YS"Congratulations Tae လေး နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့ USA မှာ လေ့ကျင့်ရေးကာလအတောအတွင်း အရမ်းကိုတော်ပြီး ကြိုးစားတယ်ဆို Hyung ရဲ့ကလေးလေးက တော်လိုက်တာ"
"USA မှာ Hyuka တို့ Jay တို့လဲ ရှိတော့ အကုန်အဆင်ပြေတယ် နောက်ကျမှ ဒီကို လာခဲ့ဦးမယ်တဲ့ သူတို့က အဖွဲ့ဝင်ဖြစ်ပြီးတာနဲ့ အသင့်စောင့်နေတဲ့ မစ်ရှစ်တွေရှိနေတော့ ကျနော်နဲ့ မလိုက်ခဲ့နိုင်ဘူး"
SH"Congratulations TaeHyun ပြီးတော့ CSIရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ရွေးချယ်ခဲ့လို့ကော ဒါမဲ့ ညီလးကြိုက်ရာလမ်းကိုရွေးဖို့ ခွင့်ပြုပြီးသားဆိုတာလဲ သိထားနော် Hyung တို့က ဒီအဖွဲ့ဝင်မလို့ TaeHyun လဲ လုပ်ရမယ်လို့ မဆိုလိုဘူး ဝင်ပြီးရင် ထွက်ဖို့ခက်သလို လွတ်လပ်ပျော်ရွှင်နေရမဲ့ လူငယ်ဘဝလဲ ဆုံးရှုံးရနိုင်တယ်နော်"
"ဟုတ် သိပါတယ် SeongHwa Hyung ကျွန်တော်က ဒီမှာအတော်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာအောင် ကြိုးစားသွားမှာ"
YS"ဟုတ်ပါပြီ ရည်မှန်းချက်ကြီးမားတာပဲတကယ်တော့ Hyung က မလုပ်စေချင်ဘူး Tae လေးရဲ့ အန္တရာယ်များတယ်လေ ဒီတိုင်းသာမန်ပဲနေပါ့လား "
"မနေချင်ပါဘူး ဒါတွေကိုစိတ်ဝင်စားပြီး လုပ်ချင်တာလဲ သိရဲ့သားနဲ့ကိုဗျာ ဘာမှမပူပါနဲ့ Sangie Hyung ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ် ကျနော်က သန်မာပါတယ်နော်"
"ဟုတ်ပါပြီ ညီအစ်ကိုနှစ်ယောက် ကိုယ်ပြောတာ ခဏနားထောင်ပေးပါဦး"
"အင်း Hwa ပြောလေ"
SH " Taehyun-ah ပထမဆုံး အဖွဲ့ဝင် ဖြစ်တဲ့နေ့မှာ မစ်ရှင်တစ်ခုရှိတယ် ဘယ်လိုလဲ"
"ဟင် တကယ်လား!!"
"အင်း"
"အတည် ဘာလုပ်ရမှာလဲ ဘယ်သွားရမှာလဲ ဘယ်သူတွေနဲ့ တွဲလုပ်ရမှာလဲ Sangie Hyung ကြားတယ်မလား ကျနော့်အတွက် မစ်ရှင်ရှိတယ်တဲ့ "
SH "TaeHyun အခုလို တက်ကြွနေတာမြင်ရတာ ကောင်းပေမဲ့ မစ်ရှင်ကလေ..."
"ဘာမို့လို့လဲ မြန်မြန်ပြောပြပါတော့ Hwa Hyungရဲ့"
SH " အင်း တကယ်တော့လေ Bodyguard သဘောမျိုး....."
"ဗျာ!!!! မဟုတ်ဘူးလေ အဲ့တာကြီးတော့ မလုပ်ချင်ဘူးလေ ဟိုမှာ ကြိုးစားလေ့ကျင့်လာတာ Bodyguard လုပ်ဖို့မှ မဟုတ်ဘဲ"
YOU ARE READING
I Still Do ¶TaeJun¶
Fanfiction[🅾🅽 🅷🅾🅻🅳] I've always loved you And I still do... TXT : YeonJun × TaeHyun Start : 20.3.2022