ဒီနေ့ကတနင်္ဂနွေ
သို့ပေမဲ့ တိမ်မပြာ နေမသာခဲ့
ဖျောက်တောက်ဖျောက်တောက်ရွာနေတဲ့မိုးတွေကြား
အလှဆင်ထားတဲ့နှင်းဆီပန်းဖြူဖြူတွေဟာအတုံးအရုံးလဲပြိုလျက်.....
ဖန်ခွက်အပိုင်းအစတွေဟာချောင်းလိုစီးနေတဲ့ သွေးတွေကြားထိုးထိုးထောင်ထောင်ကြေမွပျက်စီးနေခဲ့သည်။
ငြိမ်သက်ကာသေဆုံးနေသော ၉ ပေလောက်ရှိတဲ့ ကျားဝါကြီးတစ်ကောင်...
ငြိမ်သက်ကာ တိတ်ဆိတ်နေတဲ့ လူတချို့
ထိုကျားဝါကြီးရှေ့မှာ အရာရာဆုံးရှုံးသွားသလို ဒူးထောက်ထိုင်နေသောလူတစ်ယောက်
သူမရည်ရွယ်တာ မင်္ဂလာဆောင်ပျက်ဖို့ဆိုပေမဲ့
ခါးအချစ်ဆုံးသတ္တဝါကြီးပါသေပွဲဝင်သွားတာမို့ မေနှင်းဆီပိုပြီးကျေနပ်မိသည်ဒီမကောင်းဆိုးဝါးကြောင့် ကြွေလွင့်ခဲ့ရတဲ့ ဝိညာဉ်တွေဘယ်လောက်များလိုက်မလဲ
ရှင့်မျက်ရည်တွေကြည့်ရတာသဘောကျလိုက်တာခါးရယ်
ရင်တွေကွဲအက်ပြီးငိုချလိုက်ရှင်တောင် သတ္တဝါတစ်ကောင်သေတာ ကမ္ဘာပျက်နေတာ
ကျွန်မလို အဖေရောအကိုရောဆုံးရှုံးရတဲ့သူဆိုရင်ဘယ်လောက်နာကျင်မလဲရှင်တွေးကြည့်ဖူးလားခါး၏ လည်ကတုံးအဖြူသည်
ကျားသွေးတွေစွန်းထင်းကာ
အနီရောင်ပြောင်းသွားသလိုပင်မေနှင်းဆီသည်မြင်ကွင်းကို ကြည့်ရင်းအရသာရှိစွာပြုံးနေခဲ့သည်။
ကျွန်မမမှားဘူးခါးရဲ့
ကျွန်မမှားဘူး
ဒါတွေကရှင်နဲ့ထိုက်တန်တယ်လွန်ခဲ့သော ၃ နာရီ
" လှလိုက်တာ သတို့သမီးလေးက"
မိတ်ကပ်ဆရာကိုတောထဲတောင်ထဲထိရအောင်ခေါ်ချလာသောခါးကို မေနှင်းဆီတကယ်လက်ဖျားခါမိသည်။
အပြင်ကိုလှမ်းကြည့်လိုက်တော့ နှင်းဆီဖြူဖြူတွေနဲ့ပန်းအလှဆင်တဲ့အဖွဲ့လည်းခေါ်ထားသေး၏။
ČTEŠ
မောင့်ရင်ထဲမှာနေမလား
Dobrodružnéအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...