15 ( uni & zgyi )

206 43 19
                                    

Unicode

" လျိုလီ !!!!! "

ကျန်းကျယ်ဟန့်သည် လျိုလီ၏ခန္ဓာကိုယ်လေးကို ပွေ့ယူကာ စမ်းသပ်ကြည့်မိလျှင် အသက်မရှိတော့ကြောင်း သိရှိသွား၏။

သူမလို နူးညံ့လှပသူကို သတ်ပစ်ရလောက်အောင် မည်သူက မုန်းနေခဲ့ပါသလဲ။ သူ့အတွက် အဖြေမရှိသော မေးခွန်းပင်ဖြစ်လေသည်။

" လျိုလီရယ် ဘယ်လိုဖြစ်ရတာလဲ "

ကျန်းကျယ်ဟန့်သည် ယူကျုံးမရရေရွတ်မိကာ လျိုလီ၏ခန္ဓာကိုယ်လေးကို တင်းတင်းပွေ့ဖက်ထားမိလေသည်။ ထိုအချိန်တွင်...

" ကော ... "

" ဟင် .... "

ခေါ်သံသဲ့သဲ့ကြောင့် လှည့်ကြည့်မိလျှင် ထမင်းစားခန်း၏ထောင့်အကွယ်မှထွက်လာသော ကုန်းကျွင့်ကို တွေ့ရလေသည်။
ကုန်းကျွင့်၏လက်ထဲတွင် သွေးစွန်းနေသောဓားတစ်ချောင်းကို ကိုင်ထား၏။
ကျန်းကျယ်ဟန့်၏မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင်ပင် ပြူးကျယ်ဝိုင်းစက်သွားလျက် လျိုလီ၏ရင်ဘတ်မှ ဓားဒဏ်ရာကိုတစ်လှည့် ကုန်းကျွင့်ကိုတစ်လှည့်ကြည့်နေတော့သည်။

" ကျွင့်ကျွင့် မင်း... မင်း သူ့ကို... "

" ဟာ ! မ... မဟုတ်ဘူး ကော ကျွန်တော်မဟုတ်ဘူး "

" ချလွင် !!! "

ကုန်းကျွင့်သည် ဓားကိုလွှတ်ချလိုက်မိကာ ခြောက်ခြားနေသောအကြည့်တို့ဖြင့် ခေါင်းကိုအဆက်မပြတ်ခါရမ်းလိုက်ပြီး ငြင်းဆန်နေရှာသည်။
မျက်လုံးတို့တွင် မျက်ရည်တို့သည် ရစ်ဝိုင်းနေလျက် သူသည်လည်း လျိုလီသေဆုံးရခြင်းနှင့် ပတ်သက်၍ ရပ်တည်နိုင်စွမ်းမရှိလောက်အောင်ပင် တုန်လှုပ်နေလေသည်။

" ဒါဆို မင်း က ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ "

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်၏ရှေ့တွင် ဒူးထောက်ကာထိုင်ချလိုက်ပြီး ရှင်းပြရန်ကြိုးစားနေ၏။ သို့သော် သူ့စိတ်သည်ပင် ယခုရင်ဆိုင်နေရသော အဖြစ်အပျက်ကြီးကို တုန်လှုပ်နေကာ စကားပင် သေချာမပြောနိုင်ရှာပေ။

" မဟုတ်ဘူး ! ကျွန်တော်မဟုတ်ပါဘူးကောရယ် ယုံကြည်ပေးပါနော် "

Red Love Knots ( Uni & Zgyi )Where stories live. Discover now