Freedom

491 38 3
                                    

Unicode

မာလာ တစ်ယောက် ဝသာန်ကို အသေကပ်တယ် အလုပ်ကိစ္စ အကြောင်းပြပြီး ခဏခဏ ဝသာန့် ရုံးခန်းထဲ လာလာတယ်

အနှိုင်းမဲ့ မရှိတဲ့ ဒီအချိန်က သူ့အတွက် အချိန်ကောင်းပဲလေ

"ဝသာန် မာလာ နဲ့ ညနေကျရင် ညစာသွားစားရအောင် "
ဆိုပြီး လာဆွဲတဲ့ မာလာရဲ့လက်ကိုဆောင့်ခါလိုက်ပြီး

"မာလာ ငါ့ လက်ကို လာမဆွဲ နဲ့ မကြိုက်ဘူး မင်းကို သော်က ရဲ့ အမေ မျက်နှာနဲ့ အခုလောက်အထိ အလိုက်အထိုက်နေပေးတာကို ရောင့်မတက်နဲ့ "

"ပြီးတော့ အခုရုံးချိန်အတွင်း ဆို ငါက မင်းရဲ့ Boss ပဲ မင်းကို အချိန်မရွှေး ထုတ်ပစ်နိုင်တယ် လွန်မလာနဲ့ "

ဝသာန် အခန်းပြင်ထွက်ဖို့လုပ်တော့

မာလာ သူ့ခါးကိုအနောက်ကနေလှမ်းဖက်လိုက်တယ်

"ငါနင့်ကို ချစ်တယ် ဝသာန်
အခုချိန်မှာ အနှိုင်းမဲ့ လဲမရှိတော့ နင်လိုအပ်နေတာတွေကို ငါဖြည့်ဆည်းပေးနိုင်တယ်"

"မင်းက ဘယ်လို မိန်းကလေးမျိုးလဲ စည်းမစောင့်ဘူး ငါ့မှာ အနှိုင်းမဲ့ ရှိတယ် ‌ပြီးတော့ ကလေးနှစ်ယောက်အဖေ မင်းမှာအရှက်မရှိဘူးလား"

"ပြီးတော့ ငါမင်းကို ချစ်လဲမချစ်ဘူး အနှိုင်းမဲ့ တစ်ယောက်တည်းကိုပဲ ချစ်တယ် "

"နင်က အနှိုင်းမဲ့ ကိုချစ်တယ်ပေါ့ နင် သော်က ကို နည်းနည်းလေးမှ အားမနာဘူးလား ကိုယ့်ချစ်သူကို သတ်တဲ့လူကိုတောင် ပြန်ချစ်နိုင်တဲ့ အထိ နင့်ရဲ့ ဦးနှောက်က သုံးစားလို့မရတော့ဘူးလား "

"နင့်ကိုချစ်တော့ရော အားမနာရဘူးတဲ့လား "

"အနည်းဆုံးတော့ ငါက သော်က ကိုသတ်တဲ့လူမဟုတ်ဘူးလေ"

"ငါ့အတွက်အချစ်က အဲတာတွေနဲ့မတိုင်းတာဘူး နှိုင်း က မာဖီးယားဂိုဏ်းချုပ်ဖြစ်နေရင်တောင်မှ ငါ့နှလုံးသားက ရွှေးချယ်မယ့် တစ်ယောက်တည်းသောသူက
အမြဲတမ်း အနှိုင်းမဲ့ ပဲဖြစ်နေမှာပဲ "

"မင်း ထွက်သွားလိုက်တော့ အလုပ်ကိစ္စလဲ မင်းငါ့ရုံးခန်းထဲလာစရာမလိုဘူး တစ်ခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်"

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now