Part 1-အခန်းသစ်။

21.8K 1.3K 18
                                    

Unicode

"အဟမ်း၊ မစ္စတာမို...မစ္စတာဆူလန်..၊ခင်ဗျားတို့မှာ အမြွှာလေးရှိနေပါပြီ။"

ဆရာဝန်က စုံတွဲကိုကြည့်ပြီးပြုံးကား ကြားဖြတ်ပြောလာတယ်။ဆရာဝန်ရဲ့အဖြေစကားကိုကြားတဲ့အခါ လောင်ထရန်းက ဒန်နီရယ့်သားအိမ်ထဲမှာရှိတဲ့အရာလေးတွေကိုဖော်ပြနေတဲ့ မော်နီတာစက်ပေါ်က အနက်ရောင်အစက်ကလေးနှစ်စက်ကို မသိစိတ်နဲ့လှမ်းကြည့်မိလိုက်တယ်။

"နှစ်ခါမြောက်ထပ်ပြီး အမြွှာကလေးရနိုင်ချေက ၇၀၀၀၀မှ၁ယောက်ပဲဖြစ်နိုင်ချေရှိတာဆိုတော့ မစ္စတာမိုတို့ကတော်တော်လေးကိုကံကောင်းတယ်လို့ပြောရမယ်ရှင့်။"

ဆရာဝန်ကထပ်ပြောတယ်။ဒန်နီရယ်ကပြုံးကာ ဆရာဝန်ကိုကျေးဇူးတင်စကားပြောလိုက်တယ်။တခြားတစ်ဖက်မှာတော့ လောင်ထရန်းကခုထိမယုံနိုင်သေးတဲ့အခြေအနေမှာပဲရှိသေးတယ်။ကံကောင်းတယ်ဟုတ်လား?!။

"လောင်ထရန်း၊ အကိုအဆင်ပြေရဲ့လား?။" နောက်ဆုံး ဒန်နီရယ်ကမေးလာတယ်။အယ်လ်ဖာရဲ့တုံ့ပြန်ပုံကိုစိုးရိမ်ရင်းနဲ့။

ကြက်သေသေနေတဲ့မျက်နှာကနေနိုးထရင်း လောင်ထရန်းကသူ့အကြည့်တွေကိုဒန်နီရယ့်ဆီပြန်ပို့ကာ ကိုယ်ကိုကိုင်းလာပြီး အိုမီဂါလေးရဲ့နဖူး ပြီးတော့ နှုတ်ခမ်းကိုနမ်းလိုက်တယ်။

"မင်းကအံ့ဩဖို့ကောင်းလိုက်တာ။အမေသာသိရင်ပိုပြီးတော့တောင်ဝမ်းသာနေတော့မယ်။"

လောင်ထရန်းကရယ်တယ်။ဒန်နီရယ့်ရဲ့ရှက်ရွံ့မှုကြောင့်ရဲတက်လာတဲ့ပါးပြင်လေးနှစ်ဖက်ကိုပွတ်သပ်ပြီး နဖူးပေါ်ကိုအနမ်းခြွေလိုက်တယ်။ပြန်ခွါပြီးတော့မှ မော်နီတာစက်ကိုတစ်ခါပြန်ကြည့်တယ်။သူ့လက်တွေက ဒန်နီရယ့်လက်တွေကိုညင်သာစွာကိုင်ထားရင်း မော်နီတာစက်ကိုကြည့်ကာ ခံစားချက်တွေအနည်းငယ်ရောထွေးနေတယ်။

ဒန်နီရယ့်ဗိုက်ထဲကအခြေအနေကိုရှင်းပြပြီးတဲ့အခါမှာ ဆရာဝန်ကသန္ဓေသားလေးရဲ့ဓာတ်ပုံကိုမိတ္ထူထုတ်ပြီးပေးလာတယ်။ပြီးမှ သူမရဲ့စားပွဲဆီပြန်သွားကာ လူနာကိုဆောင်ရန်ရှောင်ရန်တွေပြောဖို့အဆင်သင့်လုပ်နေတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now