20.zgi

213 10 0
                                    

🌿The legend of the blue sea😍

အပိုင်း(20) ကုန်းမြေဆီသို့

သူ့ကိုထောက်ကန်ထားပေးတဲ့ရီနာနာပါရောပြီး‌ ပူကျစ်နေတဲ့သဲသောင်ပြင်ပေါ်ပစ်လဲသွားတော့တယ်

ရီနာနာ ။ ။ "..........."

ရေဘုရင်။ ။".............."

သူရဲ့ကြွက်သားတွေက သူမရဲ့ရင်သား‌တွေပေါ်ပိနေပြီး သူ့နှုတ်ခမ်းကတော့ သူမရဲ့နှုတ်ခမ်းထောင့်စွန်းလေးကိုထိလို့နေတယ်

အလားတူပဲ သူ့ရဲ့ ဆင်နှာမောင်းကလဲ သူမကိုအသားယူလျက်ပေါ့

ရီနာနာကြက်သီးထသွားခဲ့တယ်

ပြီးတော့ ထိတ်လန့်သွားတယ်

ဒါကြောင့်ရောယောင်ပြီးတွန်းထုတ်မိတော့တာပဲ

ရေဘုရင်ခမျာမှာတော့ ရီနာနာတွန်းထုတ်လိုက်သည့်တိုင် ချိုမြိန်ပြင်းရှတဲ့အရသာမှာရစ်မူးနေတုန်းပဲ

သူ့ရဲ့မျက်နှာတပြင်လုံးနဲ့နားရွက်လေးတွေပါမကျန်ပန်းသီးရောင်ထသွားခဲ့တယ်

အခုလေးတင်ရလိုက်တဲ့နူးညံ့ချိုမြိန်တဲ့အနမ်းဟာ သူ့တကိုယ်လုံးကိုလေပေါ်မြောက်တက်သွားစေလေရဲ့

ရီနာနာကတော့ ခြေထောက်ရတာနဲ့ပစ်လဲသွားတဲ့ရေဘုရင်ကိုကြည့်ကာ ‌ခေါင်းကိုက်သွားပြီ လမ်းလျှောက်နည်းကိုနေ့တဝက်လောက်သင်ပေးလိုက်မှပဲ အဆင်ပြေသွားတော့တယ်

ဆံနွယ်တွေကို‌သေချာထုံး‌နှောင်လိုက်ပြီး တိုင်တန်ခရင်းခွကိုတော့ သူမရဲ့ဆံထိုးအ‌ဖြစ်ထိုးထားလိုက်တယ်

ကျောပြင်အပြည့်နဲ့အနဲငယ်လှိုင်းတွန့်ဆံပင်ရှိတဲ့ရေဘုရင်ကိုတော့ တဝက်စီးပေးလိုက်ပြီး ဘေးကသစ်ကိုင်းကိုလှလှလေးချိုးပြီးထိုးပေးလိုက်တော့တာပဲ

ကိုယ်‌ပေါ်ကဝတ်ရုံတွေအတွက်ကတော့ ထုံးစံအတိုင်း
လူတွေရေချိုးနေတုန်းအလစ်ယူလာတာပဲပေါ့

အဲ့လိုနဲ့ကမ်းခြေပေါ်မှာတည်ထားတဲ့မြို့ငယ်လေးထဲခြေချဖြစ်ခဲ့ကြတယ်

ဒါပေမဲ့ မြို့တွေကမြို့ပျက်လိုပဲလူမရှိဘူး

ပြီးတော့ တစ်ယောက်တလေသာရှိတဲ့မြို့ခံလူငယ်တွေကကလဲ ထိုင်းမှိုင်းလေးလံပြီး တွေဝေငြိမ်သက်နေကြတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOnde histórias criam vida. Descubra agora