Understanding about life

457 41 8
                                    

Unicode

ဝသာန် လဲ နှိုင်း ဆီကအပြန် လမ်းမှာ အမေ့ ဆီက ဖုန်းဝင်လာတယ်

" သား မီးမီးလေး သတိရလာပြီး သူ့ဒက်ဒီကို ရှာနေတယ် ပြီးတော့ ငိုနေတယ် ဘာမေးမေးခေါင်းပဲခါနေတယ် ၊
သားအခု ဘယ်မှာလဲ ?"

"သားလမ်းမှာ လာနေပြီး အမေ"

"အေး သားမလောနဲ့ ဂရုစိုက်မောင်းကြားလား"

ဝသာန် ဆေးရုံရောက်တာနဲ့ မီးမီးလေးဆီ ပြေးသွားတယ်

Autumn  သူ့ဒက်ဒီကို တွေ့လဲတွေ့ရော

Daddy ဆိုပြီး လက်ကမ်း‌တော့ ဝသာန် ပြေးဖက်လိုက်တယ်

"မီးမီးလေး ဘာလို့ငိုနေတာလဲ ခေါင်းကိုက်လိမ့်မယ် ဒက်ဒီကိုပြောပြ "

"မီးမီးက ဒက်ဒီ ရဲ့ ချစ်သူ သော်က လား ?"

ဟင်!!! ဝသာန်  မှင်သက်သွားတယ်

"ဘာလို့အဲလိုပြောတာလဲ?"

"မီးမီး အကုန်သိသွားပြီး ဘာလို့ပါးပါး မီးမီးကို မုန်းလဲဆိုတာ "

"မီးမီးဘယ်လိုသိလဲဟင် ပါးပါးပြောပြတာလား?"

"မဟုတ်ဘူး မီးမီး မေ့နေတဲ့ ရက်အတွင်းမှာ အိမ်မက်ကနေတစ်ဆင့် မြင်ရတာ ရုပ်ရှင်လိုပဲ ထင်ထင်ရှားရှားမြင်ရတာ "

"အိမ်မက်ထဲမှာ Daddy နဲ့ သော်ကနဲ့ က ချစ်သူတွေ ပါးပါး က သော်ကကို ကားနဲ့တိုက်သတ်လိုက်တာရော သော်က က မီးမီးအဖြစ် ပါးပါးဆီမှာ လာနေချင်တာရော အကုန်မြင်ရတယ် "

"အဟင့် !  ဟင့်ဟီးး.. ဟီး ..ပါးပါးကို မီးမီးကြောက်တယ် မချစ်တော့ဘူး အခုလဲ ပါးပါး မီးမီးကို ထပ်သတ်ဖို့လုပ်တယ် "

ဝသာန်  လဲ ရှိုက်ရှိုက်ပြီးငိုနေတဲ့ သမီး
ကိုယ်လုံးလေးကိုဖက်ပြီး

"တိတ်‌.. တိတ်သမီး ဒီတစ်ခါ ဘာမှမဖြစ်စေရဘူး ဒက်ဒီရှိတယ် "

"ကြောက်တယ် ကြောက်တယ် မီးမီး အိမ်မပြန်ချင်တော့ဘူး"

"အိမ်မှာပါးပါးမရှိဘူး ခရီးထွက်သွားတယ်"

"အခု ဒက်ဒီတို့အိမ်ပြန်ရအောင် "

"ကိုကိုရော ?"

"ကိုကိုက တီလေးဆီမှာ "

အိမ်ပြန်ရောက်တော့ မီးမီးမှာ အဲလှေကားကိုမတက်ရဲဘူးဖြစ်နေတယ် သူ‌လန့်နေတယ်
သူလဲစိတ်ဒဏ်ရာ တော်တော်ရသွားတယ် သူပါးပါးကို ချစ်သလောက် ပြန်ရလာတာက ဒဏ်ရာ ဒဏ်ချက်တွေချည်းပဲ အရွယ်နဲ့မလိုက်အောင် ခါးသီးခြင်းတွေက သူ့အတွက် များလွန်းတယ်

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now