"အား ......နာတယ် မမရဲ့ ဖြေးဖြေးရိုက်ပါ"
"နင် တစ်ခြား ကောင်မ ခေါ်တာကြ အမြီးနှံ့နှံ့လိုက်သွားပြီး အခုမှ နာတယ် အော်မနေနဲ့ ဒီနေ့ နင်နဲ့ ငါ အတွေ့ဘဲ"
"ရိုက်တာကရိုက်လို့ရပါတယ် ဒါပေမဲ့ နားနားပြီး ရိုက်ပါ ငယ် အသားနာတာက အကြောင်းမဟုတ်ဘူး မမ လက်ညောင်းမှာစိုးလို့ ပြောတာပါ"
သွားလေးပေါ်အောင် ပြုံးပြလိုက်ပြီး မနည်း မျက်နှာချိုသွေးလိုက်ရတယ်။
ဒါပေမဲ့လည်း မက ရိုက်တာ ရပ်သေးမှာမဟုတ်သေးဘူး အားကြီးကြီးနဲ့ကိုရိုက်အုန်းမှာ။
ရှိသမျှအားတွေ အကုန်စုပြီး အံ့ကြိတ်ခံနေရတယ် တစ်ဂယ်ပါ နာလွန်းလို့ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျတော့မယ်။
"ဖြန်း~~~~~~~~ဖြန်း~~~~~~~~ဖြန်း~~
~~~~~~ဖြန်း~~~~~~~~ဖြန်း~~~~~~~
~ဖြန်း~~~~~~~~ဖြန်း~~~~~~~~ဖြန်း"
"ဖြန်း~~~~~~~~ဖြန်း~~~~~~~~ဖြန်း~~
~~~~~~ဖြန်း~~~~~~~~ဖြန်း~~~~~~~
~ဖြန်း~~~~~~~~ဖြန်း~~~~~~~~ဖြန်း"
"တောက်"
ရိုက်ခံနေရရင်းနဲ့ကို အိပ်ငိုက်သွားတာ မရဲ့ တောက်ခေါက်သံကြားမှဘဲ လန့်နိုးသွားတော့တယ်။
'ငါတော့ ဒီနေ့မှမသေရင် ဘယ်နေ့မှမသေတော့ဘူး'
"တောင်းပန်ပါတယ် ငယ်တောင်းပန်ပါတယ် မနက်က အစောကြီးထထားတော့ အိပ်ငိုက်သွားတာပါ"
ဒီလောက် အသားနာအောင်လုပ်နေတာတောင် အိပ်ငိုက်ရဲတယ် ဘယ်လောက်ရိုက်ရိုက်ကို မျက်နှာကပြောင်နေပြီး အပိုးကိုမကျိုးတာ ဘယ်လိုဟာမလေးမှန်းမသိဘူး။
"နင်ကငါ့ကို မခန့်တာလာ ငါ့ကိုမကြောက်တာပေါ့"
"မဟုတ်ပါဘူး မမရဲ့ ငယ်တစ်ဂယ်ကြောက်ပါတယ် တစ်ဂယ်ကြီးကို ကြောက်ပါတယ် အခုဟာက ဘယ်လို အိပ်ပျော်သွားမှန်းကိုမသိလိုက်တာပါ တောင်းပန်ပါတယ်နော်"
"အခုချက်ချင်း ထိုင်ထ အခါ တစ်ရာလုပ်စမ်း"
"ဟာ..... မမ တစ်ရာ တောင်လား ငယ် အများကြီးညောင်းသွားမှာပေါ့လို့ အဲ့သလိုဆို"