Part 2-စီစဉ်ထားခဲ့တာလား?။

10.6K 1.1K 27
                                    

Unicode

"ဘာတွေဒီလောက်ဆူညံနေတာလဲ?။ ဒီအိမ်ဘယ်လောက်ပဲကြီးနေပါစေ အမေ့ရဲ့အသံကို ကျွန်တော့်အခန်းထဲကနေတောင်ကြားနေရတယ်။" သူ့အမေရဲ့အော်သံကိုမခံနိုင်တော့တဲ့အဆုံး ထရန်းဇီကအထွန့်တက်လာတယ်။

ဧည့်ခန်းက မျက်နှာကျက်တွေကမြင့်တော့ ကျယ်လောင်တဲ့အသံတွေကို ပဲ့တင်ထပ်​စေတယ်။သူ့အကိုတွေရဲ့အခန်းကထောင့်ကျပေမဲ့ ထရန်းဇီအခန်းကဧည့်ခန်းနဲ့အနီးဆုံးပဲ။

"အိုး၊ရှောင်ဇီရေ ဆင်းလာပြီးကြည့်ပါဦး!။မင်းအကိုကြီးက နောက်ထပ်အမြွှာနှစ်ယောက်ရတော့မယ်!။" လော်ရာမိုကစိတ်လှုပ်ရှားစွာ သတင်းကိုလက်ဆင့်ကမ်းလိုက်တယ်။

"ဘာကြီး! တကယ်ကြီးလား!?။" ထရန်းဇီကလည်းအံ့အားသင့်သွားတယ်။

အယ်လ်ဖာငယ်လေးက လှေကားကနေအမြန်ဒုန်းစိုင်းဆင်းလာပြီး သူ့အကိုကြီးဘေးမှာဝမ်းနည်းကြောင်းစနောက်ပြောတော့ လောင်ထရန်းကလည်းသူ့ရဲ့ပုံမှန်သာမန်ရိုးကျအမူအရာနဲ့ပဲ တုံ့ပြန်တယ်။

"အကိုကြီးရဲ့ငြိမ်းချမ်းမှုကို အမျှဝေပေးလိုက်ပါတယ်။" ထရန်းဇီကပြောတော့ သူ့အမေဆီက တစ်ချက်ရိုက်ခံလိုက်ရတယ်။

"အား!နာလိုက်တာ!။ကျွန်တော် ငတုံးဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?။" ထရန်းဇီကလောလောလတ်လတ် ရိုက်ခံလိုက်ရတဲ့ခေါင်းလေးကိုပွတ်ကာ အလိုလိုက်ခံထားရတဲ့ကောင်လေးတစ်ယောက်လို ညည်းညူလာတယ်။

"အဲ့လိုသာဖြစ်ရင်တော့ ငါဝမ်းသာမိမှာပဲ။"

"ဟမ့်၊ ကျွန်တော့်ကိုယ်ပိုင်ကုမ္ပဏီထူထောင်တဲ့အချိန်ကို စောင့်နေလိုက်ပါ။အကိုကြီးထက်ပိုပြီး အောင်မြင်ကျော်ကြားစေရမယ်။" ထရန်းဇီကတိုးတိုးရေရွတ်ကာ သူ့ခေါင်းကိုပွတ်ဆဲ။ပြီးမှ လောင်ထရန်းနားကပ်ကာ ခပ်တိုးတိုးမေးလိုက်တယ်။

"ကလေးယူဖို့က စီစဉ်ထားခဲ့တာလား?။" ထရန်းဇီကမေးတယ်။ဒန်နီရယ်မကြားအောင် သူ့လက်တစ်ဖက်က ပါးစပ်ထောင့်နားမှာ ကွယ်ထားသေးတယ်။

"ဟင်း..၊ဟုတ်တယ်...မဟုတ်ဘူး။" လောင်ထရန်းနဲ့ဒန်နီရယ်က သံပြိုင်ပြောလာတော့ အယ်လ်ဖာငယ်လေးက ထိုနှစ်ယောက်ကို ဘယ်ညာတစ်လှည့်စီ ကြည့်လိုက်တယ်။လောင်ထရန်းက စီစဉ်ထားခဲ့တာလို့ပြောပြီး ဒန်နီရယ်ကမဟုတ်ဘူးလို့ဖြေခဲ့တာ။ထရန်းဇီက ဘယ်တစ်ယောက်ကိုယုံရမလဲမသိဖြစ်ကာ စုံတွဲကိုဇဝေဇဝါကြည့်လာတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Kde žijí příběhy. Začni objevovat