ᏢᎪᎡͲ-1

1.4K 120 17
                                    

Unicode......

ချုံချင်းမြို့ရဲ့ ရပ်ကွက်ငယ်လေးတစ်ခု။

"ရွမ်ကျင်း!.. အဲ့ကိုယ်ဝန်ကဘယ်သူနဲ့ရတာလဲ ငါ့ကိုပြောစမ်းပါ"

ယောကျာ်းတစ်ယောက်ဒေါသထွက်နေတာဖြစ်တဲ့အလျောက် လေသံကအနည်းငယ်မာနေပေမယ့် ဝမ်းနည်းမှုတွေ၊ ယူကျုံးမရဖြစ်မှုတွေကလည်း အတိုင်းသားပေါ်လွင်နေတယ်။

အပြင်ဘက်မှာ မိုးတွေသည်းထန်စွာရွာနေတာမို့ အအေးဒဏ်အတော်အသင့်ရှိနေပေမယ့် ရှောင်းကျန့်ရင်ထဲမှာတော့ ချော်ရည်တွေစီးဆင်းနေသလိုကို အတော်ပူလောင်နေရပါတယ်။

အမေဖြစ်သူဆုံးပြီးနောက်ပိုင်းမှာ အမေတူအဖေကွဲညီလေးဖြစ်တဲ့ ကျောင်းရွမ်ကျင်းကို ရှောင်းကျန့်က ေစာင့်ရှောက်လာခဲ့တာ။ ရွမ်ကျင်းက Omega လေးမို့လို့ သူ့မှာအရိပ်တကြည့်ကြည့်နဲ့ သေသေချာချာပျိုးထောင်လာတာက ဒီလိုမျိုးဖြစ်ဖို့မဟုတ်ဘူးလေ။

"ကျောင်းရွမ်ကျင်း! ငါ့ကိုပြောလို့!"

"ဟင့်..ရွှတ်"

အော်လိုက်တော့ အသံထွက်ငိုလာတဲ့ ရွမ်ကျင်းကိုကြည့်ပြီး ရှောင်းကျန့်ရင်အခါခါနာရတယ်။ အမေဆုံးတုန်းက အထက်တန်းပဲရှိသေးတဲ့သူ့မှာ စားဝတ်နေရေးအတွက်ကျောင်းထွက်ပြီးကုန်းရုန်းရှာခဲ့ရတာ။ အလုပ်အတည်တကျရတော့လည်း ရွမ်ကျင်းက တက္ကသိုလ်တက်နေရပြီမို့ သူ့မှာ သူများတွေနဲ့တန်းတူနေနိုင်အောင် တော်ရုံကောင် အနားမကပ်နိုင်အောင်လို့ ငွေတွေလိမ့်ရှာပြီးပံ့ပိုးပေးခဲ့တာ။

ဒါပေမယ့် အခုသူ့ညီလေးဗိုက်ထဲမှာကလေးလေးရောက်နေပြီတဲ့လေ..။ ချစ်သူရည်းစားရှိတယ်လည်းမကြားမိပါပဲနဲ့ ဒီလို ကလေးရတာက ရှောင်းကျန့်ကိုပိုပြီးပူလောင်စေတယ်။

ရှောင်းကျန့် သက်ပြင်းမောတစ်ခုကိုချလို့ ကြမ်းပြင်ပေါ်ထိုင်ငိုနေတဲ့ရွမ်ကျင်းအရှေ့မှာ ထိုင်ချလိုက်တယ်။

"ရွမ်ကျင်း ကောကိုပြော ဘယ်သူနဲ့လဲ"

လေသံကိုဖျော့ပြီးတော့ ေမးလိုက်တော့ ခေါင်းလေးမော့ပြီးကြည့်လာတယ်။
နှာရည်တွေပေပွပြီး မျက်ရည်တွေဝဲနေတဲ့ သူ့ညီလေးက ကလေးလေးအတိုင်းပဲ။ ဒါပေမယ့် မကြာခင်အဖေဖြစ်တော့မယ့်ကောင်လေး။

Lost To You {Zhanyi}Where stories live. Discover now