ဤအသည်းမဟီမြေ

93 15 41
                                    

ဤနေ့~~~ ဤနေ့ကား မိုးမြင့်မြင့်မှာငွေလမင်းကြီးထိန်ထိန်သာသောနေ့...
တိမ်ကင်းစင်နေသောနက်ပြာရောင်ကောင်းကင်ပြင်ကျယ်နှင့်အတူ ပတ်ဝန်းကျင်ဟာအေးစိမ့်စိမ့်နှင့်မှုန်ရီဝေလျက်ရှိသည်။ မြူလားနှင်းလားအသဲကွဲသောပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်၏အပြုဆောင်မှုတစ်ခုကြောင့်လည်းမှုန်တေတေနိုင်လေသည်။

အရွက်ဖားဖား ပင်စည်ခိုင်သောညောင်ပင်ကြီးကိုမှီကာထိုင် ပုဆိုးကဒူးအထက်ခပ်တိုတိုဖြင့် လက်ညိုးနှင့်လက်ခလယ်ကြားတွင်ဖက်ကြမ်းလိပ်တစ်လိပ်ကိုခဲထားလေသူ။
လသာသောညဖြစ်၍အပင်၏အရိပ်ကသူ့ကိုယ်ပေါ်မိုးကာကျနေခြင်းကြောင့် မှောင်ရိပ်မဲရိပ်ထဲတစ်ယောက်တည်းဝယ်။ သဘာဝအလျောက်အကောင်ပိစိများက သူ့နားဝဲပျံနေ၍ ပါးစပ်မှတဖွားဖွားထွက်လာသောတလိပ်လိပ်အငွေ့များကြောင့် အကောင်ပိစိများကသူနဲ့အကွာအဝေးတစ်ခုလောက်တွင်ရှိသည်။

သည်လိုကောင်းကင် သည်လိုလမင်းကိုငေးကြည့်နိုင်ဖို့
သည်လိုတိတ်ဆိတ် သည်လိုအေးချမ်းသည့်နေရာ...
တောင်အရပ်ယွန်းယွန်းသို့စီးဆင်းနေကြသောလဲ့လဲ့စိမ်းရေပြင်မှတစ်ခါတစ်ခါသံစဥ်သံဆက်တွေသီကြူးပေးပြန်သည်။ သူကခံစားချက်သမား မယ်မယ်ရရအလုပ်မရှိသလို တစ်နည်းအားဖြင့်သူသည်ပရဟိတသမား တစ်ကမ္ဘာပတ်သူတော့မဟုတ် ဟိုနေရာလိုရင် ဝိုင်းကူ ဒီနေရာလိုရင် ဝိုင်းလှည့်ဖြင့် တစ်ရွာပတ်သူ။ ကိုယ့်နယ်ပယ်ကလူတွေကတစ်ခုခုဆိုကိုယ်ပါမှကျေနပ်ပိတိဖြာနေကြတော့ ဒီကလူကအမြဲမပါမဖြစ်။ မွေးသမိခင်ကျေးဇူးရှင်မိဘနှစ်ပါးကတော့ သူ့ကို မနိုင်လို့လွှတ်ထားသည်မဟုတ်ပါ။ သူ့စိတ်ဆန္ဒ သူ့သဘောကိုလွတ်လပ်ခွင့်ပေးထားခြင်း။ ဖက်ကြမ်းလိပ်ကိုရှိုက်ရှိုက်ဖွာရင်း ကျယ်ပြောသောမြစ်ကြီးကိုငေးကြည့်နေသည်။ အေးလှသည့်ကချင်ပြည်နယ်တောင်တန်းများမှစီးဆင်းလာသော ၔရာဝတီမြစ်ကြီးကအမြို့မြို့အနယ်နယ်ကိုဖြတ်၍တသွင်သွင်စီးသည်။ ဤမြစ်ဖြတ်စီးရာဒေသများတွင် သူတို့ထုံးဘိုမြို့လေးလည်းအပါအဝင်ဖြစ်သည်။ သူကအခုမြစ်ဆိပ်နဲ့မနီမဝေးတွင်ရှိ၍ စက်လှေတို့ခုတ်မောင်းသံများကိုကြားရသည်။

You've reached the end of published parts.

⏰ Last updated: Feb 11, 2023 ⏰

Add this story to your Library to get notified about new parts!

ဤအသည်းမဟီမြေ { OC }Where stories live. Discover now