"ယိမေ ငါတို့ပေါင်းလာတာလည်းကြာပြီ
ငါနင့်ကိုသဘောကျနေတယ်ဆိုတာရိပ်မိမှာပါ""ငါ...ငါတောင်းပန်ပါတယ်
ကျန်းဝမ် ငါ..သိပါတယ် ဒါပေမဲ့ ငါ..ငါ"
"တော်လိုက်တော့
သည်လောက်နဲ့ဆိုငါနားလည်တယ်
နင်မျက်လုံးထဲမှာ ရှောင်ဖန်အာပဲရှိတယ်ဆိုတာ"
"ငါ... ငါတောင်းပန်ပါတယ် "
"မလိုပါဘူး ငါတို့ကသူငယ်ချင်းပဲ
နင့်အချစ်ကိုမရပေမဲ့နင့်ကိုစောင့်ရှောက်ခွင့်ရှိပါသေးတယ်
ငါဦးနှောက်မမဲ့ပါဘူး
နင် ဟိုတစ်ယောက်ကိုတော့သတိထားပါ"
"ကျေးဇူးပါ ကျန်းဝမ် အခုလိုနားလည်ပေးတာ
ငါသူ့ကိုသတိထားပေါ့မယ်"စကားရပ်ပြောနေတဲ့လူသား
မှန်သည်သူတို့က ပိုင်ယီမေနဲ့ကျန်းဝမ်တို့သာဖြစ်သည်
သူတို့ခြောက်ယောက်ကသူငယ်ချင်း
မိုးနတ်မင်းနဲ့ရိပေါ်ရဲ့အမေတို့ကချစ်ကြိုက်ကာလက်ထပ်နိုင်
ပေမဲ့
ပိုင်ယီမေနဲ့ကျန်သုံးယောက်ကတော့ရည်းစားပြိုင်ဘက်ဖြစ်လေသည်
ကျန်းဝမ်ကတော့ချစ်ပေမဲ့သူအပေါ်စောင့်ရှောက်ပြီးအဝေးကချစ်နေတဲ့သူမျိုး
ရှောင်ဖန်အာကတော့
ကံအကောင်းဆုံးဖြစ်ပြီး ယီမေရဲ့အချစ်ကိုရခဲ့လေသည်
ဒါဆိုကျန်တဲ့လူကရောအတွေးတွေဝေးဝါးကာကျန်းဝမ်
အသိစိတ်တို့ဝင်လာလေသည်"မင်းဘယ်မှာဘာတွေလုပ်နေလည်း
ရှဲ့မင်းကျွမ်"ကျန်းဝမ်အတွေးတွေကိုဖြတ်ကာ
သူ့ရဲ့အလုပ်များကိုသာဆက်လုပ်မိသည်
မချစ်ပဲယူမိသည့်
ကျန်းချန်၏မိခင်ကိုအားနာမိသည်
ချစ်လျက်နဲ့အဝေးကကြည့်ခွင့်ရတဲ့ကိုယ့်အဖြစ်ကိုယ်လည်း
စိတ်နာမိသည်
နောက်ဘဝများရှိရင်
မင်းအချစ်ကိုရပါစေ ယိမေ........."ကဲငါမင်းတို့ကိုနေရာအစုံလိုက်ပြပြီးပြီးနော်"
ကျန်းချန် ရေသောက်ရင်းပြောလိုက်သည်
လူပြည်ကိုသွားချင်တာနဲ့မတန်အောင်
လိုက်ပြရသည်
သည်ကြားထဲဟိုဟာလိုချင်သည်ဟာလိုချင်နဲ့
"အင်း...အရမ်းလှတယ် သိလား
ခနခနလာလည်ရမယ်"
ကျန်းချန် ရဲ့မျက်နှာရိပ်ကိုမသိပဲ
ပျောနေတဲ့ကလေးငယ်ကိုကြည့်ရင်း
ရေခတ်ပေးလိုက်သည်"ကလေးရေသောက်အုံးမောနေမယ်"
"ဟီး...ကျေးဇူး ကိုကို""လူပြည်လိုက်ပို့တော့ အခု"
ကျန်းချန် ကတစ်လတ်လတ်တောင်ပနေသောမျက်ဝန်းများနဲ့ပြောလေသည်
သို့ရာတွင် ရိပေါ်ကတို့မျက်ဝန်းများကိုမသိချင်ယောင်ဆောင်ရင်း
"မနက်မှသွားမယ်
အခုကတစ်အားပန်းနေပြီ"
ရိပေါ်ကပြန်ဖြေလေသည် ကျန်းချန်ပြန်ပြောချင်ပေမဲ့ သူရိပေါ်ကိုတော့ကြောက်သည်
သည်လိုနဲ့အင်တင်တင်နဲ့ပဲလက်ခံလိုက်သည်

YOU ARE READING
The Searching Of My Love God
Randomဘယ်ဘဝရောက်ရောက်ချစ်ပါရစေ ရိပေါ် ချစ်ရတဲ့စစ်နတ်ဘုရား