MY MEDICINE💊💊

202 15 0
                                    

UNICODE______

"အချစ်"ဆိုတဲ့အရာကိုခင်ဗျားတို့ဘယ်လိုတင်စားသလဲတော့ကျွန်တော်မသိပေမဲ့ကျွန်တော့အတွက်ကတော့ဆေးခါးတစ်ခွက်ပဲ
ဆေးဆိုတဲ့အရာကလူတွေရဲ့နေ့စဥ်ဘဝမှာမရှိမဖြစ်လိုအပ်နေတဲ့အရာပဲမဟုတ်လား
အဲ့လိုပဲလူတိုင်းကအချစ်ကိုနေ့စဥ်လိုအပ်နေကြတာပဲလေ
တစ်ချို့ကြတော့ဆေးကိုဆိုကြောက်ကြတယ်ဗျ
ဆေးရဲ့ဘေးထွက်ဆိုးကြိုးတွေကိုကြိုတွေးပြီးထိပ်လန့်နေကြတယ်
အမှန်တော့သူတို့ကဆေးရဲ့ကောင်းကျိုးတွေကိုမသိမမြင်မခံစားဘူးသေးလို့ပါ
အချစ်မှာလည်းအဲ့လိုပဲ လူတွေကအချစ်ကိုလိုအပ်ပေမဲ့အချစ်ကပူလောင်လွန်းတယ်ဆိုတဲ့တစ်ခြားသူတွေရဲ့ပြောကြားချက်ကိုနားယောင်းပြီးမချစ်ရဲကြတော့ဘူး
သူတို့တွေသိသင့်တယ် အချစ်ဆိုတာကောင်းကောင်းသုံးဆွဲတက်ရင်
ဘယ်လောက်နွေးထွေးလဲဘယ်လောက်ကြည်နူးလဲဆိုတာသိလာမှာပါ
ချစ်ရမှာကိုမကြောက်ကြပါနဲ့ချစ်ကြည့်လိုက်ပါကိုယ့်ရဲ့ချစ်တဲ့နည်းလမ်းကမှန်ကန်နေမယ်ဆိုရင်ပူလောင်မှုဆိုတာရှိလာစရာအကြောင်းမရှိဘူးမလား။
ကျွန်တော်ကတော့ကျွန်တော့ဘဝရဲ့ဆေးစွမ်းကောင်းတစ်လက်ကိုပိုင်ဆိုင်ထားပြီးပြီ
ထိုဆေးလေးကတော့ ကျွန်တော်ရဲ့ချစ်ရတဲ့"ငယ်"ပေါ့
ကျွန်တော်နဲ့ငယ်နဲ့စတွေ့တုန်းကတော့နည်းနည်းဗရုတ်ကျတယ်ပြောရမလားပဲ..............

လွန်ခဲ့သောနှစ်နှစ်ခန့်က

"သူဌေးအဆင်သင့်ဖြစ်ပါပြီ"

"ကောင်းပြီသွားကြတာပေါ့"

ဒီနေ့ကျွန်တော်ရှယ်ယာဝင်ထားတဲ့ကျောင်းမှာအဆောင်သစ်တိုးချဲ့ဖို့အတွက်သွားရောက်ဆွေးနွေးရမည်။
ငယ်ငယ်ကတက်လာခဲ့တဲ့ကျောင်းဖြစ်တဲ့အပြင်အနည်းငယ်အခက်အခဲရှိနေတာကြောင့်တစ်ဖက်တစ်လမ်းကနေအတက်နိုင်ဆုံးပံ့ပိုးကူညီပေးခဲ့သည်။
အရာရာပြည့်စုံတဲ့သူရယ်လို့တော့လောကမှာဘယ်ရှိပါ့မလဲဗျာ တစ်ခြားသူတွေအမြင်မှာတော့ကျွန်တော်က ရုပ်ရည် အရည်အချင်းတွေအဘက်ဘက်ကပြည့်စုံနေတယ်ကံကောင်းလွန်းတယ်လို့တွေ့ကြလိမ့်မယ်
ကျွန်တော်ဒီလိုရပ်တည်နိုင်ဖို့ကြိုးစားခဲ့ရတာတွေကိုသူတို့မသိဘူး
ဘဝကိုတစ်ယောက်ထဲအထီးကျန်ကျန်ဖြတ်သန်းနေရတာတွေ
တိတ်ဆိတ်လွန်းတဲ့အိမ်ကြီးရဲ့အလယ်မှာနွေးထွေးမှုမရှိတဲ့ထမင်းဝိုင်းကိုတစ်ယောက်ထဲဖြတ်သန်းခဲ့ရတာတွေကိုဘယ်သူမှမသိကြဘူး
ကျွန်တော့်ရဲ့အေးစက်နေတဲ့နှလုံးသားဟာလည်းပိုင်ရှင်မဲ့နေတာကြောင့်ခုန်ဖို့ပင်မေ့နေသလားအောင့်မေရသည်။
ကျွန်တော့ဘဝမှာကျွန်တော်တစ်ယောက်ထဲသာကျွန်တော့အတွက်အဖော်ပဲ။
ကျွန်တော်ငယ်ငယ်ထဲကကျွန်တော့ကိုလူ့လောကမှာတစ်ယောက်ထဲရှင်သန်စေခဲ့တဲ့ပါးနဲ့မား
ခိုလှုံရာရင်ခွင်တစ်ခုလို့သက်မှတ်ထားခဲ့ပေမဲ့ငွေအပြင်ဘာကိုမှအာရုံမရတဲ့အချစ်ဦးဆိုတဲ့"မ"
ကျွန်တော့ဘဝမှာဘာမှမရှိတော့ဘူး တိတ်ဆိတ်နေတဲ့အိမ်ကြီးနဲ့အေးစက်နေတဲ့နှလုံးသားသာရှိတော့သည်။

You've reached the end of published parts.

⏰ Last updated: Mar 22, 2022 ⏰

Add this story to your Library to get notified about new parts!

MY MEDICINE💊💊(ONE SHORT) Where stories live. Discover now