ။ တကယ်ဆို သူတို့ ကြည့်‌ေနတဲ့
ရုပ်ရှင်က ကြည့်ရှုသူ အများကြီးနဲ့ လူ
ကြိုက်များတဲ့ လူငယ်အချစ်ဇာတ်လမ်း
လေး ဖြစ်ပြီး ရိပေါ်၏ နာမည်အကြီးဆုံး
ဝတ္ထုတွေထဲက တစ်ခုကို ပြန်ရိုက်ထား
ခြင်း ။ သူငယ်ချင်းတွေကနေ ချစ်သူ
တွေ ဖြစ်သွားကြတဲ့ လူနှစ်ယောက်ရဲ့
အကြောင်းပေါ့ ။ မင်းသားနဲ့ မင်းသမီးက
အတွဲညီညီ သရုပ်ဆောင်နိုင်သည့် အပြင်ဇာတ်ဝင်တေးတွေက အစ နာမည်ကြီးနေ
ပေမဲ့ မူရင်း ဝတ္ထုရေးသူ ကိုယ်တိုင်ကတော့ ရုပ်ရှင်ကုိ စိတ်တိုင်းမကျ ။

" တပည့်မကောင်း ဆရာ့ခေါင်းတဲ့ ။
အဲဒီတော့ ငါ့တပည့်ကိုယ်စား ငါကပဲ
မင်းပေးတဲ့ အပြစ်ကို ယူလိုက်မယ် ။
အိုကေလား ? "

Ristretto / One Shot / Where stories live. Discover now