PART 39(Z+U)

1.3K 119 2
                                    

Zawgyi

"အကြင်နာတွေကို လိုလားတောင့်တနေမိခြင်း"


လွန်ခဲ့သော မိနစ်အနည်းငယ်။

ကားပြခန်းက ပိတ်နေပြီဖြစ်သော်လည်း လာမည့်လုပ်ငန်းအတွက် အဖေဖြစ်သူနှင့်ဆွေးနွေးစရာရှိတာမို့ Codeမှာ ကားပြခန်းကနေမပြန်သေးဘဲ စာရင်းဇယားတွေထဲ ခေါင်းနှစ်လို့ထားလေသည်။

"ထိုင်းဘက်ကဝင်တဲ့အစီးတွေစာရင်းက ဘယ်မှာလဲ"

"ဒီမှာ ဒယ်ဒီ"
Codeက ဦးခန့်ထည်ကိုဘက်ဆီ လပ်တော့ကိုလှည့်ပြလိုက်၏။

"ဒီမော်ဒယ်မှာ နည်းနည်းလွဲမနေဘူးလား"

ဦးခန့်ထည်ကိုက အသေအချာကြည့်နေလိုက်ပြီးနောက် မေးတော့ Codeက ဖြေဖို့လုပ်ချိန်မှာပဲ စားပွဲပေါ်ကဖုန်းကမြည်လာတာမို့ တစ်ချက်လှမ်းကြည်လိုက်၏။
ထို့နောက် မကိုင်ဘဲချလိုက်ပြီး သူ့အဖေကိုရှင်းပြဖို့သာလုပ်လိုက်၏။
သို့သော် ပါးစပ်ဟရုံရှိသေး ဖုန်းကထပ်ဝင်လာလေသည်။

Codeက သူ့အဖေကို ခွင့်တောင်းသလိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုကိုင်လိုက်၏။

ကိုင်လိုက်တယ်ဆို တစ်ဖက်ကထွက်ပေါ်လာသည့် အလျင်စလိုအသံကြောင့် မျက်နှာကတည်ကာလေးနက်သွားပြီး

"ငါကအလုပ်မှာ"

"ဘယ်သူ့ကိုမှ မလွှတ်ထားဘူး"

"Shitt!"

Codeက မျက်ခုံးတွေသာစုကျုံ့ထားရင်းရေရွတ်လိုက်ပြီး ဖုန်းကိုချကာ ထိုင်နေရာကနေ ချက်ချင်းကောက်ထလိုက်၏။

ခုဏကမှ အလုပ်ကိုပျင်းတိပျင်းတွဲလုပ်နေသည့်သူ့သားက အခုတော့ တည်တင်းတင်းမျက်နှာနဲ့ အလျင်စလိုအမူအရာကြောင့် ဦးခန့်ထည်ကိုက သိချင်လာ၍

"ဒီအချိန်ကြီး ဘယ်သွားမလို့လဲ... ဒီမှာအလုပ်မပြီးသေးဘူးလေ"

ခြေလှမ်းကျဲတွေနဲ့လှမ်းထွက်ဖို့လုပ်သည့် Codeက ပြန်လှည့်ကြည့်ပြီး

"My Only One" ✔️Where stories live. Discover now