Part 6-ကိုယ်ကမင်းအပိုင်။

8K 993 20
                                    

Unicode

ထိတ်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွားပြီး အီရန်က သူ့ခန္ဓာကိုယ်ထဲကအားအင်တွေအကုန်စုကာ ဟန်လုကိုတွန်းထုတ်လိုက်တယ်။
"မင်းရဲ့သောက်ဟာကြီးကိုထုတ်လို့ ငါပြောနေတယ်လေ!။" အီရန်ကအော်ပြောပြီး သူတို့နှစ်ယောက်ရဲ့ချိတ်ဆက်မှုကိုပြတ်တောက်အောင်လုပ်တယ်။

လန်လေးကို နှလုံးသားတစ်ခုလုံးရင်းပြီးချစ်ပေမဲ့ အိုမီဂါကနောက်တစ်ယောက်တော့ထပ်မလိုချင်ဘူး။ကိုယ်ဝန်ဆောင်ရတာက သူ့ကို ငရဲပြည်အလည်သွားရသလို ထိတ်လန့်စေတယ်။ကိုယ်ဝန်ထပ်ဆောင်ရမှာလောက် အီရန်ကြောက်ရွံ့တာ ဒီကမ္ဘာမှာမရှိတော့ဘူး။သက်ရှိတစ်ခုက သူ့ဗိုက်ထဲမှာကြီးထွားနေတယ်ဆိုတဲ့အသိက မေ့လဲလောက်အောင်ကို ကြောက်လန့်စေတယ်။

လန့်ကိုသူကိုယ်ဝန်ဆောင်ခဲ့တဲ့အချိန်က သူ့ဘဝရဲ့အခက်ခဲဆုံးနေ့တွေပဲ။အိပ်မက်ဆိုးတွေလည်းခဏခဏမက်ပြီး စိတ်လည်းဂနာမငြိမ်ဖြစ်ခဲ့ရတယ်။၉လလုံးလုံး သူဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာတွေးမိရင် အခုထိအံ့ဩမိနေတုန်းပဲ။ကလေးမွေးပြီးနောက် သားအိမ်ကိုတောင်ထုတ်ပစ်ဖို့ စဉ်းစားခဲ့သေးတယ်။ဒါပေမဲ့ ဆရာဝန်ကမလုပ်ဖို့အကြံပေးလို့ ဆုံးဖြတ်ချက်ပြောင်းလိုက်တာ။

စားပွဲပေါ်ကခုန်ဆင်းရင်း လဲကျတော့မလိုဖြစ်သွားတော့ ဟန်လုကအီရန့်ကိုထိန်းကိုင်ပေးရင်း စိုးရိမ်စွာပြောလာတယ်။
"ဟေး၊ဂရုစိုက်လေ။ကိုယ်စနေတာပါ။ထုတ်ပေးမလို့ပဲ။အဲ့လောက် ရန်လိုနေဖို့မလိုပါဘူး။" ဟန်လုကပြောတယ်။

"လူလိမ်!နောက်တစ်ကြိမ်ထပ်လုပ်ဖို့စဉ်းစားနေခဲ့တာမလား။" အီရန်က လိမ်ညာနေတဲ့ဟန်လုကို စိုက်ကြည့်လိုက်တယ်။

"ဟုတ်ပြီ!ဟုတ်ပြီ!ကိုယ်ထပ်လုပ်မလို့ပဲ..ဒါပေမဲ့..ဟေး ကိုယ်မင်းကိုသတိရနေခဲ့တာလေ။ပြီးတော့ မင်းကိုယ့်ကိုယုံလောက်မှာမဟုတ်ပေမဲ့..ကိုယ်တကယ်တခြားမိန်းမတွေနဲ့ပျော်ပါးနေခဲ့တာမဟုတ်ဘူး။၃လလုံးလုံးအလုပ်တွေနဲ့ပိနေခဲ့တာ။အဲ့ဒီ့အရည်တွေကတကယ်၃လစာနော်။ကိုယ်မင်းအတွက်သိမ်းထားပေးတာ။" ဟန်လုကနှုတ်ခမ်းစူစိတ်ကောက်သလိုပြောတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် အီရန်ရဲ့မျက်နှာကရဲတက်သွားတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]حيث تعيش القصص. اكتشف الآن