Part 3-သမိုင်းတစ်ကျော့ပြန်လာတယ်။

7.8K 1K 22
                                    

Unicode

"ဒီကောင်ကတော့ ဘာသောက်ရူးတွေထနေလဲမသိဘူး။" အီရန်ကရေရွတ်လိုက်ပြီးတော့ ဟန်လုကိုခန္ဓာကိုယ်အရွယ်အစားကွာဟနေတဲ့ကြားက ကျွမ်းကျင်စွာပဲသူ့အခန်းထဲကို တရွတ်တိုက်ဆွဲခေါ်သွားတော့တယ်။

ဟန်လုကိုကုတင်ပေါ်ပစ်ချနိုင်လိုက်ပြီးတဲ့အခါမှာ အီရန်ကသက်ပြင်းတစ်ချက်ချလိုက်ပြီး ၉ရက်လောက်ပေါ်မလာတဲ့အယ်လ်ဖာ သူ့အိပ်ရာပေါ်မှာငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်နေတာကိုကြည့်နေတယ်။

"ဟား ငါတကယ်ကိုပူမနေသင့်တော့ဘူး။အန်ဒရူးရေ အခုကနေစပြီးတော့ ကိုယ့်ကိုယ်ကိုသနားစမ်းပါ။" အီရန်ကသူ့ကိုယ်သူပြောတယ်။သူ့မျက်လုံးတွေက ဟန်လုကိုယ်ပေါ်မှာရှိနေတုန်းပဲ။လက်ပိုက်ကာ လက်မောင်းပေါ်မှာလက်တွေနဲ့တတောက်တောက်ခေါက်ကာ အီရန်ကအရှုံးပေးလိုက်ပြီး ဟန်လုနားကိုလျှောက်သွားတယ်။

အယ်လ်ဖာရဲ့ဖိနပ်တွေကိုဂရုတစိုက်ချွတ်ပေးလိုက်တယ်။ပြီးတော့ ခန္ဓာကိုယ်ကိုလည်းသက်တောင့်သက်သာရှိမဲ့အနေအထား ပြောင်းပေးပြီး စောင်ခြုံပေးလိုက်တယ်။

စိတ်မောကာ သက်ပြင်းချလိုက်ပြီး အီရန်ကစိတ်အနှောင့်အယှက်ဖြစ်စွာသူ့မျက်နှာသူလက်နဲ့ပွတ်သပ်လိုက်တယ်။သူ့ကိုယ်သူမကျေနပ်လိုက်တာ။ဟန်လုက သူ့ကိုဒီတိုင်း လူဆိုးဖြစ်အောင်လုပ်နေတာ။သူကိုယ်တိုင်ကျတော့ သူပိုင်တဲ့တိုက်ခန်းတွေထဲကတစ်ခုမှာ မင်းသမီးတွေနဲ့ပျော်ပါးနေမှာ။သူရဲ့ရည်းစားတွေကိုငြီးငွေ့သွားပြီးရင် နောက်ဆုံးအီရန့်ဆီပဲ ပြန်ရောက်လာတယ်။

"ငါမင်းကိုမုန်းလိုက်တာ။" အီရန်က ရေရွတ်လိုက်ပြီးတော့ စိတ်တိုကာအယ်လ်ဖာရဲ့နားရွက်ကိုဆွဲဆိတ်လိုက်တယ်။ဒါပေမဲ့ခဏကြာတော့ မသိစိတ်ကြောင့်ငုံ့ကိုင်းကာ ဟန်လုရဲ့ရနံ့ကိုရှုရှိုက်လိုက်တယ်။ဘာကြောင့်မှန်းမသိ အယ်လ်ဖာရဲ့ရနံ့ကသူ့ကိုတည်ငြိမ်စေပြီး စိတ်အေးစေတယ်။

သူကိုယ်တိုင်လည်း နားမလည်ဘူး။ဒါပေမဲ့ တစ်ခါတလေကျရင် ကိစ္စတွေလွဲချောသွားတဲ့အခါ အီရန်ကသူကိုယ်တိုင်လည်းဘာလုပ်ရမှန်းမသိဘူး။ဒီတိုင်း ရင်စီးခံလိုက်ရမလား...ဒါမှမဟုတ်..သူချစ်တဲ့ယောကျာ်းနဲ့ပဲအတူရှိရင် အကုန်အဆင်ပြေသွားမလား မသိတော့ဘူး။အယ်လ်ဖာနဲ့အတူရှိနေတာက သူ့ဒဏ်ရာကို ကုသပေးနေသလို တစ်ကြိမ်တည်းမှာပဲ သူ့စိတ်ကိုသတ်နေတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Opowieści tętniące życiem. Odkryj je teraz