14 ( uni & zgyi )

166 44 45
                                    

Unicode

အချိန်သည် ကျန်းကျယ်ဟန့်အချိန်ပေးထားသည့် နှစ်လမှ တစ်လခွဲခန့်ပင် ကုန်သွားခဲ့ပြီဖြစ်သည်။
ကုန်းကျွင့်သည်လည်း ကျန်းကျယ်ဟန့်၏ ငြင်းဆန်နေခြင်းများကို သည်းခံနေဆဲပင်ဖြစ်၏။

ကျန်းကျယ်ဟန့်သည်လည်း စိတ်မကြည်လင်ကြောင်း သိသာစွာပင် မိုးလင်းသည်နှင့် တည်ငြိမ်အေးစက်နေသောမျက်နှာက အထင်းသား။ ကုန်းကျွင့်မှာသာ ကျန်းကျယ်ဟန့်ကို စိတ်လည်းပူရသလို အားငယ်စိတ်တို့လည်း ဖြစ်ရ၏။

နှစ်လပြည့်လျှင် အိမ်မှထွက်သွားမည်ဟု ပြောထားသော ကောကြောင့် သူ့စိတ်သည် လေးလံလွန်းနေပြီဖြစ်သည်။
ဖြစ်နိုင်လျှင် ဆွဲထားချင်သည်။ လက်မခံနိုင်မှန်းသိနေသော်လည်း ကျွန်တော်တို့က ဖူးစာရှင်တွေပါ ဟု ပြောကာ အတိတ်ဘဝကို မှတ်မိသမျှ ပြောပြချင်မိ၏။

ကျန်းကျယ်ဟန့်မှာလည်း အကြောင်းမဲ့ စိတ်တိုနေရခြင်း မဟုတ်ပေ။
သူသည် ညစဉ်ညတိုင်း မြက်ရိုင်းတောကြီးတွင် ပြေးလွှားနေရသည်။ ထို့အပြင် အကျဉ်းကျသကဲ့သို့ ပိတ်မိနေသော ထိုနေရာမှ လွတ်မြှောက်ရာလမ်းကို ရှာဖွေနေရသည်။

ထိုစည်းဝိုင်းနီနီ၏အပြင်ဘက်တွင် မည်သည့်အရာများရှိနေသည်ဟု မသိနိုင်သော်လည်း သူသည် ထိုနေရာမှ လွတ်မြှောက်ချင်လှသည်။
လွှတ်မြောက်ရန်လည်း ကြိုးစား၏။
အိပ်မက်တို့က တဖြည်းဖြည်းပို၍ထင်ရှားလာကာ ပင်ပန်းနွမ်းနှယ်မှုတို့က နိူးလာသည်အထိ လိုက်ပါလာသည်။

သို့သော် သူ့မျှော်လင့်ချက်တို့သည် အခါခါ ရှုံးနှိမ့်ရသည်သာ။
သူ၏အိပ်မက်ညတိုင်းတွင် ထိုကြိုးနီနီကို ဖြတ်သန်းသွားရန် မကြိုးစားနိုင်ခဲ့ပေ။
ကြိုးနီနီကို ဖြတ်သန်းရန် ကြိုးစားရင်း ပြေးလွှားရင်း နိူးထလာရသည်ချည်းသာ။
ထိုအခါ ပင်ပန်းနေသောစိတ်ကြောင့်ပင်ကုန်းကျွင့်ကို စကားကောင်းပြန်ပြောနိုင်ရန်ပင် အတော်ကြိုးစားယူရလေသည်။
ကုန်းကျွင့်ကိုလည်း သူအားနာလာမိ၏။
အကြောင်းစုံကို မသိရှာ‌ေသာ်လည်း သူ့ကို မငြိုငြင်ဘဲ အစစအရာရာသည်းခံပေးကာ အလိုလိုက်ရှာသည်။

Red Love Knots ( Uni & Zgyi )Where stories live. Discover now